DVB Logo
Home
မြန်မာသတင်း
ကြေးနီစီမံကိန်း လုပ်ငန်းခွင်အတွင်း မတော်တဆဖြစ်၍ အလုပ်သမားနှစ်ဦး ဒဏ်ရာရ
DVB
·
September 8, 2019
ကြေးနီစီမံကိန်း လုပ်ငန်းခွင်အတွင်း မတော်တဆဖြစ်၍ အလုပ်သမားနှစ်ဦး ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ မြန်မာယန်စီကုမ္ပဏီက ပြုလုပ်နေတဲ့ စံပယ်တောင်နဲ့ ကြေးစင်တောင် ကြေးနီစီမံကိန်း လုပ်ငန်းခွင်အတွင်းမှာ စက်တင်ဘာ ၇ ရက်နေ့က အလုပ်သမား ၂ ဦး မတော်တဆ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့တာဟာ လုပ်ငန်းခွင်အတွင်း ရှင်းလိုင်းပေါ် ဒုတ္ထာရေဖြန်းဖို့ ပြုလုပ်ရာမှ Join ဆက်ပွင့်ထွက်သွားပြီး အခုလို ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

“ရှင်းလိုင်းပေါ်ဖြန်းဖို့ မော်တာကို ဖွင့်တာ၊ မော်တာအားနဲ့ ဘားဖွင့်အား မနိုင်တာပေါ့။ ရေပေးဝေတဲ့အခန်းမှာ Join ဆက်ရှိတယ်၊ အဲဒီဆက်တဲ့နေရာက ဟပြီး ပွင့်ထွက်သွားတာ။ လူလည်း လွင့်သွားတယ်။ ဒုတ္ထာရည်တွေ မျက်ထိထဲဝင်တော့ ပထမအစက ဖွင့်မရဘူး။ အောင့်နေတာ။ မျက်နှာကို ရေနဲ့သစ်ပြီး ဖွင့်ကြည့်လိုက်တော့ မျက်စိတွေရဲပြီး ဝါးလာတာနဲ့ မုံရွာမျက်စိအထူးကုကို ရောက်လာတာ” လို့ ထိခိုက်ဒဏ်ရာရရှိသူ ကိုရဲမောင်မောင်က ပြောပါတယ်။

အခုလို ဖြစ်ပွားမှုကြောင့် တဦးက ဘယ်ဘက်ခြေထောက်ကျိုးသွားခဲ့ကာ မျက်စိတဖက် ထိခိုက်ခဲ့ပြီး၊ နောပ်တဦးမှာတော့ မျက်စိတဖက် အောင့်ပြီး အမြင်ဝေဝါးတဲ့ ဝေဒနာခံစားနေရတယ်လို့ သိရပါတယ်။

အခုလို လုပ်ငန်းခွင်မှာ ရှင်းလိုင်းပေါ်ဖြန်းဖို့ အဆိုင်းတဆိုင်း တနေရာကို လူနှစ်ယောက် ထားရှိပြီး ဘားအဖွင့် အပိတ် လုပ်ပေးရတယ်လို့ သိရပါတယ်။‌

ကိုရဲမောင်မောင်က “အခုဖွင့်တဲ့ မော်တာက အသစ်ပါ။ စက်စမ်းတာပေါ့။ စမ်းရင်းနဲ့ ဖြစ်တာပဲ။ ကျနော်က မနိုင်တော့ နောက်တယောက်က အပေါ်ပြေးတက်လာပြီး ကူလှှည့်ပေးတာ။ အခုလို ပွင့်ထွက်ပြီး နှစ်ယောက်လုံး လွင့်စဉ်သွားတယ်” လို့ ပြောပါတယ်။

အခု ဒဏ်ရာရရှိသူတွေဟာ မုံရွာမြို့ရှိ လင်းမျက်စိဆေးခန်း၊ ရွှေတော်ဝင်ဆေးရုံကနေ ယင်းမာပင်မြို့နယ်က မိုင်းလုပ်သားဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ရန်နိုင်စိုး

~~~~~~~~~~~~~~~~

Zawgyi_version

ေၾကးနီစီမံကိန္း လုပ္ငန္းခြင္အတြင္း မေတာ္တဆျဖစ္၍ အလုပ္သမားႏွစ္ဦး ဒဏ္ရာရ

စစ္ကိုင္းတိုင္း ဆားလင္းႀကီးၿမိဳ႕နယ္မွာ ျမန္မာယန္စီကုမၸဏီက ျပဳလုပ္ေနတဲ့ စံပယ္ေတာင္နဲ႔ ေၾကးစင္ေတာင္ ေၾကးနီစီမံကိန္း လုပ္ငန္းခြင္အတြင္းမွာ စက္တင္ဘာ ၇ ရက္ေန႔က အလုပ္သမား ၂ ဦး မေတာ္တဆ ထိခိုက္ဒဏ္ရာရခဲ့ၾကပါတယ္။

ထိခိုက္ဒဏ္ရာရရွိခဲ့တာဟာ လုပ္ငန္းခြင္အတြင္း ရွင္းလိုင္းေပၚ ဒုတၳာေရျဖန္းဖို႔ ျပဳလုပ္ရာမွ Join ဆက္ပြင့္ထြက္သြားၿပီး အခုလို ျဖစ္ပြားခဲ့တာလို႔ သိရပါတယ္။

“ရွင္းလိုင္းေပၚျဖန္းဖို႔ ေမာ္တာကို ဖြင့္တာ၊ ေမာ္တာအားနဲ႔ ဘားဖြင့္အား မႏိုင္တာေပါ့။ ေရေပးေဝတဲ့အခန္းမွာ Join ဆက္ရွိတယ္၊ အဲဒီဆက္တဲ့ေနရာက ဟၿပီး ပြင့္ထြက္သြားတာ။ လူလည္း လြင့္သြားတယ္။ ဒုတၳာရည္ေတြ မ်က္ထိထဲဝင္ေတာ့ ပထမအစက ဖြင့္မရဘူး။ ေအာင့္ေနတာ။ မ်က္ႏွာကို ေရနဲ႔သစ္ၿပီး ဖြင့္ၾကည့္လိုက္ေတာ့ မ်က္စိေတြရဲၿပီး ဝါးလာတာနဲ႔ မုံ႐ြာမ်က္စိအထူးကုကို ေရာက္လာတာ” လို႔ ထိခိုက္ဒဏ္ရာရရွိသူ ကိုရဲေမာင္ေမာင္က ေျပာပါတယ္။

အခုလို ျဖစ္ပြားမႈေၾကာင့္ တဦးက ဘယ္ဘက္ေျခေထာက္က်ိဳးသြားခဲ့ကာ မ်က္စိတဖက္ ထိခိုက္ခဲ့ၿပီး၊ ေနာပ္တဦးမွာေတာ့ မ်က္စိတဖက္ ေအာင့္ၿပီး အျမင္ေဝဝါးတဲ့ ေဝဒနာခံစားေနရတယ္လို႔ သိရပါတယ္။

အခုလို လုပ္ငန္းခြင္မွာ ရွင္းလိုင္းေပၚျဖန္းဖို႔ အဆိုင္းတဆိုင္း တေနရာကို လူႏွစ္ေယာက္ ထားရွိၿပီး ဘားအဖြင့္ အပိတ္ လုပ္ေပးရတယ္လို႔ သိရပါတယ္။‌

ကိုရဲေမာင္ေမာင္က “အခုဖြင့္တဲ့ ေမာ္တာက အသစ္ပါ။ စက္စမ္းတာေပါ့။ စမ္းရင္းနဲ႔ ျဖစ္တာပဲ။ က်ေနာ္က မႏိုင္ေတာ့ ေနာက္တေယာက္က အေပၚေျပးတက္လာၿပီး ကူလွွည့္ေပးတာ။ အခုလို ပြင့္ထြက္ၿပီး ႏွစ္ေယာက္လုံး လြင့္စဥ္သြားတယ္” လို႔ ေျပာပါတယ္။

အခု ဒဏ္ရာရရွိသူေတြဟာ မုံ႐ြာၿမိဳ႕ရွိ လင္းမ်က္စိေဆးခန္း၊ ေ႐ႊေတာ္ဝင္ေဆး႐ုံကေန ယင္းမာပင္ၿမိဳ႕နယ္က မိုင္းလုပ္သားေဆး႐ုံမွာ ကုသမႈခံယူေနတယ္လို႔ သိရပါတယ္။

ရန္ႏိုင္စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013