DVB Logo
Home
Lead Story
ရင်ဖွင့်စာ
DVB
·
September 15, 2019
ရင်ဖွင့်စာ
Donate to DVB

မိဘများက ဆရာငှားသင်နေရသည့် မြတောင်ရွာ

မူလွန်ကျောင်း အခမဲ့ ပညာရေး ဖြစ်နေချိန်မှာ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ မြစ်ကြီးနား၊ မန္တလေး ပြည်ထောင်စုလမ်းမကြီးဘေးရှိ၊ မြတောင်ရွာ မူလွန်ကျောင်းမှာ ကျောင်းသားများ ငွေပေးပြီး သင်နေကြရပါတယ်။ ဒီကျောင်းမှာ ကျောင်းသား ကျောင်းသူ ပေါင်း ၂၇၀ ခန့် ရှိပါတယ်။ ဆရာမက တယောက်တည်း ရှိပါတယ်။ အပြောင်းပါသွားတဲ့ ဆရာမ လစ်လပ် နှစ်နေရာ အစားလည်း ပြန်မရောက်သေးဘူး။ မိဘတွေက ဆရာနှစ်ယောက် ငှားသင်နေရပါတယ်။ လစ်လပ်ဆရာမ နေရာကို အပြောင်းအရွှေ့ လျှောက်ထားတဲ့ ဆရာမတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီနေရာကို ရောက်လာသူ မရှိပါဘူး။ စီမံမှုပဲ ညံ့ဖျင်းတာလား။ ငွေမပေးလို့ဘဲ ဆရာ အစားမချပေးတာလား။ သက်ဆိုင်ရာ လူကြီးမင်းများ သိစေလိုပါတယ်။
- အောင်ဇော်မင်း

ကွမ်းခြံကုန်း၊ စံပြရပ်ကွက်က စာသင်ကျောင်း မျက်နှာကြက်များ ပြုပြင်ပေးပါ

ကျနော်တို့ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ စံပြရပ်ကွက် ပညာရေးစာသင်ကျောင်းမှ မျက်နှာကြက်တွေဟာ ကွာကျပျက်စီးနေပါတယ်။ ကျောင်းဖွင့်ချိန် ကလေးများအပေါ် အချိန်မရွေး ပြုတ်ကျနိူင်ပါတယ်။ ထိခိုက်မှုများဖြစ်ပြီးမှ ပြုပြင်ပေးမဲ့အစား ကြိုတင်ပြင်ဆင် ပြုပြင်ပေး နိုင်ခွင့်ရှိရင် ပြုပြင်ပေးနိူင်ဖို့ ပညာရေးဝန်ကြီးဌာနနှင့် မြို့နယ်တာဝန်ရှိသူများ သိရှိ လာရောက်ကြည့်ရှုပြုပြင်ပေးနိုင်ရန် ဒီဗွီဘီကတဆင့် တင်ပြတောင်းဆို လိုက်ပါတယ်။
-အောင်ဝင်းလေး

ရေဘေးအလှူ ကိုယ်ကျိုးမဖြစ်စေဖို့ အသိပေးနှိုးဆော်

မွန်ပြည်နယ်အတွင်း ကျရောက်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်ဆိုးကြီးကို ထိခိုက်မှု နှင့် ကြုံ နေရတဲ့ပြည်သူများအတွက် အလွန်မှ စိတ်မကောင်းပါဘူး။ အခက်အခဲကို ရင်ဆိုင်ဖို့အတွက် ပြည်တွင်း ပြည်ပက အလှူရှင် အသီးသီးက သက်နိုင်သည့် လှူဖွယ်များကို လှူဒါန်းနေကြတာ သာဓု သာဓု အနုမောပါ၏။ တချို့သော နေရာဒေသမှာ ကျေးရွာ က အလှူခံရရှိထားသော ပစ္စည်း ဖွယ်များကို မိမိတို့အတွက် ဖယ်ရှားသိမ်းဆည်း ယူဆောင်နေတာကို တွေ့ရှိနေပါသဖြင့် နောက်ထပ် ဒီလိုအပြုမှုများ မရှိလာအောင် ဒီဗွီဘီကတဆင့် အလှူရှင်များကို အသိပေး နှိုးဆော်စေလိုပါသည်။ တိုက်ရိုက်အလှူ ပြည်သူရရှိစေလိုပါသည်။
- အောင်နိုင်မိုး

အိမ်ထောင်စုဇယား ၁ စောင်လဲလျှင် ၅၀၀၀ ကျပ် တောင်းယူခွင့်ရှိပါသလား

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒုန်းတောအုပ်စုအတွင်းမှ ကျေးရွာသုံးရွာတွင် ဆားလင်းကြီးမြို့နယ် လဝက အဖွဲ့နှင့် ဒုန်းတောအုပ်စု တာဝန်ရှိလူကြီးများသည် ကွင်းဆင်း၍ အိမ်ထောင်စုဇယားများ လဲလှယ်ပေးရာတွင် အိမ်ထောင်စု သုံးရာခန့်လောက် ရှိပါသည်။ အိမ်ထောင်စု တစုလျှင် ကျပ်ငွေ ၅၀၀၀ ပေးဆောင်ခဲ့ရပါသည်။ အမှန်တကယ် တောင်းယူခွင့်ရှိပါသလား။ စာရွက်တရွက်လျှင် ၅၀၀၀ ကျပ်တန်ပါသလား။ ပြည်သူလူထုကိုနှိပ်စက်သလိုများဖြစ်နေသလားလို့ပါ……
- သူရိန်နေမင်း

လှိုင်သာယာ ၇ ရပ်ကွက်ထဲ သောင်းကျန်းနေတဲ့ ခွေးများ ဖယ်ရှားပေးပါ

လှိုင်သာယာမှာ လမ်းပေါ်ကခွေးတွေ အရမ်းဆိုးနေပါတယ်။ အထူးသဖြင့် ကျနော်တို့ ၇ ရပ်ကွက်ထဲမှာပေါ့။ မနက်ပိုင်း ၄ နာရီလောက် ၅ နာရီလောက် စောစောထပြီး အပြေးအားကစားလုပ်ဖို့ကို ခွေးတွေက လမ်းပေါ်မှာ အုပ်စုဖွဲ့ပြီး ဆိုးနေတယ်လေ။ ဟောင်တာတို့ ကိုက်တာတို့ပေါ။ ဒါ့အပြင်ဗျာ ကျနော်တို့ မနက်စောစော အလုပ်သွား၊ ညဆို ၉ နာရီလောက် ကားမှတ်တိုင်ကနေ အိမ်ပြန်နေရတာ လမ်းပေါ်က ခွေးတွေကြောက်လို့ရှောင်ရတာကဗျာ။ ညဘက်ကို အလုပ်လုပ်နေကြတဲ့ သီရိမင်္ဂလာ နတ်စင်လမ်း ရွှေပိတောက်ငါးဈေး ကြည့်မြင့်တိုင် ငါးစျေး စသည့် နေရာများကို ကုန်ထမ်းသွားတဲ့ အခြေခံလူတန်းစားတွေ စျေးသည်တွေ ပဲပြုတ်သည်ကစလို့ပေါ့ဗျာ။ ကုန်စိမ်းသွားယူတဲ့စျေးသည်တွေ ငါးသွားယူတဲ့ စျေးသည်တွေအတွက် ညဘက် လူအများအိပ်ချိန်မှာ ဒီလမ်းပေါ်က ခွေးတွေက အမြဲဒုက္ခပေးနေကြပါတယ်။ ရှင်းလင်းပေးကြပါ။
- ရပ်ကွက်တွင်းနေသူတဦး

~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

မိဘမ်ားက ဆရာငွားသင္ေနရသည့္ ျမေတာင္႐ြာ

မူလြန္ေက်ာင္း အခမဲ့ ပညာေရး ျဖစ္ေနခ်ိန္မွာ ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕နယ္၊ ျမစ္ႀကီးနား၊ မႏၲေလး ျပည္ေထာင္စုလမ္းမႀကီးေဘးရွိ၊ ျမေတာင္႐ြာ မူလြန္ေက်ာင္းမွာ ေက်ာင္းသားမ်ား ေငြေပးၿပီး သင္ေနၾကရပါတယ္။ ဒီေက်ာင္းမွာ ေက်ာင္းသား ေက်ာင္းသူ ေပါင္း ၂၇၀ ခန႔္ ရွိပါတယ္။ ဆရာမက တေယာက္တည္း ရွိပါတယ္။ အေျပာင္းပါသြားတဲ့ ဆရာမ လစ္လပ္ ႏွစ္ေနရာ အစားလည္း ျပန္မေရာက္ေသးဘူး။ မိဘေတြက ဆရာႏွစ္ေယာက္ ငွားသင္ေနရပါတယ္။ လစ္လပ္ဆရာမ ေနရာကို အေျပာင္းအေ႐ႊ႕ ေလွ်ာက္ထားတဲ့ ဆရာမေတြလည္း ရွိပါတယ္။ ဒါေပမဲ့ ဒီေနရာကို ေရာက္လာသူ မရွိပါဘူး။ စီမံမႈပဲ ညံ့ဖ်င္းတာလား။ ေငြမေပးလို႔ဘဲ ဆရာ အစားမခ်ေပးတာလား။ သက္ဆိုင္ရာ လူႀကီးမင္းမ်ား သိေစလိုပါတယ္။
- ေအာင္ေဇာ္မင္း

ကြမ္းၿခံကုန္း၊ စံျပရပ္ကြက္က စာသင္ေက်ာင္း မ်က္ႏွာၾကက္မ်ား ျပဳျပင္ေပးပါ

က်ေနာ္တို႔ ရန္ကုန္တိုင္းေဒသႀကီး၊ ကြမ္းၿခံကုန္းၿမိဳ႕နယ္၊ စံျပရပ္ကြက္ ပညာေရးစာသင္ေက်ာင္းမွ မ်က္ႏွာၾကက္ေတြဟာ ကြာက်ပ်က္စီးေနပါတယ္။ ေက်ာင္းဖြင့္ခ်ိန္ ကေလးမ်ားအေပၚ အခ်ိန္မေ႐ြး ျပဳတ္က်ႏိူင္ပါတယ္။ ထိခိုက္မႈမ်ားျဖစ္ၿပီးမွ ျပဳျပင္ေပးမဲ့အစား ႀကိဳတင္ျပင္ဆင္ ျပဳျပင္ေပး ႏိုင္ခြင့္ရွိရင္ ျပဳျပင္ေပးႏိူင္ဖို႔ ပညာေရးဝန္ႀကီးဌာနႏွင့္ ၿမိဳ႕နယ္တာဝန္ရွိသူမ်ား သိရွိ လာေရာက္ၾကည့္ရႈျပဳျပင္ေပးႏိုင္ရန္ ဒီဗြီဘီကတဆင့္ တင္ျပေတာင္းဆို လိုက္ပါတယ္။
-ေအာင္ဝင္းေလး

ေရေဘးအလႉ ကိုယ္က်ိဳးမျဖစ္ေစဖို႔ အသိေပးႏႈိးေဆာ္

မြန္ျပည္နယ္အတြင္း က်ေရာက္ခဲ့တဲ့ သဘာဝေဘးအႏၲရာယ္ဆိုးႀကီးကို ထိခိုက္မႈ ႏွင့္ ႀကဳံ ေနရတဲ့ျပည္သူမ်ားအတြက္ အလြန္မွ စိတ္မေကာင္းပါဘူး။ အခက္အခဲကို ရင္ဆိုင္ဖို႔အတြက္ ျပည္တြင္း ျပည္ပက အလႉရွင္ အသီးသီးက သက္ႏိုင္သည့္ လႉဖြယ္မ်ားကို လႉဒါန္းေနၾကတာ သာဓု သာဓု အႏုေမာပါ၏။ တခ်ိဳ႕ေသာ ေနရာေဒသမွာ ေက်း႐ြာ က အလႉခံရရွိထားေသာ ပစၥည္း ဖြယ္မ်ားကို မိမိတို႔အတြက္ ဖယ္ရွားသိမ္းဆည္း ယူေဆာင္ေနတာကို ေတြ႕ရွိေနပါသျဖင့္ ေနာက္ထပ္ ဒီလိုအျပဳမႈမ်ား မရွိလာေအာင္ ဒီဗြီဘီကတဆင့္ အလႉရွင္မ်ားကို အသိေပး ႏႈိးေဆာ္ေစလိုပါသည္။ တိုက္႐ိုက္အလႉ ျပည္သူရရွိေစလိုပါသည္။
- ေအာင္ႏိုင္မိုး

အိမ္ေထာင္စုဇယား ၁ ေစာင္လဲလွ်င္ ၅၀၀၀ က်ပ္ ေတာင္းယူခြင့္ရွိပါသလား

စစ္ကိုင္းတိုင္း ဆားလင္းႀကီးၿမိဳ႕နယ္ ဒုန္းေတာအုပ္စုအတြင္းမွ ေက်း႐ြာသုံး႐ြာတြင္ ဆားလင္းႀကီးၿမိဳ႕နယ္ လဝက အဖြဲ႕ႏွင့္ ဒုန္းေတာအုပ္စု တာဝန္ရွိလူႀကီးမ်ားသည္ ကြင္းဆင္း၍ အိမ္ေထာင္စုဇယားမ်ား လဲလွယ္ေပးရာတြင္ အိမ္ေထာင္စု သုံးရာခန႔္ေလာက္ ရွိပါသည္။ အိမ္ေထာင္စု တစုလွ်င္ က်ပ္ေငြ ၅၀၀၀ ေပးေဆာင္ခဲ့ရပါသည္။ အမွန္တကယ္ ေတာင္းယူခြင့္ရွိပါသလား။ စာ႐ြက္တ႐ြက္လွ်င္ ၅၀၀၀ က်ပ္တန္ပါသလား။ ျပည္သူလူထုကိုႏွိပ္စက္သလိုမ်ားျဖစ္ေနသလားလို႔ပါ……
- သူရိန္ေနမင္း

လႈိင္သာယာ ၇ ရပ္ကြက္ထဲ ေသာင္းက်န္းေနတဲ့ ေခြးမ်ား ဖယ္ရွားေပးပါ

လႈိင္သာယာမွာ လမ္းေပၚကေခြးေတြ အရမ္းဆိုးေနပါတယ္။ အထူးသျဖင့္ က်ေနာ္တို႔ ၇ ရပ္ကြက္ထဲမွာေပါ့။ မနက္ပိုင္း ၄ နာရီေလာက္ ၅ နာရီေလာက္ ေစာေစာထၿပီး အေျပးအားကစားလုပ္ဖို႔ကို ေခြးေတြက လမ္းေပၚမွာ အုပ္စုဖြဲ႕ၿပီး ဆိုးေနတယ္ေလ။ ေဟာင္တာတို႔ ကိုက္တာတို႔ေပါ။ ဒါ့အျပင္ဗ်ာ က်ေနာ္တို႔ မနက္ေစာေစာ အလုပ္သြား၊ ညဆို ၉ နာရီေလာက္ ကားမွတ္တိုင္ကေန အိမ္ျပန္ေနရတာ လမ္းေပၚက ေခြးေတြေၾကာက္လို႔ေရွာင္ရတာကဗ်ာ။ ညဘက္ကို အလုပ္လုပ္ေနၾကတဲ့ သီရိမဂၤလာ နတ္စင္လမ္း ေ႐ႊပိေတာက္ငါးေဈး ၾကည့္ျမင့္တိုင္ ငါးေစ်း စသည့္ ေနရာမ်ားကို ကုန္ထမ္းသြားတဲ့ အေျခခံလူတန္းစားေတြ ေစ်းသည္ေတြ ပဲျပဳတ္သည္ကစလို႔ေပါ့ဗ်ာ။ ကုန္စိမ္းသြားယူတဲ့ေစ်းသည္ေတြ ငါးသြားယူတဲ့ ေစ်းသည္ေတြအတြက္ ညဘက္ လူအမ်ားအိပ္ခ်ိန္မွာ ဒီလမ္းေပၚက ေခြးေတြက အၿမဲဒုကၡေပးေနၾကပါတယ္။ ရွင္းလင္းေပးၾကပါ။
- ရပ္ကြက္တြင္းေနသူတဦး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013