DVB Logo
Home
မြန်မာသတင်း
သာစည် ရွှေစည်းခုံဘုရားတွင် ပိဿာ ၁၀၀ ရှိ ကြေးခေါင်းလောင်းကြီး ခိုးယူခံရ
DVB
·
September 8, 2019
သာစည် ရွှေစည်းခုံဘုရားတွင် ပိဿာ ၁၀၀ ရှိ ကြေးခေါင်းလောင်းကြီး ခိုးယူခံရ
Donate to DVB

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ခြောက်ခွဲရွာ ရွှေစည်းခုံဘုရား တောင်ဘက်ရှိ ကြေးပိဿာ ၁၀၀ ကျော်ရှိ ‌ခေါင်းလောင်းကြီး ဒီနေ့မနက် အခိုးခံလိုက်ရတယ်လို့ ရွှေစည်းခုံဘုရား ကျောင်းထိုင်ဆရာတော်က ပြောပါတယ်။

ကျောင်းထိုင်ဆရာတော်ဥူးတေဇောသာရက "ခြောက်ခွဲရွာနေ ဒေါ်အေးပုမိသားစုက လှူထားတာပါ။ လွန်ခဲ့တဲ့ ၁၉ နှစ်လောက်က လှူထားတာပေါ့၊ အဲတုန်းကကို ၁၀ သိန်းကျော်လောက် ကုန်ကျထားတယ်။ အခုနေဆို သိန်း ၂၀ ကျော်လောက် ကုန်မှာပေါ့။ ဘုန်းကြီးက ရွှေယင်မျှော်ဘုရားမှာ ပဋ္ဌာန်းရွတ်နေတာ၊ ဥူးဇင်းဥူးစိတ္တရက ဖုန်းဆက်ပြောတယ်၊ အဲဒါနဲ့ ဟံဇားရဲစခန်း အကြောင်းကြားတယ် စခန်းမှူးနဲ့ အဖွဲ့လာသွားတယ်" လို့ မိန့်ပါတယ်။

ဟံဇားရွာရဲစခန်း တာဝန်ကျရဲဝန်ထမ်းက "ခိုးယူသွားတဲ့ ကြေးခေါင်းလောင်း အမြန်ဆုံး ပြန်ရအောင် စုံစမ်းနေပါတယ်" လို့ ပြောပါတယ်။

ဒေသခံကိုညိုကြီးက "မြန်မာလူလူမျိုးတွေရဲ့ ဘုရားတွေမှာ လုံခြုံရေးအားနည်းတယ်။ ဒုက္ခသည်ပဲ ဖြစ်ဖြစ်၊ ဘုရားဖူးပဲဖြစ်ဖြစ် အချိန်မရွေး ဝင်နိုင်ထွက်နိုင် တည်းခိုးနိုင်တယ်။ အဲတော့ ခိုးမယ့်သူက အလွယ်လေး ခိုးလို့ ရနေတယ်" လို့ ပြောပါတယ်။

မိတ္ထီလာခရိုင်အတွင်းမှာ တစ်လအတွင်း ကြေးပိဿာ ၁၀၀ ကျော်ရှိ ခေါင်းလောင်း ၃ လုံး အခိုးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

သာစည်မြို့နယ်အတွင်းမှာ ဇူလိူင် ၃၁ ရက်က ဝမ်းသာရွာ ဖောင်တန့်နားစေတီရှိ ကြေးပိဿာ ၁၀၀ ကျော်တဲ့ ကြေးခေါင်းလောင်း ၁ လုံး အခိုးခံရပြီး အခုအခိုးခံရတာ သာစည်မြို့နယ်ထဲမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ 

သြဂုတ် ၈ ရက်နေ့ကလည်း မိတ္ထီလာမြို့နယ် သံဘိုအုပ်စု ကဘားတဲရွာ ဇိနမာရ်အောင်ဘုရားရှိ ကြေးပိဿာ ၁၀၀ ရှိ ခေါင်းလောင်း အခိုးခံခဲ့ရတာကြောင့် တလအတွင်း ကြေးခေါင်းလောင်း ၃ လုံး အခိုးခံခဲ့ရတာပါ။

သတင်း-မောင်မောင်လင်း

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

သာစည္ ေ႐ႊစည္းခုံဘုရားတြင္ ပိႆာ ၁၀၀ ရွိ ေၾကးေခါင္းေလာင္းႀကီး ခိုးယူခံရ

မႏၲေလးတိုင္း၊ မိတၳီလာခ႐ိုင္၊ သာစည္ၿမိဳ႕နယ္၊ ေျခာက္ခြဲ႐ြာ ေ႐ႊစည္းခုံဘုရား ေတာင္ဘက္ရွိ ေၾကးပိႆာ ၁၀၀ ေက်ာ္ရွိ ‌ေခါင္းေလာင္းႀကီး ဒီေန႔မနက္ အခိုးခံလိုက္ရတယ္လို႔ ေ႐ႊစည္းခုံဘုရား ေက်ာင္းထိုင္ဆရာေတာ္က ေျပာပါတယ္။

ေက်ာင္းထိုင္ဆရာေတာ္ၪူးေတေဇာသာရက "ေျခာက္ခြဲ႐ြာေန ေဒၚေအးပုမိသားစုက လႉထားတာပါ။ လြန္ခဲ့တဲ့ ၁၉ ႏွစ္ေလာက္က လႉထားတာေပါ့၊ အဲတုန္းကကို ၁၀ သိန္းေက်ာ္ေလာက္ ကုန္က်ထားတယ္။ အခုေနဆို သိန္း ၂၀ ေက်ာ္ေလာက္ ကုန္မွာေပါ့။ ဘုန္းႀကီးက ေ႐ႊယင္ေမွ်ာ္ဘုရားမွာ ပ႒ာန္း႐ြတ္ေနတာ၊ ၪူးဇင္းၪူးစိတၱရက ဖုန္းဆက္ေျပာတယ္၊ အဲဒါနဲ႔ ဟံဇားရဲစခန္း အေၾကာင္းၾကားတယ္ စခန္းမႉးနဲ႔ အဖြဲ႕လာသြားတယ္" လို႔ မိန႔္ပါတယ္။

ဟံဇား႐ြာရဲစခန္း တာဝန္က်ရဲဝန္ထမ္းက "ခိုးယူသြားတဲ့ ေၾကးေခါင္းေလာင္း အျမန္ဆုံး ျပန္ရေအာင္ စုံစမ္းေနပါတယ္" လို႔ ေျပာပါတယ္။

ေဒသခံကိုညိဳႀကီးက "ျမန္မာလူလူမ်ိဳးေတြရဲ႕ ဘုရားေတြမွာ လုံၿခဳံေရးအားနည္းတယ္။ ဒုကၡသည္ပဲ ျဖစ္ျဖစ္၊ ဘုရားဖူးပဲျဖစ္ျဖစ္ အခ်ိန္မေ႐ြး ဝင္ႏိုင္ထြက္ႏိုင္ တည္းခိုးႏိုင္တယ္။ အဲေတာ့ ခိုးမယ့္သူက အလြယ္ေလး ခိုးလို႔ ရေနတယ္" လို႔ ေျပာပါတယ္။

မိတၳီလာခ႐ိုင္အတြင္းမွာ တစ္လအတြင္း ေၾကးပိႆာ ၁၀၀ ေက်ာ္ရွိ ေခါင္းေလာင္း ၃ လုံး အခိုးခံခဲ့ရတာလည္း ျဖစ္ပါတယ္။

သာစည္ၿမိဳ႕နယ္အတြင္းမွာ ဇူလိူင္ ၃၁ ရက္က ဝမ္းသာ႐ြာ ေဖာင္တန႔္နားေစတီရွိ ေၾကးပိႆာ ၁၀၀ ေက်ာ္တဲ့ ေၾကးေခါင္းေလာင္း ၁ လုံး အခိုးခံရၿပီး အခုအခိုးခံရတာ သာစည္ၿမိဳ႕နယ္ထဲမွာ ဒုတိယအႀကိမ္ေျမာက္ျဖစ္ပါတယ္။

ၾသဂုတ္ ၈ ရက္ေန႔ကလည္း မိတၳီလာၿမိဳ႕နယ္ သံဘိုအုပ္စု ကဘားတဲ႐ြာ ဇိနမာရ္ေအာင္ဘုရားရွိ ေၾကးပိႆာ ၁၀၀ ရွိ ေခါင္းေလာင္း အခိုးခံခဲ့ရတာေၾကာင့္ တလအတြင္း ေၾကးေခါင္းေလာင္း ၃ လုံး အခိုးခံခဲ့ရတာပါ။

သတင္း-ေမာင္ေမာင္လင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013