DVB Logo
Home
မြန်မာသတင်း
ဒါရိုက်တာမင်းထင်ကိုကိုကြီးအား ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း ထောက်ပံ့ငွေ ပေးအပ်မည်
DVB
·
September 7, 2019
ဒါရိုက်တာမင်းထင်ကိုကိုကြီးအား ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း ထောက်ပံ့ငွေ ပေးအပ်မည်
Donate to DVB

လက်ရှိအကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ဒါရိုက်တာမင်းထင်ကိုကိုကြီးအား ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းက ထောက်ပံ့ငွေ ပေးအပ်မယ်လို့ သိရပါတယ်။

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ရဲ့ (၃၈) ကြိမ်မြောက် အစည်းအဝေးကို မနက်ပိုင်းက ပုဇွန်တောင်၊ လမ်း ၅၀ ရှိ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း ဆေးခန်းမှာ ကျင်းပပြုလုပ်ခဲ့ရာ ဖောင်ဒေးရှင်း နာယကကြီး ဆရာဦးမိုးသူ၊ ဖောင်ဒေးရှင်းဥက္ကဋ္ဌ(ယာယီ) ဆရာမုံရွာအောင်ရှင်နဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့ ကျင်းပပြုလုပ်မယ့် ဖောင်ဒေးရှင်းရဲ့ ၃၈ ကြိမ်မြောက် ထောက်ပံ့ငွေ ပေးအပ်ပွဲနဲ့ အလှူရှင်များ ဂုဏ်ပြုပွဲမှာ လက်ရှိ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ဒါရိုက်တာ မင်းထင်ကိုကိုကြီးနဲ့ အသက် ၉၄ နှစ်ရှိပြီ ဖြစ်တဲ့ အန်အယ်လ်ဒီ သဘာပတိအဖွဲ့ဝင်နိုင်ငံရေး အကျဉ်းသားဟောင်း ဦးလှဖေ အပါအဝင် နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့ ဘဝတူ စာနယ်ဇင်းသမား ၉ ယောက်၊ NLD လူငယ်ဘုံရိပ်သာတို့အတွက် ထောက်ပံ့ငွေ စုစုပေါင်း ၂၁ သိန်း ထောက်ပံ့ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် ရပ်နားထားတဲ့ ဆရာကြီးဟံသာဝတီဦးဝင်းတင်ရဲ့ စာပေဝိုင်း ဆွေးနွေးပွဲကိုလည်း လာမယ့်အောက်တိုဘာလမှာ ပြန်လည်ကျင်းပပြုလုပ်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဒါ႐ိုက္တာမင္းထင္ကိုကိုႀကီးအား ဟံသာဝတီဦးဝင္းတင္ ေဖာင္ေဒးရွင္း ေထာက္ပံ့ေငြ ေပးအပ္မည္

လက္ရွိအက်ဥ္းက်ေနတဲ့ ႏိုင္ငံေရးအက်ဥ္းသား ဒါ႐ိုက္တာမင္းထင္ကိုကိုႀကီးအား ဟံသာဝတီဦးဝင္းတင္ ေဖာင္ေဒးရွင္းက ေထာက္ပံ့ေငြ ေပးအပ္မယ္လို႔ သိရပါတယ္။

ဟံသာဝတီဦးဝင္းတင္ေဖာင္ေဒးရွင္း အလုပ္အမႈေဆာင္အဖြဲ႕ရဲ႕ (၃၈) ႀကိမ္ေျမာက္ အစည္းအေဝးကို မနက္ပိုင္းက ပုဇြန္ေတာင္၊ လမ္း ၅၀ ရွိ ဟံသာဝတီဦးဝင္းတင္ေဖာင္ေဒးရွင္း ေဆးခန္းမွာ က်င္းပျပဳလုပ္ခဲ့ရာ ေဖာင္ေဒးရွင္း နာယကႀကီး ဆရာဦးမိုးသူ၊ ေဖာင္ေဒးရွင္းဥကၠ႒(ယာယီ) ဆရာမုံ႐ြာေအာင္ရွင္နဲ႔ အလုပ္အမႈေဆာင္အဖြဲ႕ဝင္ေတြ တက္ေရာက္ခဲ့ၾကပါတယ္။

အစည္းအေဝးမွာ လာမယ့္ စက္တင္ဘာ ၁၂ ရက္ေန႔ က်င္းပျပဳလုပ္မယ့္ ေဖာင္ေဒးရွင္းရဲ႕ ၃၈ ႀကိမ္ေျမာက္ ေထာက္ပံ့ေငြ ေပးအပ္ပြဲနဲ႔ အလႉရွင္မ်ား ဂုဏ္ျပဳပြဲမွာ လက္ရွိ အက်ဥ္းက်ခံေနရတဲ့ ႏိုင္ငံေရးအက်ဥ္းသား ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီးနဲ႔ အသက္ ၉၄ ႏွစ္ရွိၿပီ ျဖစ္တဲ့ အန္အယ္လ္ဒီ သဘာပတိအဖြဲ႕ဝင္ႏိုင္ငံေရး အက်ဥ္းသားေဟာင္း ဦးလွေဖ အပါအဝင္ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းနဲ႔ ဘဝတူ စာနယ္ဇင္းသမား ၉ ေယာက္၊ NLD လူငယ္ဘုံရိပ္သာတို႔အတြက္ ေထာက္ပံ့ေငြ စုစုေပါင္း ၂၁ သိန္း ေထာက္ပံ့ေပးအပ္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

ဒါ့အျပင္ ရပ္နားထားတဲ့ ဆရာႀကီးဟံသာဝတီဦးဝင္းတင္ရဲ႕ စာေပဝိုင္း ေဆြးေႏြးပြဲကိုလည္း လာမယ့္ေအာက္တိုဘာလမွာ ျပန္လည္က်င္းပျပဳလုပ္သြားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013