DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့်မြောက်ပိုင်း ၄ ဖွဲ့တို့၏ ကျိုင်းတုံဆွေးနွေးပွဲ ဟန်ပြမဟုတ်ဟု ဦးဇော်ဌေးပြော
DVB
·
September 8, 2019
အစိုးရနှင့်မြောက်ပိုင်း ၄ ဖွဲ့တို့၏ ကျိုင်းတုံဆွေးနွေးပွဲ ဟန်ပြမဟုတ်ဟု ဦးဇော်ဌေးပြော
Donate to DVB

မြောက်ပိုင်း ၄ ဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ ဆွေးနွေးခဲ့တဲ့ ကျိုင်းတုံဆွေးနွေးပွဲက ဟန်ပြဆွေးနွေးပွဲ မဟုတ်ဘူးလို့  သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြေ‌ေပါတယ်။ 

TNLA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်တာဖုန်းကျော်က တရုတ်နိုင်ငံရဲ့ ဖိအားကြောင့် ပေါ်ပေါက်လာသော ကျိုင်းတုံဆွေးနွေးပွဲက ဟန်ပြဆွေးနွေးပွဲ ဖြစ်တယ်ဆိုပြီး ဧရာဝတီသတင်းဌာနကို ပြောဆိုခဲ့တဲ့အပေါ်မှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက စက်တင်ဘာလ ၇ ရက်နေ့က ရန်ကုန်မှာရှိတဲ့ NPRC ရုံးမှာ KNU နဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

“ကျနော်တို့ ဆွေးနွေးနေတဲ့အချိန်မှာ တိုက်ပွဲတွေကလည်း ဖြစ်နေတယ်။ အဲဒီတုန်းက ပြောတဲ့သူက သူ့ရဲ့ရှုမြင်ချက်နဲ့ ခံစားချက်အရ ပြောလိုက်တာလို့ ကျနော် ယူဆတယ်။ တကယ့် ဆွေးနွေးပွဲမှာ ထဲထဲဝင်ဝင် ပါလာတဲ့လူတွေကိုယ်တိုင်က အခုလက်တွေ့ လုပ်လာတဲ့ လုပ်ဆောင်ချက်တွေအရ ကျနော်တို့ ‌ဆွေးနွေးပွဲက ဟန်ပြမဟုတ်ဘူး။ နံပါတ်တစ် လက်ရှိစစ်ရှိန် လျှော့ဖို့အတွက် ထိထိရောက်ရောက် လုပ်နိုင်တယ်။ နံပါတ်နှစ် Bilateral Agreement ရဖို့အတွက် သဘောတူညီချက်တွေ ယူနိုင်ခဲ့တဲ့အပိုင်း ရှိတယ်။ ဒီပြောကြားချက်က မှားတယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။”

သြဂုတ်လ ၃၁ ရက်နေ့က အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ကြား ဆွေးနွေးမှုမှာ အစိုးရဘက်က ဆုံးဖြတ်ချက်ပေးနိုင်တဲ့ ကိုယ်စားလှယ်တွေ မပါတာကြောင့် တပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေ မဆွေးနွေးနိုင်ခဲ့လို့ လူထုကို ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ဆွေးနွေးပွဲ ဖြစ်တယ်လို့ TNLA  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်တာဖုန်းကျော်က ဧရာဝတီသတင်းဌာနကို ပြောဆိုခဲ့တာပါ။ 

ဒီဗွီဘီသတင်းဌာနအနေနဲ့ အဲဒီကိစ္စကို မေးမြန်းဖို့အတွက် ဗိုလ်မှူးချုပ် တာဖုန်းကျော်ကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ကျိုင်းတုံဆွေးနွေးပွဲအပြီး နှစ်ဖက်ထုတ်ပြန်တဲ့ ပူးတွဲသတင်းထုတ်ပြန်ချက်မှာ အခုလ   ၁၆ ရက်၊ ၁၇ ရက်နေ့တွေမှာ ထပ်မံတွေ့ဆုံမမယ်လို့ နှစ်ဖက် သဘောတူညီခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအပြင် နောက်ထပ် ဆွေးနွေးပွဲတွေမှာ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေနဲ့ပါ ဆွေးနွေးလိုကြောင်း မြောက်ပိုင်း ၄ ဖွဲ့က အဆိုပြုခဲ့ပြီး ဝ ဒေသ၊ ပန်ဆန်းနဲ့ တရုတ်နိုင်ငံမှာ တွေ့ဆုံလိုတယ်လို့လည်း အဆိုပြုခဲ့ပါတယ်။

အစိုးရဘက်ကတော့ တပ်မတော်ဘက်က ကိုယ်စားလှယ် သွားလာလို့ အဆင်ပြေမယ့် နေရာဖြစ်တဲ့ ကျိုင်းတုံမှာသာ တွေ့ဆုံဖို့ အဆိုပြုခဲ့တာလို့ ဦးဇော်ဌေးက ဆိုပါတယ်။

“အဓိကအချက်က တပ်မတော်ဘက်က ကိုယ်စားလှယ် ပါဝင်တယ်။ တပ်မတော်ဘက်က ကိုယ်စားလှယ် သွားရောက်ဆွေးနွေးနိုင်တဲ့နေရာ ဖြစ်ဖို့လည်း လိုပါတယ်။ ကျနော်တို့ NRPC အနေနဲ့သော်လည်းကောင်း၊ ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့သော် လည်းကောင်း၊ မိုင်းလား ဆိုရင် ပြဿနာမရှိပေမယ့် တပ်မတော်ကိုယ်စားလှယ်အနေနဲ့ သွားနိုင်တဲ့ နယ်မြေအကန့်အသတ် ရှိတယ်။ လွတ်ကင်းတဲ့ ကျိုင်းတုံမှာ တွေ့ဆုံမယ်လို့ ကျနော် ပြောခဲ့တာ ဖြစ်ပါတယ်။”

စက်တင်ဘာလ၂ ရက်နေ့တွင်မူ မြောက်ပိုင်း ၃ ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်တော့မှာ မဟုတ်ဘူးလို့ တရုတ်ဘာသာနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်‌။

ကျိုင်းတုံ ဆွေးနွေးပွဲမှာ တပ်နေရာချထားရေး ကိစ္စတွေ၊ တိုက်ပွဲတွေ မဖြစ်ပွားရေး ဘယ်လို ဆောင်ရွက်ကြမလဲဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဆွေးနွေးလိုတာကြောင့် တပ်မတော်ဘက်က ကိုယ်စားလှယ်နဲ့ ဆွေးနွေးလိုကြောင်း မြောက်ပိုင်းအဖွဲ့တွေက အဆိုပြုခဲ့ကြတာ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

အစိုးရႏွင့္ ေျမာက္ပိုင္း ၄ ဖြဲ႕တို႔၏ က်ိဳင္းတုံေဆြးေႏြးပြဲ ဟန္ျပမဟုတ္ဟု ဦးေဇာ္ေဌးေျပာ

ေျမာက္ပိုင္း ၄ ဖြဲ႕နဲ႔ အစိုးရ ၿငိမ္းခ်မ္းေရးေကာ္မရွင္တို႔ ေဆြးေႏြးခဲ့တဲ့ က်ိဳင္းတုံေဆြးေႏြးပြဲက ဟန္ျပေဆြးေႏြးပြဲ မဟုတ္ဘူးလို႔  သမၼတ႐ုံးေျပာခြင့္ရ ဦးေဇာ္ေဌးက ေျပ‌ေပါတယ္။

TNLA ၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခ်ဳပ္တာဖုန္းေက်ာ္က တ႐ုတ္ႏိုင္ငံရဲ႕ ဖိအားေၾကာင့္ ေပၚေပါက္လာေသာ က်ိဳင္းတုံေဆြးေႏြးပြဲက ဟန္ျပေဆြးေႏြးပြဲ ျဖစ္တယ္ဆိုၿပီး ဧရာဝတီသတင္းဌာနကို ေျပာဆိုခဲ့တဲ့အေပၚမွာ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက စက္တင္ဘာလ ၇ ရက္ေန႔က ရန္ကုန္မွာရွိတဲ့ NPRC ႐ုံးမွာ KNU နဲ႔ အလြတ္သေဘာ ေတြ႕ဆုံေဆြးေႏြးပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့တာပါ။

“က်ေနာ္တို႔ ေဆြးေႏြးေနတဲ့အခ်ိန္မွာ တိုက္ပြဲေတြကလည္း ျဖစ္ေနတယ္။ အဲဒီတုန္းက ေျပာတဲ့သူက သူ႔ရဲ႕ရႈျမင္ခ်က္နဲ႔ ခံစားခ်က္အရ ေျပာလိုက္တာလို႔ က်ေနာ္ ယူဆတယ္။ တကယ့္ ေဆြးေႏြးပြဲမွာ ထဲထဲဝင္ဝင္ ပါလာတဲ့လူေတြကိုယ္တိုင္က အခုလက္ေတြ႕ လုပ္လာတဲ့ လုပ္ေဆာင္ခ်က္ေတြအရ က်ေနာ္တို႔ ‌ေဆြးေႏြးပြဲက ဟန္ျပမဟုတ္ဘူး။ နံပါတ္တစ္ လက္ရွိစစ္ရွိန္ ေလွ်ာ့ဖို႔အတြက္ ထိထိေရာက္ေရာက္ လုပ္ႏိုင္တယ္။ နံပါတ္ႏွစ္ Bilateral Agreement ရဖို႔အတြက္ သေဘာတူညီခ်က္ေတြ ယူႏိုင္ခဲ့တဲ့အပိုင္း ရွိတယ္။ ဒီေျပာၾကားခ်က္က မွားတယ္လို႔ က်ေနာ္တို႔ ေျပာခ်င္ပါတယ္။”

ၾသဂုတ္လ ၃၁ ရက္ေန႔က အစိုးရ ၿငိမ္းခ်မ္းေရးကိုယ္စားလွယ္အဖြဲ႕နဲ႔ ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕ ၄ ဖြဲ႕ၾကား ေဆြးေႏြးမႈမွာ အစိုးရဘက္က ဆုံးျဖတ္ခ်က္ေပးႏိုင္တဲ့ ကိုယ္စားလွယ္ေတြ မပါတာေၾကာင့္ တပ္ပိုင္းဆိုင္ရာကိစၥရပ္ေတြ မေဆြးေႏြးႏိုင္ခဲ့လို႔ လူထုကို ထင္ေယာင္ထင္မွား ျဖစ္ေစတဲ့ ေဆြးေႏြးပြဲ ျဖစ္တယ္လို႔ TNLA  ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခ်ဳပ္တာဖုန္းေက်ာ္က ဧရာဝတီသတင္းဌာနကို ေျပာဆိုခဲ့တာပါ။

ဒီဗြီဘီသတင္းဌာနအေနနဲ႔ အဲဒီကိစၥကို ေမးျမန္းဖို႔အတြက္ ဗိုလ္မႉးခ်ဳပ္ တာဖုန္းေက်ာ္ကို ဆက္သြယ္ေပမယ့္ ဆက္သြယ္လို႔ မရေသးပါဘူး။

က်ိဳင္းတုံေဆြးေႏြးပြဲအၿပီး ႏွစ္ဖက္ထုတ္ျပန္တဲ့ ပူးတြဲသတင္းထုတ္ျပန္ခ်က္မွာ အခုလ   ၁၆ ရက္၊ ၁၇ ရက္ေန႔ေတြမွာ ထပ္မံေတြ႕ဆုံမမယ္လို႔ ႏွစ္ဖက္ သေဘာတူညီခဲ့တယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

အဲဒီအျပင္ ေနာက္ထပ္ ေဆြးေႏြးပြဲေတြမွာ တပ္မေတာ္ဘက္က ကိုယ္စားလွယ္ေတြနဲ႔ပါ ေဆြးေႏြးလိုေၾကာင္း ေျမာက္ပိုင္း ၄ ဖြဲ႕က အဆိုျပဳခဲ့ၿပီး ဝ ေဒသ၊ ပန္ဆန္းနဲ႔ တ႐ုတ္ႏိုင္ငံမွာ ေတြ႕ဆုံလိုတယ္လို႔လည္း အဆိုျပဳခဲ့ပါတယ္။

အစိုးရဘက္ကေတာ့ တပ္မေတာ္ဘက္က ကိုယ္စားလွယ္ သြားလာလို႔ အဆင္ေျပမယ့္ ေနရာျဖစ္တဲ့ က်ိဳင္းတုံမွာသာ ေတြ႕ဆုံဖို႔ အဆိုျပဳခဲ့တာလို႔ ဦးေဇာ္ေဌးက ဆိုပါတယ္။

“အဓိကအခ်က္က တပ္မေတာ္ဘက္က ကိုယ္စားလွယ္ ပါဝင္တယ္။ တပ္မေတာ္ဘက္က ကိုယ္စားလွယ္ သြားေရာက္ေဆြးေႏြးႏိုင္တဲ့ေနရာ ျဖစ္ဖို႔လည္း လိုပါတယ္။ က်ေနာ္တို႔ NRPC အေနနဲ႔ေသာ္လည္းေကာင္း၊ ၿငိမ္းခ်မ္းေရးေကာ္မရွင္အေနနဲ႔ေသာ္ လည္းေကာင္း၊ မိုင္းလား ဆိုရင္ ျပႆနာမရွိေပမယ့္ တပ္မေတာ္ကိုယ္စားလွယ္အေနနဲ႔ သြားႏိုင္တဲ့ နယ္ေျမအကန႔္အသတ္ ရွိတယ္။ လြတ္ကင္းတဲ့ က်ိဳင္းတုံမွာ ေတြ႕ဆုံမယ္လို႔ က်ေနာ္ ေျပာခဲ့တာ ျဖစ္ပါတယ္။”

စက္တင္ဘာလ၂ ရက္ေန႔တြင္မူ ေျမာက္ပိုင္း ၃ ဖြဲ႕က ထိုးစစ္ဆင္တိုက္ခိုက္မႈေတြ ျပဳလုပ္ေတာ့မွာ မဟုတ္ဘူးလို႔ တ႐ုတ္ဘာသာနဲ႔ ေၾကညာခ်က္တေစာင္ ထုတ္ျပန္ခဲ့ပါတယ္‌။

က်ိဳင္းတုံ ေဆြးေႏြးပြဲမွာ တပ္ေနရာခ်ထားေရး ကိစၥေတြ၊ တိုက္ပြဲေတြ မျဖစ္ပြားေရး ဘယ္လို ေဆာင္႐ြက္ၾကမလဲဆိုတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို ေဆြးေႏြးလိုတာေၾကာင့္ တပ္မေတာ္ဘက္က ကိုယ္စားလွယ္နဲ႔ ေဆြးေႏြးလိုေၾကာင္း ေျမာက္ပိုင္းအဖြဲ႕ေတြက အဆိုျပဳခဲ့ၾကတာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013