DVB Logo
Home
မြန်မာသတင်း
ယာဉ်မတော်တဆဖြစ်ပြီး ကားအတွင်း ညပ်နေသူ ၂ ဦးကို မီးသတ်တပ်ဖွဲ့ ကယ်ထုတ်၊ ၁ ဦး သေဆုံး
DVB
·
September 8, 2019
ယာဉ်မတော်တဆဖြစ်ပြီး ကားအတွင်း ညပ်နေသူ ၂ ဦးကို မီးသတ်တပ်ဖွဲ့ ကယ်ထုတ်၊ ၁ ဦး သေဆုံး
Donate to DVB

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ယာဉ်မတော်တဆဖြစ်ပြီး ကားခေါင်းခန်းအတွင်း ညပ်နေသူ ၂ ဦးအား မီးသတ်တပ်ဖွဲ့က သွားရောက်ကယ်ထုတ်ခဲ့ပြီး ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ရွှေပြည်သာမြို့နယ်၊ ၂၄ ရပ်ကွက်၊ အမှတ် ၄ လမ်း၊ Denko စက်သုံးဆီအရောင်းဆိုင်၊ အရှေ့လမ်းဘေးမှာ ရပ်နားထားတဲ့ GNC အမျိုးအစား ၂၂ ဘီး ကွန်တိန်နာယာဉ်(အဖြူရောင်)ရဲ့ အနောက်ဖရိန်တန်းအား အင်းစိန်ဘက်ကနေ မှော်ဘီဘက်ကနေ အမှတ် ၄ လမ်းအတိုင်း မောင်းနှင်လာတဲ့ Light Truck အမျိုးအစား(အဖြူရောင်)ယာဉ်က နောက်ကနေ ဝင်တိုက်ခဲ့တာလို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Light Truck ယာဉ်ပေါ်ရှိ ယာဉ်မောင်းနဲ့ လိုက်ပါစီးနင်းသူ ကျား ၂ ဦး ကားခေါင်းခန်းအတွင်း ညပ်မိနေကြောင်း သတင်းရလို့ မြောက်ပိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်ပြီး ရွှေပြည်သာစက်မှုဇုန် နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ အင်းစိန်မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်း (မစိုးရိမ်ရ) နဲ့ လိုက်ပါစီးနင်းသူ (သေဆုံး)တို့ကို နာရေးကူညီမှုအသင်း ကားတွေနဲ့ အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

~~~~~~~~~~~~~~~~~~

Zawgyi_version

ယာဥ္မေတာ္တဆျဖစ္ၿပီး ကားအတြင္း ညပ္ေနသူ ၂ ဦးကို မီးသတ္တပ္ဖြဲ႕ ကယ္ထုတ္၊ ၁ ဦး ေသဆုံး

ရန္ကုန္တိုင္း၊ ေ႐ႊျပည္သာၿမိဳ႕နယ္မွာ ယာဥ္မေတာ္တဆျဖစ္ၿပီး ကားေခါင္းခန္းအတြင္း ညပ္ေနသူ ၂ ဦးအား မီးသတ္တပ္ဖြဲ႕က သြားေရာက္ကယ္ထုတ္ခဲ့ၿပီး ၁ ဦး ေသဆုံးသြားတယ္လို႔ သိရပါတယ္။

ေ႐ႊျပည္သာၿမိဳ႕နယ္၊ ၂၄ ရပ္ကြက္၊ အမွတ္ ၄ လမ္း၊ Denko စက္သုံးဆီအေရာင္းဆိုင္၊ အေရွ႕လမ္းေဘးမွာ ရပ္နားထားတဲ့ GNC အမ်ိဳးအစား ၂၂ ဘီး ကြန္တိန္နာယာဥ္(အျဖဴေရာင္)ရဲ႕ အေနာက္ဖရိန္တန္းအား အင္းစိန္ဘက္ကေန ေမွာ္ဘီဘက္ကေန အမွတ္ ၄ လမ္းအတိုင္း ေမာင္းႏွင္လာတဲ့ Light Truck အမ်ိဳးအစား(အျဖဴေရာင္)ယာဥ္က ေနာက္ကေန ဝင္တိုက္ခဲ့တာလို႔ မီးသတ္တပ္ဖြဲ႕က ထုတ္ျပန္ထားပါတယ္။

Light Truck ယာဥ္ေပၚရွိ ယာဥ္ေမာင္းနဲ႔ လိုက္ပါစီးနင္းသူ က်ား ၂ ဦး ကားေခါင္းခန္းအတြင္း ညပ္မိေနေၾကာင္း သတင္းရလို႔ ေျမာက္ပိုင္းခ႐ိုင္မီးသတ္ဦးစီးမႉး ဦးေဆာင္ၿပီး ေ႐ႊျပည္သာစက္မႈဇုန္ နယ္ေျမမီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္ ၁ စီး၊ အင္းစိန္ၿမိဳ႕နယ္ မီးသတ္စခန္းမွ ရွာေဖြကယ္ဆယ္ေရးယာဥ္ ၁ စီး၊ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္ေတြ၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္ေတြနဲ႔ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့တယ္လို႔ ဆိုပါတယ္။

ယာဥ္မေတာ္တဆမႈေၾကာင့္ ယာဥ္ေမာင္း (မစိုးရိမ္ရ) နဲ႔ လိုက္ပါစီးနင္းသူ (ေသဆုံး)တို႔ကို နာေရးကူညီမႈအသင္း ကားေတြနဲ႔ အင္းစိန္ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့တယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013