DVB Logo
Home
မြန်မာသတင်း
သံသယတရားခံ အောင်ကြီးကို မသိကြောင်း ဗစ်တိုးရီးယား ထွက်ဆို
DVB
·
September 11, 2019
သံသယတရားခံ အောင်ကြီးကို မသိကြောင်း ဗစ်တိုးရီးယား ထွက်ဆို
Donate to DVB

နေပြည်တော်က ပုဂ္ဂလိက မူကြိုကျောင်းမှာ လိင်ပိုင်း မဖွယ်မရာ လုပ်ခံခဲ့ရတဲ့ ဗစ်တိုးရီးယားကို ဒီနေ့ ပထမဆုံးအကြိမ် တရားရုံးမှာ စစ်ဆေးခဲ့ပြီး စွပ်စွဲခံထားရတဲ့ တရားခံ ကိုအောင်ကြီးကို မသိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။

အစပိုင်းကတော့ တရားခွင်ထဲကို ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကိုယ်စားလှယ်ဖြစ်သူ ရှေ့နေတွေနဲ့ ဖခင်ကို ဝင်ခွင့်ပေးခဲ့ပါတယ်။

တရားလို ဒေါ်ရွက်နုအောင်က “စီစီတီဗွီမှတ်တမ်းမှာပါတဲ့ ကိုအောင်ကြီး ထွက်သွားတဲ့ပုံကို ပြပြီး မေးတော့ သမီးလေးက ဒါကို မသိဘူးဆိုပြီး ပြောတယ်။ သူ့ရဲ့ ဖင်ဖုကို ဆွဲဆိတ်တဲ့သူတွေဟာ ဘယ်သူတွေပါ ဆိုပြီး ဆွဲထုတ်ပြတယ်။ တခုချင်းကို ပြတယ်။ ပြပြီးတော့ အဲဒီမှာပဲ မကျေနပ်ဘူးဆိုပြီးတော့ ဓာတ်ပုံကို ခြေထောက်တွေနဲ့ ပေါက်ပြီးတော့ စိတ်ဆိုးတဲ့ပုံပြပါတယ်။ ကိုကိုအငယ်က ရင်ဘတ်ကိုထုပြီး ကိုကိုအကြီးက သူ့ဖင်ဖုကို ဆိတ်တယ်လို့ ပြောတယ်” လို့ ပြောပါတယ်။

နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ ဗွီဒီယိုကွန်ဖရင့်ဆင်းစနစ်နဲ့ စစ်ဆေးခဲ့တာပါ။ သီးသန့်အခန်းတခုထဲကို တရားခွင်ကနေ ဗွီဒီယိုနဲ့ လှမ်းပြီး ကြည့်ရှုမေးမြန်းတာ ဖြစ်ပါတယ်။ အဲဒီအခန်းထဲမှာ ဗစ်တိုးရီးယား၊ သူ့အဒေါ်၊ နောက်ထပ် မိန်းကလေးငယ်တယောက်နဲ့ တရားရုံးက အရာရှိ အမျိုးသမီးတယောက်ရှိနေပြီး တရားခွင်ထဲက မေးမြန်းတာကို တရားရုံး အရာရှိ အမျိုးသမီးက ဗစ်တိုးရီးယားကို ပြန်မေးပေးခဲ့တာပါ။

ရှေ့နေ ဒေါ်ရွက်နုအောင်က “ကလေးလေးက နဂိုကလည်း ဉာဏ်ကောင်းပါတယ်။ ပြည်သူက ပို့တဲ့မေတ္တာကြောင့်မို့လို့ ပုံမှန်ထက်ကို ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွ ဖြစ်ပါတယ်။ တကယ့်ကို မကြုံဖူးလောက်အောင် မေးတဲ့ မေးခွန်းတိုင်းကို ရွှင်ရွှင်လန်းလန်းနဲ့ တက်တက်ကြွကြွနဲ့ မေးတဲ့ မေးခွန်းတိုင်းကို ဖြေသွားနိုင်ပါတယ်” လို့လည်း ပြောပါတယ်။

ဗစ်တိုးရီးယားကို တခြား ဉာဏ်စမ်းမေးမြန်းတာမျိုးလည်း လုပ်ခဲ့ပြီး မေးခွန်းတွေ ဖြေပြီးတိုင်းမှာ အရုပ်တွေ ပေးတာကြောင့် ဒီနေ့မှာ အရုပ်တွေ အများကြီး ရသွားတယ်လို့လည်း သူက ပြောပါတယ်။

တရားခံရှေ့နေ ဦးခင်မောင်ဇော်ကလည်း ဒီနေ့ ထွက်ဆိုချက်တွေဟာ ကိုအောင်ကြီးနဲ့ပတ်သက်ပြီး ငြိစွန်းတာ တခုမှ မပါဘူးလို့ ပြောပါတယ်။ 

လာမယ့် ၂၄ ရက်နေ့မှာ နောက်ထပ်ရုံးချိန်းရှိပြီး Wisdom Hill ပုဂ္ဂိလက မူကြိုကျောင်းက ဝန်ထမ်းတယောက်ကို စစ်ဆေးမယ်လို့ ဆိုပါတယ်။

နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂိလက မူကြိုကျောင်းမှာ ပြီးခဲ့တဲ့ မေလက အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် ဗစ်တိုးရီးယား မဖွယ်မရာ ပြုကျင့်ခံခဲ့မှုနဲ့ပတ်သက်ပြီး ကားယာဉ်မောင်းဖြစ်သူ ကိုအောင်ကြီးအား ဒက္ခိဏခရိုင်တရားရုံးမှာ တရားဆွဲဆိုကာ အမှုကို စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version

သံသယတရားခံ ေအာင္ႀကီးကို မသိေၾကာင္း ဗစ္တိုးရီးယား ထြက္ဆို

ေနျပည္ေတာ္က ပုဂၢလိက မူႀကိဳေက်ာင္းမွာ လိင္ပိုင္း မဖြယ္မရာ လုပ္ခံခဲ့ရတဲ့ ဗစ္တိုးရီးယားကို ဒီေန႔ ပထမဆုံးအႀကိမ္ တရား႐ုံးမွာ စစ္ေဆးခဲ့ၿပီး စြပ္စြဲခံထားရတဲ့ တရားခံ ကိုေအာင္ႀကီးကို မသိဘူးလို႔ ထြက္ဆိုခဲ့ပါတယ္။

အစပိုင္းကေတာ့ တရားခြင္ထဲကို ဘယ္သူ႔ကိုမွ ဝင္ခြင့္မေပးခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ကိုယ္စားလွယ္ျဖစ္သူ ေရွ႕ေနေတြနဲ႔ ဖခင္ကို ဝင္ခြင့္ေပးခဲ့ပါတယ္။

တရားလို ေဒၚ႐ြက္ႏုေအာင္က “စီစီတီဗြီမွတ္တမ္းမွာပါတဲ့ ကိုေအာင္ႀကီး ထြက္သြားတဲ့ပုံကို ျပၿပီး ေမးေတာ့ သမီးေလးက ဒါကို မသိဘူးဆိုၿပီး ေျပာတယ္။ သူ႔ရဲ႕ ဖင္ဖုကို ဆြဲဆိတ္တဲ့သူေတြဟာ ဘယ္သူေတြပါ ဆိုၿပီး ဆြဲထုတ္ျပတယ္။ တခုခ်င္းကို ျပတယ္။ ျပၿပီးေတာ့ အဲဒီမွာပဲ မေက်နပ္ဘူးဆိုၿပီးေတာ့ ဓာတ္ပုံကို ေျခေထာက္ေတြနဲ႔ ေပါက္ၿပီးေတာ့ စိတ္ဆိုးတဲ့ပုံျပပါတယ္။ ကိုကိုအငယ္က ရင္ဘတ္ကိုထုၿပီး ကိုကိုအႀကီးက သူ႔ဖင္ဖုကို ဆိတ္တယ္လို႔ ေျပာတယ္” လို႔ ေျပာပါတယ္။

ေနျပည္ေတာ္ ဒကၡိဏခ႐ိုင္တရား႐ုံးမွာ ဗြီဒီယိုကြန္ဖရင့္ဆင္းစနစ္နဲ႔ စစ္ေဆးခဲ့တာပါ။ သီးသန႔္အခန္းတခုထဲကို တရားခြင္ကေန ဗြီဒီယိုနဲ႔ လွမ္းၿပီး ၾကည့္ရႈေမးျမန္းတာ ျဖစ္ပါတယ္။ အဲဒီအခန္းထဲမွာ ဗစ္တိုးရီးယား၊ သူ႔အေဒၚ၊ ေနာက္ထပ္ မိန္းကေလးငယ္တေယာက္နဲ႔ တရား႐ုံးက အရာရွိ အမ်ိဳးသမီးတေယာက္ရွိေနၿပီး တရားခြင္ထဲက ေမးျမန္းတာကို တရား႐ုံး အရာရွိ အမ်ိဳးသမီးက ဗစ္တိုးရီးယားကို ျပန္ေမးေပးခဲ့တာပါ။

ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္က “ကေလးေလးက နဂိုကလည္း ဉာဏ္ေကာင္းပါတယ္။ ျပည္သူက ပို႔တဲ့ေမတၱာေၾကာင့္မို႔လို႔ ပုံမွန္ထက္ကို ႐ႊင္႐ႊင္လန္းလန္း တက္တက္ႂကြႂကြ ျဖစ္ပါတယ္။ တကယ့္ကို မႀကဳံဖူးေလာက္ေအာင္ ေမးတဲ့ ေမးခြန္းတိုင္းကို ႐ႊင္႐ႊင္လန္းလန္းနဲ႔ တက္တက္ႂကြႂကြနဲ႔ ေမးတဲ့ ေမးခြန္းတိုင္းကို ေျဖသြားႏိုင္ပါတယ္” လို႔လည္း ေျပာပါတယ္။

ဗစ္တိုးရီးယားကို တျခား ဉာဏ္စမ္းေမးျမန္းတာမ်ိဳးလည္း လုပ္ခဲ့ၿပီး ေမးခြန္းေတြ ေျဖၿပီးတိုင္းမွာ အ႐ုပ္ေတြ ေပးတာေၾကာင့္ ဒီေန႔မွာ အ႐ုပ္ေတြ အမ်ားႀကီး ရသြားတယ္လို႔လည္း သူက ေျပာပါတယ္။

တရားခံေရွ႕ေန ဦးခင္ေမာင္ေဇာ္ကလည္း ဒီေန႔ ထြက္ဆိုခ်က္ေတြဟာ ကိုေအာင္ႀကီးနဲ႔ပတ္သက္ၿပီး ၿငိစြန္းတာ တခုမွ မပါဘူးလို႔ ေျပာပါတယ္။

လာမယ့္ ၂၄ ရက္ေန႔မွာ ေနာက္ထပ္႐ုံးခ်ိန္းရွိၿပီး Wisdom Hill ပုဂၢိလက မူႀကိဳေက်ာင္းက ဝန္ထမ္းတေယာက္ကို စစ္ေဆးမယ္လို႔ ဆိုပါတယ္။

ေနျပည္ေတာ္ရွိ Wisdom Hill ပုဂၢိလက မူႀကိဳေက်ာင္းမွာ ၿပီးခဲ့တဲ့ ေမလက အသက္ ၃ ႏွစ္အ႐ြယ္ မိန္းကေလးငယ္ ဗစ္တိုးရီးယား မဖြယ္မရာ ျပဳက်င့္ခံခဲ့မႈနဲ႔ပတ္သက္ၿပီး ကားယာဥ္ေမာင္းျဖစ္သူ ကိုေအာင္ႀကီးအား ဒကၡိဏခ႐ိုင္တရား႐ုံးမွာ တရားဆြဲဆိုကာ အမႈကို စစ္ေဆးေနတာလည္း ျဖစ္ပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013