DVB Logo
Home
မြန်မာသတင်း
ရေမွန်မက်ဆေးဆေးဆု Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း လက်ခံရယူ
DVB
·
September 10, 2019
ရေမွန်မက်ဆေးဆေးဆု Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း လက်ခံရယူ
Donate to DVB

အာရှရဲ့ နိုဘယ်ဆုလို့ တင်စားခံရတဲ့ ရေမွန် မက်ဆေးဆေးဆု ပေးအပ်ချီးမြှင့်ပွဲကို  ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ မနေ့က ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံက Myanmar Now သတင်းဌာန အယ်ဒီတာချုပ်  ကိုဆွေဝင်းက ဆုလက်ခံရယူခဲ့ပါတယ်။

ဒီနှစ်အတွက်ဆုကို ကိုဆွေဝင်း အပါအဝင် လူငယ်တွေ အကြမ်းဖက်ခံရမှုမှ ကာကွယ်တားဆီးရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ ‌‌တောင်ကိုရီးယားနိုင်ငံက ကင်ဂျုံကိ၊ အိန္ဒိယနိုင်ငံ NDTV သတင်းဌာနက လူသိများ ထင်ရှားတဲ့ ရုပ်သံသတင်းသမား  ရာဝစ်ကူးမား၊ ထိုင်းနိုင်ငံက လူ့အခွင့်ရေးနဲ့ တရားမျှတရေး လှုပ်ရှားသူ အန်ခါနာနဲ့ ဖိလစ်ပိုင်နိုင်ငံက တေးရေးဆရာ ရေမန်ဒို ပူဂျန်တီတို့လည်း အသီးသီး ရရှိသွားပါတယ်။

မြန်မာနိုင်ငံက ဂျာနယ်လစ် ကိုဆွေဝင်းဟာ အမှီအခိုကင်းကင်း၊ ကျင့်ဝတ်သိက္ခာရှိရှိနဲ့  တွန့်ဆုတ်ကြောက်လန့်မှုမရှိဘဲ သတင်းသမား တာဝန်ကို ထမ်းဆောင်ခဲ့တာကို အသိအမှတ်ပြုတဲ့ အနေနဲ့ ဆုချီးမြှင့်ခံရတာပါ။

ဒီဆုကို ဖိလစ်ပိုင်သမ္မတဟောင်း ရေမွန်မက်ဆေးဆေးကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၅၇ ခုနှစ်က စတင် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက သတင်းစာဆရာ ဦးလောရုံ၊ ထိုင်း-မြန်မာ နယ်စပ်က  ဒေါက်တာစင်သီယာမောင်၊ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူ ကရင်အမျိုးသား ကဆောဝါး၊ နာရေးကူညီမှုအသင်းက ဦးကျော်သူနဲ့ ကချင်အမျိုးသမီး လဖိုင်ဆန်းရော်တို့လည်း ရရှိခဲ့ဖူးပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေရမြန္မက္ေဆးေဆးဆု Myanmar Now အယ္ဒီတာခ်ဳပ္ ကိုေဆြဝင္း လက္ခံရယူ

အာရွရဲ႕ ႏိုဘယ္ဆုလို႔ တင္စားခံရတဲ့ ေရမြန္ မက္ေဆးေဆးဆု ေပးအပ္ခ်ီးျမႇင့္ပြဲကို  ဖိလစ္ပိုင္ႏိုင္ငံ မနီလာၿမိဳ႕ေတာ္မွာ မေန႔က ျပဳလုပ္ခဲ့ၿပီး ျမန္မာႏိုင္ငံက Myanmar Now သတင္းဌာန အယ္ဒီတာခ်ဳပ္  ကိုေဆြဝင္းက ဆုလက္ခံရယူခဲ့ပါတယ္။

ဒီႏွစ္အတြက္ဆုကို ကိုေဆြဝင္း အပါအဝင္ လူငယ္ေတြ အၾကမ္းဖက္ခံရမႈမွ ကာကြယ္တားဆီးေရး ႀကိဳးပမ္းေဆာင္႐ြက္ေနတဲ့ ‌‌ေတာင္ကိုရီးယားႏိုင္ငံက ကင္ဂ်ဳံကိ၊ အိႏၵိယႏိုင္ငံ NDTV သတင္းဌာနက လူသိမ်ား ထင္ရွားတဲ့ ႐ုပ္သံသတင္းသမား  ရာဝစ္ကူးမား၊ ထိုင္းႏိုင္ငံက လူ႔အခြင့္ေရးနဲ႔ တရားမွ်တေရး လႈပ္ရွားသူ အန္ခါနာနဲ႔ ဖိလစ္ပိုင္ႏိုင္ငံက ေတးေရးဆရာ ေရမန္ဒို ပူဂ်န္တီတို႔လည္း အသီးသီး ရရွိသြားပါတယ္။

ျမန္မာႏိုင္ငံက ဂ်ာနယ္လစ္ ကိုေဆြဝင္းဟာ အမွီအခိုကင္းကင္း၊ က်င့္ဝတ္သိကၡာရွိရွိနဲ႔  တြန႔္ဆုတ္ေၾကာက္လန႔္မႈမရွိဘဲ သတင္းသမား တာဝန္ကို ထမ္းေဆာင္ခဲ့တာကို အသိအမွတ္ျပဳတဲ့ အေနနဲ႔ ဆုခ်ီးျမႇင့္ခံရတာပါ။

ဒီဆုကို ဖိလစ္ပိုင္သမၼတေဟာင္း ေရမြန္မက္ေဆးေဆးကို ဂုဏ္ျပဳတဲ့အေနနဲ႔ ၁၉၅၇ ခုႏွစ္က စတင္ ေပးအပ္ခဲ့တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံက သတင္းစာဆရာ ဦးေလာ႐ုံ၊ ထိုင္း-ျမန္မာ နယ္စပ္က  ေဒါက္တာစင္သီယာေမာင္၊ သဘာဝပတ္ဝန္းက်င္အေရး လႈပ္ရွားသူ ကရင္အမ်ိဳးသား ကေဆာဝါး၊ နာေရးကူညီမႈအသင္းက ဦးေက်ာ္သူနဲ႔ ကခ်င္အမ်ိဳးသမီး လဖိုင္ဆန္းေရာ္တို႔လည္း ရရွိခဲ့ဖူးပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013