DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာ ဖောင်တော်ဦးဘုရားပွဲ မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲ ပြိုင်ပွဲဝင် ပိုများလာ
DVB
·
September 15, 2019
မိတ္ထီလာ ဖောင်တော်ဦးဘုရားပွဲ မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲ ပြိုင်ပွဲဝင် ပိုများလာ
1 / 5
Donate to DVB

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ ၁၃၆ ကြိမ်မြောက် ဖောင်တော်ဦးဘုရားပွဲမှာ ကျင်းပတဲ့ မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲမှာ ပြိုင်ပွဲဝင် လှေအသင်းတွေ ပြီးခဲ့တဲ့နှစ်တွေထက် ပိုများလာတာကြောင့် လှေပြိုင်ပွဲရက် တရက် တိုးခဲ့ရတယ်လို့ လှေပြိုင်ပွဲ ကျင်းပရေး ကော်မတီက ပြောပါတယ်။

မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲကော်မတီဝင် ဦးမြင့်ဆန်းက “ယခင်နှစ်တွေက အကြီးတန်းရော အငယ်တန်းရော ၂ ခုလုံး ပေါင်းမှ ပြိုင်ပွဲဝင်လှေအသင်း ၂၀ လောက်ပဲ ရှိတယ်။ ဒီနှစ်မှာ ၂၈ သင်း ဝင်ပြိုင်ကြတယ်၊ ပြိုင်ပွဲဝင် အသင်းတွေ များလာတော့ ယခင်နှစ်တွေက လပြည့်နေ့ဆို ဆုပေးတယ်၊ ဒီနှစ်က လပြည့်ကျော် တရက်နေ့မှ ဆုပေးနိုင်တယ်။ လှေအသင်းတွေ များနေတော့ လှေပြိုင်ပွဲ တရက်တိုးပြီး လုပ်လိုက်ရတယ်။ လှေ ၁ စင်းမှာ လှေလှော်သား ၆ ယောက်၊ တက် ၆ တက်နဲ့ ပြိုင်ကြတယ်။ ၃ ယောက် ၅ ယောက် ဆိုတဲ့ လှေလှော်သား မ ဂဏန်း ပြိုင်တာကို ကန်က မကြိုက်ဘူး၊ အဲဒါကြောင့် စုံဂဏန်း ၆ ယောက်ပဲ လှေလှော်ပြိုင်ပွဲ လုပ်ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲမှာ ကော်မတီက ပေးတဲ့ ဖိုင်ဘာလှေနဲ့ လှော်တက်ကိုသာ အသုံးပြုပြီး ယှဉ်ပြိုင်ရပါတယ်။

အကြီးတန်းလှေအသင်း ၆ သင်း ပတ်လည်ပြိုင်ကြပြီး ပထမဆု (၅ သိန်း) ကို လူခင်းကြီး လှေအသင်း၊ ဒုတိယဆု (၃ သိန်း) ကို ဇာတိသွေး လှေအသင်း၊ တတိယဆု (၂ သိန်း) ကိုတော့ ဝါးတန်းအောင်ခန့် လှေအသင်းက ရရှိခဲ့ပါတယ်။

လှေပြိုင်ပွဲ အငယ်တန်းအဆင့်မှာ ပြိုင်ပွဲဝင်လှေအသင်း ၂၂ သင်းရှိပြီး ပထမဆု (၃ သိန်း) ကို စတားမောင်မောင် လှေအသင်း၊ ဒုတိယဆု (၂ သိန်း) ကို ဇာတိသွေး(ခ)အသင်း၊ တတိယဆု (၁ သိန်း) ကို ဇာတိမာန် လှေအသင်းက ရရှိခဲ့ပါတယ်။

လှေပြိုင်ပွဲကို အရင်နှစ်တွေတုန်းက ၅ ရက်ပဲ လုပ်ခဲ့ရပေမယ့် ဒီနှစ်မှာတော့ ပြိုင်ပွဲဝင် လှေအသင်းတွေ များနေတာကြောင့် စက်တင်ဘာ ၉ ရက်ကနေ ၁၄ ရက်နေ့အထိ ပြိုင်ပွဲ ၆ ရက် ကျင်းပခဲ့ရပါတယ်။

မောင်မောင်လင်း

~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

မိတၳီလာ ေဖာင္ေတာ္ဦးဘုရားပြဲ ျမန္မာ့႐ိုးရာ ေလာင္းေလွၿပိဳင္ပြဲ ၿပိဳင္ပြဲဝင္ ပိုမ်ားလာ

မႏၲေလးတိုင္း၊ မိတၳီလာၿမိဳ႕ ၁၃၆ ႀကိမ္ေျမာက္ ေဖာင္ေတာ္ဦးဘုရားပြဲမွာ က်င္းပတဲ့ ျမန္မာ့႐ိုးရာ ေလာင္းေလွၿပိဳင္ပြဲမွာ ၿပိဳင္ပြဲဝင္ ေလွအသင္းေတြ ၿပီးခဲ့တဲ့ႏွစ္ေတြထက္ ပိုမ်ားလာတာေၾကာင့္ ေလွၿပိဳင္ပြဲရက္ တရက္ တိုးခဲ့ရတယ္လို႔ ေလွၿပိဳင္ပြဲ က်င္းပေရး ေကာ္မတီက ေျပာပါတယ္။

ျမန္မာ့႐ိုးရာ ေလာင္းေလွၿပိဳင္ပြဲေကာ္မတီဝင္ ဦးျမင့္ဆန္းက “ယခင္ႏွစ္ေတြက အႀကီးတန္းေရာ အငယ္တန္းေရာ ၂ ခုလုံး ေပါင္းမွ ၿပိဳင္ပြဲဝင္ေလွအသင္း ၂၀ ေလာက္ပဲ ရွိတယ္။ ဒီႏွစ္မွာ ၂၈ သင္း ဝင္ၿပိဳင္ၾကတယ္၊ ၿပိဳင္ပြဲဝင္ အသင္းေတြ မ်ားလာေတာ့ ယခင္ႏွစ္ေတြက လျပည့္ေန႔ဆို ဆုေပးတယ္၊ ဒီႏွစ္က လျပည့္ေက်ာ္ တရက္ေန႔မွ ဆုေပးႏိုင္တယ္။ ေလွအသင္းေတြ မ်ားေနေတာ့ ေလွၿပိဳင္ပြဲ တရက္တိုးၿပီး လုပ္လိုက္ရတယ္။ ေလွ ၁ စင္းမွာ ေလွေလွာ္သား ၆ ေယာက္၊ တက္ ၆ တက္နဲ႔ ၿပိဳင္ၾကတယ္။ ၃ ေယာက္ ၅ ေယာက္ ဆိုတဲ့ ေလွေလွာ္သား မ ဂဏန္း ၿပိဳင္တာကို ကန္က မႀကိဳက္ဘူး၊ အဲဒါေၾကာင့္ စုံဂဏန္း ၆ ေယာက္ပဲ ေလွေလွာ္ၿပိဳင္ပြဲ လုပ္ရတယ္” လို႔ ဒီဗြီဘီကို ေျပာပါတယ္။

ျမန္မာ့႐ိုးရာ ေလာင္းေလွၿပိဳင္ပြဲမွာ ေကာ္မတီက ေပးတဲ့ ဖိုင္ဘာေလွနဲ႔ ေလွာ္တက္ကိုသာ အသုံးျပဳၿပီး ယွဥ္ၿပိဳင္ရပါတယ္။

အႀကီးတန္းေလွအသင္း ၆ သင္း ပတ္လည္ၿပိဳင္ၾကၿပီး ပထမဆု (၅ သိန္း) ကို လူခင္းႀကီး ေလွအသင္း၊ ဒုတိယဆု (၃ သိန္း) ကို ဇာတိေသြး ေလွအသင္း၊ တတိယဆု (၂ သိန္း) ကိုေတာ့ ဝါးတန္းေအာင္ခန႔္ ေလွအသင္းက ရရွိခဲ့ပါတယ္။

ေလွၿပိဳင္ပြဲ အငယ္တန္းအဆင့္မွာ ၿပိဳင္ပြဲဝင္ေလွအသင္း ၂၂ သင္းရွိၿပီး ပထမဆု (၃ သိန္း) ကို စတားေမာင္ေမာင္ ေလွအသင္း၊ ဒုတိယဆု (၂ သိန္း) ကို ဇာတိေသြး(ခ)အသင္း၊ တတိယဆု (၁ သိန္း) ကို ဇာတိမာန္ ေလွအသင္းက ရရွိခဲ့ပါတယ္။

ေလွၿပိဳင္ပြဲကို အရင္ႏွစ္ေတြတုန္းက ၅ ရက္ပဲ လုပ္ခဲ့ရေပမယ့္ ဒီႏွစ္မွာေတာ့ ၿပိဳင္ပြဲဝင္ ေလွအသင္းေတြ မ်ားေနတာေၾကာင့္ စက္တင္ဘာ ၉ ရက္ကေန ၁၄ ရက္ေန႔အထိ ၿပိဳင္ပြဲ ၆ ရက္ က်င္းပခဲ့ရပါတယ္။

ေမာင္ေမာင္လင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013