DVB Logo
Home
မြန်မာသတင်း
အရောင်းနှင့် အရောင်းမြှင့်တင်ရေးအလုပ် အများဆုံး လိုအပ်ချက်ရှိနေဟု စစ်တမ်းတွင်ဖော်ပြ
DVB
·
September 7, 2019
အရောင်းနှင့် အရောင်းမြှင့်တင်ရေးအလုပ် အများဆုံး လိုအပ်ချက်ရှိနေဟု စစ်တမ်းတွင်ဖော်ပြ
Donate to DVB

လက်ရှိကာလမှာ အရောင်းနဲ့ အရောင်းမြှင့်တင်ရေးအလုပ်ဟာ အများဆုံး လိုအပ်ချက် ရှိနေတယ်လို့ အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဝက်ဆိုက်ရဲ့ စစ်တမ်းက ဆိုပါတယ်။

Jobnet.com.mm ရဲ့ အခုနှစ် ဒုတိယ ၃ လပတ်စစ်တမ်းမှာ ဖော်ပြထားတာဖြစ်ပြီး ကုမ္ပဏီလုပ်ငန်းကြီးတွေက ပိုပြီးလိုအပ်နေတာ ဖြစ်ပါတယ်။

အရောင်းဝန်ထမ်းအလုပ်ရဲ့ နောက်မှာတော့ စာရင်းကိုင်နဲ့ ငွေကြေး၊ အရောင်းမြှင့်တင်ရေးနဲ့ မီဒီယာ၊ အင်ဂျင်နီယာ၊ အိုင်တီ၊ ရုံးပိုင်းအုပ်ချုပ်ရေး၊ HR အလုပ်တွေ အများဆုံး လိုအပ်နေတာပါ။

ဒီအလုပ်တွေအတွက် မန်နေဂျာအဆင့်နဲ့ အတွေ့အကြုံရှိသူတွေကိုပဲ အများဆုံး ခေါ်ယူနေတာ ဖြစ်ပြီး အတွေ့အကြုံမရှိသူတွေကိုတော့ သိပ်ပြီးခေါ်တာ မရှိပါဘူး။ အရောင်းနဲ့ မားကက်တင်းပိုင်းမှာတော့ မန်နေဂျာအဆင့်တွေ ခေါ်တာဟာ တခြားအလုပ်တွေထက် သိသိသာသာ များနေတာကို တွေ့ရပါတယ်။

ပြီးတော့ လုပ်ငန်းအလတ်နဲ့ အငယ်စားတွေကတော့ အရောင်းမြှင့်တင်ရေးနဲ့ မီဒီယာ၊ အိုင်တီနဲ့ ပညာရေး၊ ကလေးစောင့်ရှောက်တဲ့ အလုပ်အကိုင်တွေကို ရာခိုင်နှုန်းအရ ကုမ္ပဏီကြီးတွေထက် ပိုပြီး လိုအပ်နေတာ တွေ့ရပါတယ်။ ကုန်ထုတ်လုပ်မှုပိုင်းနဲ့ ပညာရေး၊ ကလေး စောင့်ရှောက်တဲ့ အလုပ်အကိုင်ကတော့ လိုအပ်ချက် အနည်းဆုံး ဖြစ်ပါတယ်။

အများဆုံး လျှောက်လွှာတင်ကြတဲ့ အလုပ်တွေမှာလည်း အရောင်းနဲ့ စာရင်းကိုင်တို့က ထိပ်ဆုံးမှာဖြစ်ပြီး သူ့နောက်မှာ အင်ဂျင်နီယာ၊ HR ၊ ရုံးပိုင်းအုပ်ချုပ်ရေး၊ အရောင်းမြှင့်တင်ရေးနဲ့ မီဒီယာ၊ အိုင်တီတို့ ရှိနေပါတယ်။ ဒါကြောင့် အများအားဖြင့်တော့ အလုပ်လိုအပ်ချက်နဲ့ လျှောက်ထားတာဟာ မျှတနေတာကိုတွေ့ရပါတယ်။

စစ်တမ်းအရ လစာမှာကတော့ အတွေ့အကြုံမရှိသူတွေဟာ ပျမ်းမျှ ကျပ် ၃ သိန်းကျော် ရကြပြီး အတွေ့အကြုံရှိသူတွေက ၆ သိန်း၊ မန်နေဂျာအဆင့်တွေကတော့ ၁၁ သိန်း ဝန်းကျင် ရကြပါတယ်။ ဒီထဲမှာ နိုင်ငံခြားကုမ္ပဏီနဲ့ မြန်မာကုမ္ပဏီကြားမှာ လစာပေးနှုန်း သိပ်မကွာဘဲ မန်နေဂျာအဆင့်မှာတော့ နိုင်ငံခြားကုမ္ပဏီက သိသိသာသာ ပိုများတာကို တွေ့ရပါတယ်။

လစာအများဆုံးရတဲ့ အလုပ်အကိုင်တွေကတော့ မန်နေဂျာအဆင့်တွေ၊ စီမံကိန်းတာဝန်ခံတွေ၊ ဥပဒေရေးရာ၊ အိုင်တီတို့က အမြင့်ဆုံးဖြစ်ပြီး အရောင်းဝန်ထမ်းနဲ့ အရောင်းမြှင့်တင်ရေး အလုပ်ကလည်း လစာများတဲ့အထဲမှာ ပါပါတယ်။

Jobnet.com.mm မှာ လျှောက်လွှာတင်ကြသူတွေထဲမှာတော့ အမျိုးသမီးဦးရေက နည်းနည်းပိုနေပြီး စာရင်းကိုင်နဲ့ ငွေကြေး၊ HR အလုပ်တွေနဲ့ ပညာရေးဆိုင်ရာ အလုပ်တွေမှာ အမျိုးသမီးတွေက သိသိသာသာကို ပိုပြီး လျှောက်ထားကြတာကို တွေ့ရပေမယ့် တခြား အလုပ်အကိုင်တွေကိုလည်း အနည်းဆုံး ၂၀ ရာခိုင်နှုန်းထက် ပိုပြီး လျှောက်ထားကြပါတယ်။

Jobnet.com.mm ဟာ မြန်မာနိုင်ငံရဲ့ အလုပ်ရှာဖွေရေး ဝက်ဘ်ဆိုဒ်တခုဖြစ်ပြီး လစဉ် အလုပ်လျှောက်လွှာပေါင်း ၁၂၀၀၀၀ ကျော်ရရှိနေတယ်လို့ ဆိုပါတယ်။ သိပ်မကြာခင်ကတော့ စာရွက်မလိုတဲ့ ဒစ်ဂျစ်တယ် စီဗွီစနစ်ကို Jobnet က မိတ်ဆက်ခဲ့ပြီး လာမယ့် စက်တင်ဘာ ၂၁ ရက်မှာ လုပ်မယ့် အလုပ်အကိုင်ပြပွဲမှာ ဒီစနစ်ကို အပြည့်အဝ သုံးသွားမယ်လို့ ဆိုပါတယ်။

Jobnet ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ Mr. Matt De Luca က “အလုပ်ရှင်တွေဟာ သူတို့ရဲ့ ဒစ်ဂျစ်တယ်အိုင်ဒီကို အလုပ်အကိုင်ပြပွဲမှာရှိတဲ့ သူတို့ကောင်တာရဲ့ အရှေ့မှာ အလုပ်ရှာဖွေသူတွေ အလွယ်တကူမြင်အောင် ပြထားနိုင်မှာဖြစ်ပြီး ကလစ်တချက်နှိပ်ရုံနဲ့ ကုမ္ပဏီအကြောင်းကို အွန်လိုင်းကတဆင့် အလွယ်တကူသိနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ အလုပ်ရှာတဲ့သူတွေဟာလည်း သူတို့ရဲ့ ကိုယ်ပိုင် ဒစ်ဂျစ်တယ်စီဗွီကို သူတို့အိတ်ထဲမှာ အမြဲထည့်နိုင်ပြီဆိုတော့ သူတို့ဘဝကို ပြောင်းလဲစေမယ့် အလုပ်အကိုင် အခွင့်အလမ်းတွေကို ဘယ်တော့မှ လက်လွတ်မှာ မဟုတ်တော့ဘူးပေါ့’’ လို့ ပြောပါတယ်။

ဒစ်ဂျစ်တယ်စီဗွီ မရှိသေးသူတွေအတွက်လည်း ပြပွဲအဝင်မှာပဲ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

အေရာင္းႏွင့္ အေရာင္းျမႇင့္တင္ေရးအလုပ္ အမ်ားဆုံး လိုအပ္ခ်က္ရွိေနဟု စစ္တမ္းတြင္ေဖာ္ျပ

လက္ရွိကာလမွာ အေရာင္းနဲ႔ အေရာင္းျမႇင့္တင္ေရးအလုပ္ဟာ အမ်ားဆုံး လိုအပ္ခ်က္ ရွိေနတယ္လို႔ အြန္လိုင္းအလုပ္အကိုင္ရွာေဖြေရးဝက္ဆိုက္ရဲ႕ စစ္တမ္းက ဆိုပါတယ္။

Jobnet.com.mm ရဲ႕ အခုႏွစ္ ဒုတိယ ၃ လပတ္စစ္တမ္းမွာ ေဖာ္ျပထားတာျဖစ္ၿပီး ကုမၸဏီလုပ္ငန္းႀကီးေတြက ပိုၿပီးလိုအပ္ေနတာ ျဖစ္ပါတယ္။

အေရာင္းဝန္ထမ္းအလုပ္ရဲ႕ ေနာက္မွာေတာ့ စာရင္းကိုင္နဲ႔ ေငြေၾကး၊ အေရာင္းျမႇင့္တင္ေရးနဲ႔ မီဒီယာ၊ အင္ဂ်င္နီယာ၊ အိုင္တီ၊ ႐ုံးပိုင္းအုပ္ခ်ဳပ္ေရး၊ HR အလုပ္ေတြ အမ်ားဆုံး လိုအပ္ေနတာပါ။

ဒီအလုပ္ေတြအတြက္ မန္ေနဂ်ာအဆင့္နဲ႔ အေတြ႕အႀကဳံရွိသူေတြကိုပဲ အမ်ားဆုံး ေခၚယူေနတာ ျဖစ္ၿပီး အေတြ႕အႀကဳံမရွိသူေတြကိုေတာ့ သိပ္ၿပီးေခၚတာ မရွိပါဘူး။ အေရာင္းနဲ႔ မားကက္တင္းပိုင္းမွာေတာ့ မန္ေနဂ်ာအဆင့္ေတြ ေခၚတာဟာ တျခားအလုပ္ေတြထက္ သိသိသာသာ မ်ားေနတာကို ေတြ႕ရပါတယ္။

ၿပီးေတာ့ လုပ္ငန္းအလတ္နဲ႔ အငယ္စားေတြကေတာ့ အေရာင္းျမႇင့္တင္ေရးနဲ႔ မီဒီယာ၊ အိုင္တီနဲ႔ ပညာေရး၊ ကေလးေစာင့္ေရွာက္တဲ့ အလုပ္အကိုင္ေတြကို ရာခိုင္ႏႈန္းအရ ကုမၸဏီႀကီးေတြထက္ ပိုၿပီး လိုအပ္ေနတာ ေတြ႕ရပါတယ္။ ကုန္ထုတ္လုပ္မႈပိုင္းနဲ႔ ပညာေရး၊ ကေလး ေစာင့္ေရွာက္တဲ့ အလုပ္အကိုင္ကေတာ့ လိုအပ္ခ်က္ အနည္းဆုံး ျဖစ္ပါတယ္။

အမ်ားဆုံး ေလွ်ာက္လႊာတင္ၾကတဲ့ အလုပ္ေတြမွာလည္း အေရာင္းနဲ႔ စာရင္းကိုင္တို႔က ထိပ္ဆုံးမွာျဖစ္ၿပီး သူ႔ေနာက္မွာ အင္ဂ်င္နီယာ၊ HR ၊ ႐ုံးပိုင္းအုပ္ခ်ဳပ္ေရး၊ အေရာင္းျမႇင့္တင္ေရးနဲ႔ မီဒီယာ၊ အိုင္တီတို႔ ရွိေနပါတယ္။ ဒါေၾကာင့္ အမ်ားအားျဖင့္ေတာ့ အလုပ္လိုအပ္ခ်က္နဲ႔ ေလွ်ာက္ထားတာဟာ မွ်တေနတာကိုေတြ႕ရပါတယ္။

စစ္တမ္းအရ လစာမွာကေတာ့ အေတြ႕အႀကဳံမရွိသူေတြဟာ ပ်မ္းမွ် က်ပ္ ၃ သိန္းေက်ာ္ ရၾကၿပီး အေတြ႕အႀကဳံရွိသူေတြက ၆ သိန္း၊ မန္ေနဂ်ာအဆင့္ေတြကေတာ့ ၁၁ သိန္း ဝန္းက်င္ ရၾကပါတယ္။ ဒီထဲမွာ ႏိုင္ငံျခားကုမၸဏီနဲ႔ ျမန္မာကုမၸဏီၾကားမွာ လစာေပးႏႈန္း သိပ္မကြာဘဲ မန္ေနဂ်ာအဆင့္မွာေတာ့ ႏိုင္ငံျခားကုမၸဏီက သိသိသာသာ ပိုမ်ားတာကို ေတြ႕ရပါတယ္။

လစာအမ်ားဆုံးရတဲ့ အလုပ္အကိုင္ေတြကေတာ့ မန္ေနဂ်ာအဆင့္ေတြ၊ စီမံကိန္းတာဝန္ခံေတြ၊ ဥပေဒေရးရာ၊ အိုင္တီတို႔က အျမင့္ဆုံးျဖစ္ၿပီး အေရာင္းဝန္ထမ္းနဲ႔ အေရာင္းျမႇင့္တင္ေရး အလုပ္ကလည္း လစာမ်ားတဲ့အထဲမွာ ပါပါတယ္။

Jobnet.com.mm မွာ ေလွ်ာက္လႊာတင္ၾကသူေတြထဲမွာေတာ့ အမ်ိဳးသမီးဦးေရက နည္းနည္းပိုေနၿပီး စာရင္းကိုင္နဲ႔ ေငြေၾကး၊ HR အလုပ္ေတြနဲ႔ ပညာေရးဆိုင္ရာ အလုပ္ေတြမွာ အမ်ိဳးသမီးေတြက သိသိသာသာကို ပိုၿပီး ေလွ်ာက္ထားၾကတာကို ေတြ႕ရေပမယ့္ တျခား အလုပ္အကိုင္ေတြကိုလည္း အနည္းဆုံး ၂၀ ရာခိုင္ႏႈန္းထက္ ပိုၿပီး ေလွ်ာက္ထားၾကပါတယ္။

Jobnet.com.mm ဟာ ျမန္မာႏိုင္ငံရဲ႕ အလုပ္ရွာေဖြေရး ဝက္ဘ္ဆိုဒ္တခုျဖစ္ၿပီး လစဥ္ အလုပ္ေလွ်ာက္လႊာေပါင္း ၁၂၀၀၀၀ ေက်ာ္ရရွိေနတယ္လို႔ ဆိုပါတယ္။ သိပ္မၾကာခင္ကေတာ့ စာ႐ြက္မလိုတဲ့ ဒစ္ဂ်စ္တယ္ စီဗြီစနစ္ကို Jobnet က မိတ္ဆက္ခဲ့ၿပီး လာမယ့္ စက္တင္ဘာ ၂၁ ရက္မွာ လုပ္မယ့္ အလုပ္အကိုင္ျပပြဲမွာ ဒီစနစ္ကို အျပည့္အဝ သုံးသြားမယ္လို႔ ဆိုပါတယ္။

Jobnet ရဲ႕ အုပ္ခ်ဳပ္မႈ ဒါ႐ိုက္တာ Mr. Matt De Luca က “အလုပ္ရွင္ေတြဟာ သူတို႔ရဲ႕ ဒစ္ဂ်စ္တယ္အိုင္ဒီကို အလုပ္အကိုင္ျပပြဲမွာရွိတဲ့ သူတို႔ေကာင္တာရဲ႕ အေရွ႕မွာ အလုပ္ရွာေဖြသူေတြ အလြယ္တကူျမင္ေအာင္ ျပထားႏိုင္မွာျဖစ္ၿပီး ကလစ္တခ်က္ႏွိပ္႐ုံနဲ႔ ကုမၸဏီအေၾကာင္းကို အြန္လိုင္းကတဆင့္ အလြယ္တကူသိႏိုင္မွာ ျဖစ္ပါတယ္။ ၿပီးေတာ့ အလုပ္ရွာတဲ့သူေတြဟာလည္း သူတို႔ရဲ႕ ကိုယ္ပိုင္ ဒစ္ဂ်စ္တယ္စီဗြီကို သူတို႔အိတ္ထဲမွာ အၿမဲထည့္ႏိုင္ၿပီဆိုေတာ့ သူတို႔ဘဝကို ေျပာင္းလဲေစမယ့္ အလုပ္အကိုင္ အခြင့္အလမ္းေတြကို ဘယ္ေတာ့မွ လက္လြတ္မွာ မဟုတ္ေတာ့ဘူးေပါ့’’ လို႔ ေျပာပါတယ္။

ဒစ္ဂ်စ္တယ္စီဗြီ မရွိေသးသူေတြအတြက္လည္း ျပပြဲအဝင္မွာပဲ ျပဳလုပ္ေပးသြားမွာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013