DVB Logo
Home
မြန်မာသတင်း
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ကျိုင်းတုံဆွေးနွေးပွဲတက်မည်
DVB
·
September 12, 2019
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ကျိုင်းတုံဆွေးနွေးပွဲတက်မည်
Donate to DVB

အစိုးရငြိမ်းချမ်းရေးကော်မရှင်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ကို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားထားတာကို မြောက်ပိုင်းအမဟာမိတ်အဖွဲ့တွေက လက်ခံလိုက်ပြီး တွေ့ဆုံဖို့ သဘောတူလိုက်တယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန်အောင်က ပြောပါတယ်။ 

“ဟုတ်ကဲ့တက်မယ်ဆိုတဲ့သဘော။ ၁၆ - ၁၇ ဖြစ်မယ်။ ကျနော်တို့အဖွဲ့လည်း မနက်ဖြန်တဘက်ခါဆိုရင်သွားရတော့မယ်။ ကေအိုင်အေဘက်ကတော့ သူတို့ တပ်ဘက်အရပ်ဘက် အကုန်အစုံလာမယ်လို့တော့သိတယ်။”

ဒီဆွေးနွေးပွဲကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ဘက်က ဘယ်သူတွေတက်မယ်ဆိုတာကိုတော့ အတိအကျမသိရသေးကြောင်းနဲ့ ဆွေးနွေးပွဲမှာ တပ်မတော် ကိုယ်စားလှယ်တွေ ပါဝင်လာမယ်လို့ သိရကြောင်းလည်း ပြောပါတယ်။ 

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ကို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့  ရှမ်းပြည်နယ် ကျိုင်းတုံမြို့ကိုဆိုပြုပြီး စက်တင်ဘာလ ၉ ရက်နေ့က ဖိတ်ကြားခဲ့ပါတယ်။

ဒါ့အပြင် ခရီးစဉ်အရ မိုင်းလား-ကျိုင်းတုံ ယာဉ်တန်းလုံခြုံရေး၊ လမ်းကြောင်းလုံခြုံရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို အပြည့်အ၀ တာဝန်ယူကြောင်း ဖိတ်ကြားစာမှာ ရေးသားခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ဩဂုတ်လ ၃၁ ရက်နေ့တုန်းက ကျိုင်းတုံမြို့မှာ တွေ့ဆုံအပြီး တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ရေးအတွက် တပ်မတော်ကိုယ်စားလှယ်တွေနဲ့ ဆက်လက် တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။

နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးပြီးတဲ့နောက်မှာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) နဲ့ပတ်သက်ပြီးတော့ ဆက်လက် ညှိနှိုင်းသွားဖို့လည်း သဘောတူခဲ့ကြသလို နိုင်ငံထဲမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်နိုင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆန္ဒ အပြည့်အဝနဲ့ နှစ်ဖက်စလုံးက ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ ပူးပေါင်းထုတ်ပြန်ထားပါတယ်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ကတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)၊ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ ရခိုင့်တပ်မတော် (AA) အဖွဲ့တို့ ပါဝင်ပါတယ်။

========================================

ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႕ က်ိဳင္းတုံေဆြးေႏြးပြဲတက္မည္

DVB

အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္က ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ ၄ ဖြဲ႕ကို ၿငိမ္းခ်မ္းေရးအတြက္ ေတြ႕ဆုံေဆြးေႏြးဖို႔ ဖိတ္ၾကားထားတာကို ေျမာက္ပိုင္းအမဟာမိတ္အဖြဲ႕ေတြက လက္ခံလိုက္ၿပီး ေတြ႕ဆုံဖို႔ သေဘာတူလိုက္တယ္လို႔ ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေတာ္ေဆာင္ ဦးဆန္ေအာင္က ေျပာပါတယ္။

“ဟုတ္ကဲ့တက္မယ္ဆိုတဲ့သေဘာ။ ၁၆ - ၁၇ ျဖစ္မယ္။ က်ေနာ္တို႔အဖြဲ႕လည္း မနက္ျဖန္တဘက္ခါဆိုရင္သြားရေတာ့မယ္။ ေကအိုင္ေအဘက္ကေတာ့ သူတို႔ တပ္ဘက္အရပ္ဘက္ အကုန္အစုံလာမယ္လို႔ေတာ့သိတယ္။”

ဒီေဆြးေႏြးပြဲကို ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ဘက္က ဘယ္သူေတြတက္မယ္ဆိုတာကိုေတာ့ အတိအက်မသိရေသးေၾကာင္းနဲ႔ ေဆြးေႏြးပြဲမွာ တပ္မေတာ္ ကိုယ္စားလွယ္ေတြ ပါဝင္လာမယ္လို႔ သိရေၾကာင္းလည္း ေျပာပါတယ္။

အစိုးရရဲ႕ ၿငိမ္းခ်မ္းေရးေကာ္မရွင္က ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ ၄ ဖြဲ႕ကို ၿငိမ္းခ်မ္းေရးအတြက္ ေတြ႕ဆုံေဆြးေႏြးဖို႔  ရွမ္းျပည္နယ္ က်ိဳင္းတုံၿမိဳ႕ကိုဆိုျပဳၿပီး စက္တင္ဘာလ ၉ ရက္ေန႔က ဖိတ္ၾကားခဲ့ပါတယ္။

ဒါ့အျပင္ ခရီးစဥ္အရ မိုင္းလား-က်ိဳင္းတုံ ယာဥ္တန္းလုံၿခဳံေရး၊ လမ္းေၾကာင္းလုံၿခဳံေရးနဲ႔ လုံၿခဳံေရးဆိုင္ရာ ကိစၥေတြကို အျပည့္အ၀ တာဝန္ယူေၾကာင္း ဖိတ္ၾကားစာမွာ ေရးသားခဲ့ပါတယ္။

ေျမာက္ပိုင္းမဟာမိတ္တပ္ေတြနဲ႔ အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္တို႔ ဩဂုတ္လ ၃၁ ရက္ေန႔တုန္းက က်ိဳင္းတုံၿမိဳ႕မွာ ေတြ႕ဆုံအၿပီး တိုက္ပြဲေတြ အျမန္ဆုံး ရပ္တန႔္ေရးအတြက္ တပ္မေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဆက္လက္ ေတြ႕ဆုံေဆြးေႏြးဖို႔ သေဘာတူခဲ့ၾကပါတယ္။

ႏွစ္ဖက္ အပစ္အခတ္ရပ္စဲေရး သေဘာတူ လက္မွတ္ထိုးၿပီးတဲ့ေနာက္မွာ တႏိုင္ငံလုံး ပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (အန္စီေအ) နဲ႔ပတ္သက္ၿပီးေတာ့ ဆက္လက္ ညႇိႏႈိင္းသြားဖို႔လည္း သေဘာတူခဲ့ၾကသလို ႏိုင္ငံထဲမွာ ျဖစ္ေနတဲ့ တိုက္ပြဲေတြ အျမန္ဆုံး ရပ္တန႔္ႏိုင္ေရး၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးအတြက္ ႏိုင္ငံေရးဆႏၵ အျပည့္အဝနဲ႔ ႏွစ္ဖက္စလုံးက ဆက္ၿပီး ႀကိဳးပမ္းသြားမယ္လို႔ ပူးေပါင္းထုတ္ျပန္ထားပါတယ္။

ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႕ကေတာ့ ကခ်င္လြတ္ေျမာက္ေရးအဖြဲ႕ (KIO/KIA)၊ တအာင္းလြတ္ေျမာက္ေရးတပ္မေတာ္ (TNLA)၊ ကိုးကန႔္တပ္မေတာ္ (MNDAA) နဲ႔ ရခိုင့္တပ္မေတာ္ (AA) အဖြဲ႕တို႔ ပါဝင္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013