DVB Logo
Home
မြန်မာသတင်း
သထုံမြို့နယ်က ကျူးကျော်အချို့ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အသနားခံစာတင်ပြမည်
DVB
·
September 14, 2019
သထုံမြို့နယ်က ကျူးကျော်အချို့ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အသနားခံစာတင်ပြမည်
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ် နောင်ဘိုကျေးရွာက လမ်းဘေးကျူးကျော် နေထိုင်တဲ့ အိမ်ထောင်စု ၁၃ စုကို တာဝန်ရှိသူတွေက စက်တင်ဘာ ၂၀ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ နို့တစ်စာပေးပို့တာကြောင့် သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံထံ အသနားခံစာတင်ပြသွားမယ်လို့ သိရပါတယ်။

နောင်ဘိုကျေးရွာအတွင်းရှိ နောင်ဘိုဘူတာလမ်းဘေးဝဲရာမှာ လွန်ခဲ့သောနှစ် ၂၀ ကျော်ကတည်းက ခြံမြေကွက် ၄၀ ကျော်ကို ကျေးရွာဥက္ကဋ္ဌနဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေက အကွက်ရိုက်ရောင်းချပေးခဲ့တာပါ။

အဲဒီခြံမြေတွေအတွင်း နေထိုင်သူတွေကို နို့တစ်စာပေးပို့ ဖယ်ရှားခိုင်းနေတာကြောင့် နိုင်ငံတော်အတိုင်ပင်ခံတို့ထံ အသနားခံစာ တင်ပြသွားမယ်လို့ လက်ရှိနေထိုင်နေတဲ့ ဒေါ်နန်းမြင့်မြင့်စန်းက ပြောပါတယ်။

“ကျမတို့ကတော့ ဆက်ပြီးရင်ဆိုင်သွားမှာပါ။ ဒီမှာတော့ ဖယ်ပေးဖို့မရဘူး ဘာဖြစ်လို့လဲ ဆိုတော့ ရာဘာခြံသမားတွေက မျက်နှာစာလိုချင်လို့ လုပ်တာပဲ။ ဒီမှာပဲ အသေခံပြီး နေရမှာပါ။ ဒါနဲ့ပတ်သက်ပြီးတော့လည်း နိုင်ငံတော်အတိုင်ပင်ခံအထိ အသနားခံ ဆက်လက်တင်ပြသွားမှာပါ။”

နောင်ဘိုကျေးရွာက လမ်းဘေးကျူးကျော် နေထိုင်တဲ့သူတွေ နစ်နာမှုမရှိစေဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်နဲ့ အခြားမြေကွက်သစ်တွေကို အခမဲ့စီစဉ်ပေးခဲ့ပြီး အချို့က ပြောင်းရွှေ့သွားခဲ့ပေမယ့် အိမ်ထောင်စု ၁၂ စုမှာ မပြောင်းရွှေ့သေးတာကြောင့် အခုလို နို့တစ်စာ ပေးပို့တာလို့ သထုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ ၁၂ ဦးက မြေကွက်ပေးတာကိုလည်း မယူဘူး။ ဒီနေရာကလည်း မထွက်ခွာမပေးဘူးပေါ့နော်၊ အဲ့ဒါကြောင့် အစိုးရအဖွဲ့လမ်းညွှန်ချက်နဲ့အညီ ဥပဒေ အကြံပြုချက်တွေအရ ၁၈၈ နဲ့ ဒုတိယအကြိမ်တရားစွဲဆိုနိုင်ရေးကို နို့တစ်ပေးနေခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကွန်ကရစ်လမ်း၊ လမ်းမီးတိုင်တွေနဲ့ အိမ်သုံးမီတာတွေ တပ်ဆင်ကာ အခိုင်အမာဆောက်လုပ်နေထိုင်ပြီး အခုလို ဖယ်ရှားတာတွေ၊ တရားစွဲတာတွေ ပြုလုပ်နေတာကို ဘယ်လိုမှ နားမလည်နိုင်ကြောင်း ဖယ်ရှားခိုင်းခံရတဲ့ မခင်မိုးရှိန်က အခုလိုပြောပါတယ်။

“ကျမတို့အနေနဲ့ သူများခြံထဲနေခဲ့ရတာပါ။ စုဆောင်းထားတာလေးတွေနဲ့ အခုမှ အိမ်ပိုင်ခြံပိုင်လေး ဝယ်ယူနေရတဲ့အပါ။ ကျမတို့က ဖယ်ပေးဖို့ဆိုတာလည်း အားလုံးက အခိုင်အမာ ဆောက်ထားကြတာတွေဆိုတော့ အားလုံးပျက်စီးကုန်မှာလေ၊ ကျမတို့ အိမ်တွေပျက်ဆီးတာကလည်း ကျမတို့ဘဝတွေ ပျက်စီးတာနဲ့အတူတူပေါ့။”

နောင်ဘိုဘူတာလမ်းအတွင်း ကျူးကျော်နေထိုင်သူတွေကို စက်တင်ဘာ ၂၀ ရက်နေ့ နောက်ဆုံးဖယ်ရှားပေးဖို့ တတိယအကြိမ်မြောက်နို့တစ်စာကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အကြောင်းကြားထားတာပါ။

ဝဏ္ဏထွန်း

~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

သထုံၿမိဳ႕နယ္က က်ဴးေက်ာ္အခ်ိဳ႕ အတိုင္ပင္ခံပုဂၢိဳလ္ထံ အသနားခံစာတင္ျပမည္

မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္ ေနာင္ဘိုေက်း႐ြာက လမ္းေဘးက်ဴးေက်ာ္ ေနထိုင္တဲ့ အိမ္ေထာင္စု ၁၃ စုကို တာဝန္ရွိသူေတြက စက္တင္ဘာ ၂၀ ရက္ေန႔ ေနာက္ဆုံးထား ဖယ္ရွားေပးဖို႔ ႏို႔တစ္စာေပးပို႔တာေၾကာင့္ သမၼတနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံထံ အသနားခံစာတင္ျပသြားမယ္လို႔ သိရပါတယ္။

ေနာင္ဘိုေက်း႐ြာအတြင္းရွိ ေနာင္ဘိုဘူတာလမ္းေဘးဝဲရာမွာ လြန္ခဲ့ေသာႏွစ္ ၂၀ ေက်ာ္ကတည္းက ၿခံေျမကြက္ ၄၀ ေက်ာ္ကို ေက်း႐ြာဥကၠ႒နဲ႔ ျပည္သူ႔စစ္ေခါင္းေဆာင္ေတြက အကြက္႐ိုက္ေရာင္းခ်ေပးခဲ့တာပါ။

အဲဒီၿခံေျမေတြအတြင္း ေနထိုင္သူေတြကို ႏို႔တစ္စာေပးပို႔ ဖယ္ရွားခိုင္းေနတာေၾကာင့္ ႏိုင္ငံေတာ္အတိုင္ပင္ခံတို႔ထံ အသနားခံစာ တင္ျပသြားမယ္လို႔ လက္ရွိေနထိုင္ေနတဲ့ ေဒၚနန္းျမင့္ျမင့္စန္းက ေျပာပါတယ္။

“က်မတို႔ကေတာ့ ဆက္ၿပီးရင္ဆိုင္သြားမွာပါ။ ဒီမွာေတာ့ ဖယ္ေပးဖို႔မရဘူး ဘာျဖစ္လို႔လဲ ဆိုေတာ့ ရာဘာၿခံသမားေတြက မ်က္ႏွာစာလိုခ်င္လို႔ လုပ္တာပဲ။ ဒီမွာပဲ အေသခံၿပီး ေနရမွာပါ။ ဒါနဲ႔ပတ္သက္ၿပီးေတာ့လည္း ႏိုင္ငံေတာ္အတိုင္ပင္ခံအထိ အသနားခံ ဆက္လက္တင္ျပသြားမွာပါ။”

ေနာင္ဘိုေက်း႐ြာက လမ္းေဘးက်ဴးေက်ာ္ ေနထိုင္တဲ့သူေတြ နစ္နာမႈမရွိေစဖို႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ အစီအစဥ္နဲ႔ အျခားေျမကြက္သစ္ေတြကို အခမဲ့စီစဥ္ေပးခဲ့ၿပီး အခ်ိဳ႕က ေျပာင္းေ႐ႊ႕သြားခဲ့ေပမယ့္ အိမ္ေထာင္စု ၁၂ စုမွာ မေျပာင္းေ႐ႊ႕ေသးတာေၾကာင့္ အခုလို ႏို႔တစ္စာ ေပးပို႔တာလို႔ သထုံၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးသိန္းဝင္းက ဒီဗြီဘီကို ေျပာပါတယ္။

“သူတို႔ ၁၂ ဦးက ေျမကြက္ေပးတာကိုလည္း မယူဘူး။ ဒီေနရာကလည္း မထြက္ခြာမေပးဘူးေပါ့ေနာ္၊ အဲ့ဒါေၾကာင့္ အစိုးရအဖြဲ႕လမ္းၫႊန္ခ်က္နဲ႔အညီ ဥပေဒ အႀကံျပဳခ်က္ေတြအရ ၁၈၈ နဲ႔ ဒုတိယအႀကိမ္တရားစြဲဆိုႏိုင္ေရးကို ႏို႔တစ္ေပးေနျခင္းျဖစ္ပါတယ္” လို႔ ေျပာပါတယ္။

ကြန္ကရစ္လမ္း၊ လမ္းမီးတိုင္ေတြနဲ႔ အိမ္သုံးမီတာေတြ တပ္ဆင္ကာ အခိုင္အမာေဆာက္လုပ္ေနထိုင္ၿပီး အခုလို ဖယ္ရွားတာေတြ၊ တရားစြဲတာေတြ ျပဳလုပ္ေနတာကို ဘယ္လိုမွ နားမလည္ႏိုင္ေၾကာင္း ဖယ္ရွားခိုင္းခံရတဲ့ မခင္မိုးရွိန္က အခုလိုေျပာပါတယ္။

“က်မတို႔အေနနဲ႔ သူမ်ားၿခံထဲေနခဲ့ရတာပါ။ စုေဆာင္းထားတာေလးေတြနဲ႔ အခုမွ အိမ္ပိုင္ၿခံပိုင္ေလး ဝယ္ယူေနရတဲ့အပါ။ က်မတို႔က ဖယ္ေပးဖို႔ဆိုတာလည္း အားလုံးက အခိုင္အမာ ေဆာက္ထားၾကတာေတြဆိုေတာ့ အားလုံးပ်က္စီးကုန္မွာေလ၊ က်မတို႔ အိမ္ေတြပ်က္ဆီးတာကလည္း က်မတို႔ဘဝေတြ ပ်က္စီးတာနဲ႔အတူတူေပါ့။”

ေနာင္ဘိုဘူတာလမ္းအတြင္း က်ဴးေက်ာ္ေနထိုင္သူေတြကို စက္တင္ဘာ ၂၀ ရက္ေန႔ ေနာက္ဆုံးဖယ္ရွားေပးဖို႔ တတိယအႀကိမ္ေျမာက္ႏို႔တစ္စာကို အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက အေၾကာင္းၾကားထားတာပါ။

ဝဏၰထြန္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013