DVB Logo
Home
မြန်မာသတင်း
NCA စာချုပ်က အားလုံး ပူးတွဲတာဝန်ယူရမည့် ပဋိညာဉ်ဖြစ်ဟု NRPC ဒုဥက္ကဋ္ဌပြော
DVB
·
September 7, 2019
NCA စာချုပ်က အားလုံး ပူးတွဲတာဝန်ယူရမည့် ပဋိညာဉ်ဖြစ်ဟု NRPC ဒုဥက္ကဋ္ဌပြော
Donate to DVB

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး (NCA) စာချုပ်က အားလုံးပူးတွဲ တာဝန်ယူ တာဝန်ခံရမယ့် ပဋိညာဉ်ဖြစ်ပြီး လမ်းကြောင်းအသစ်တွေ ဖော်ဆောင်တာက ကိုယ့်ပဋိညာဉ်ကိုပြန်ဖျက်ရာရောက်နိုင်တယ်လို့ NRPC ဒုဥက္ကဋ္ဌက ပြောပါတယ်။ 

ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ NRPC က တာဝန်ရှိသူတွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုယ်စားလှယ်အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာပါ။

နိုင်ငံတော်အစိုးရအနေနဲ့ ဒီမိုကရေစီရေး အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်တွေ အပြည့်အဝရှိပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု ဖြစ်ပေါ်လာဖို့အတွက် ၂၁ ပင်လုံညီလာခံရဲ့ နိုင်ငံရေးစားပွဲဝိုင်းတွေမှာ နိုင်ငံရေး သဘောတူညီချက်တွေ ကြိုးပမ်းဆောင်ရွက်နေတာလို့  NRPC ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ပြောဆိုခဲ့တာပါ။

“NCA ကို မဏ္ဍိုင်ပြုပြီး ပေါ်ပေါက်ခဲ့တာ ဖြစ်တဲ့အတွက် ကျနော်တို့ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေကလည်း NCA ကနေ သွေဖည်လွဲချော်လို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လည်း နိုင်ငံတော်အစိုးရအနေနဲ့ NCA ကို ဗဟိုပြုတဲ့ လုပ်ငန်းစဉ် ၄ ရပ်ကို ဖော်ထုတ်ကမ်းလှမ်းခဲ့တာ ဖြစ်ကြောင်းလည်း သတိပြုစေလိုပါတယ်။ NCA ဟာ ကျနေ်ာတို့အားလုံး ပူးတွဲတာဝန်ယူ၊ တာဝန်ခံရမယ့် ပဋိညာဉ်ဖြစ်တာနဲ့အညီ NCA ရဲ့အပြင်ကို ထွက်ပြီးတော့ သီးခြားလမ်းကြောင်း အသစ်တွေ ဖော်ဆောင်ခြင်းဟာ ကျနော်တို့အားလုံးအတွက် ကိုယ့်အပင်တွေကို ကိုယ်ပြန်ဖျက်ရာလည်း ရောက်ပါတယ်။”

NCA စာချုပ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ သဘောတူထားတဲ့အတိုင်း အပစ်အခတ် ရပ်စဲရေးကို ခိုင်မာအောင် ဆောင်ရွက်ရမှာဖြစ်ပြီး လက်ရှိမှာတော့ အဲဒီအတိုင်း ဆောင်ရွက်နိုင်ခြင်း မရှိဘူးဆိုတာကို အားလုံးသိထားပြီးဖြစ်တယ်လို့လည်း ကရင်အမျိုးသားအစည်းအရုံး KNU ဒု ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုပါတယ်။

“တည်တံ့ခိုင်မြဲရေးနဲ့ ငြိမ်းချမ်းရေးရဖို့အတွက် တဖက်နဲ့ တဖက် ယုံကြည်မှုရှိဖို့ လိုပါတယ်။ ယုံကြည်မှု ဆိုတဲ့နေရာမှာ အမျိုးသားအကောင်အထည်ဖော်တဲ့နေရာမှာ ပံ့ပိုးမှုပေးပါ။ လက်တွေ့မှာ ကျနေ်ာတို့အနေနဲ့ ယုံကြည်မှုကို ထိပါးစေတဲ့ ဆောင်ရွက်မှုတချို့ ရှိတဲ့အပေါ်မှာ ယုံကြည်မှုရှိအောင် လုပ်ပေးပါ။”

အပစ်အခတ်ရပ်စဲရေး ခိုင်မာရေးကိစ္စက နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်မှုကို အထောက်အကူပြုသလို နိုင်ငံရေးဆွေးနွေးမှု အောင်မြင်မှုကလည်း အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် ဆောင်ရွက်နိုင်ရေး ဖြစ်တာကြောင့် အားလုံးမှ တာဝန်ရှိတယ်လို့ သူကဆိုပါတယ်။

ဒီဆွေးနွေးပွဲမှာ KNU က အစိုးရဘက်ကို ပေးထားတဲ့ အဆိုပြုလွှာထဲက ဖက်ဒရယ်ပြည်ထောင်စုကို အဆင့် ၄ ဆင့်နဲ့ တည်ဆောက်မယ့်အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆွေနွေးကြတယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

အခု အလွတ်သဘောတွေ့ဆုံတာဟာ ၈ ကြိမ်မြောက်တွေ့ဆုံတာဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နောက်ဆုံး တွေ့ဆုံခဲ့လို့ ရက်သတ္တ ၂ ပတ်ကျော်အတွင်း ဒုတိယအကြိမ် တွေ့ဆုံကြတာပါ။

အခုလာမယ့် စက်တင်ဘာလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာလည်း ရန်ကုန်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံးမှာ NCA လက်မှတ်ထိုး ၁၀ ဖွဲ့နဲ့ အစိုးရအဖွဲ့တို့တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။

KNU အပါအဝင် NCA လက်မှတ်ထိုး ၁၀ ဖွဲ့က အစိုးရနဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာတွေ ဆွေးနွေးဖို့ဆိုပြီး ညှိနှိုင်းရေး အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ NCA စာချုပ်အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့နဲ့ အပစ်အခတ်ရပ်စဲမှု ခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့တွေကို   သြဂုတ်မှာ ဖွဲ့စည်းထားခဲ့တာပါ။

~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

NCA စာခ်ဳပ္က အားလုံ ပူးတြဲတာဝန္ယူရမည့္ ပဋိညာဥ္ျဖစ္ဟု NRPC ဒုဥကၠ႒ေျပာ

တႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး (NCA) စာခ်ဳပ္က အားလုံးပူးတြဲ တာဝန္ယူ တာဝန္ခံရမယ့္ ပဋိညာဥ္ျဖစ္ၿပီး လမ္းေၾကာင္းအသစ္ေတြ ေဖာ္ေဆာင္တာက ကိုယ့္ပဋိညာဥ္ကိုျပန္ဖ်က္ရာေရာက္ႏိုင္တယ္လို႔ NRPC ဒုဥကၠ႒က ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕ ေ႐ႊလီလမ္းမွာရွိတဲ့ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာနမွာ NRPC က တာဝန္ရွိသူေတြနဲ႔ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) ကိုယ္စားလွယ္အဖြဲ႕တို႔ အလြတ္သေဘာ ေတြ႕ဆုံပြဲမွာ ေျပာဆိုခဲ့တာပါ။

ႏိုင္ငံေတာ္အစိုးရအေနနဲ႔ ဒီမိုကေရစီေရး အမ်ိဳးသားတန္းတူေရးနဲ႔ ကိုယ္ပိုင္ျပ႒ာန္းခြင့္ အာမခံခ်က္ေတြ အျပည့္အဝရွိၿပီး ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကို အေျခခံတဲ့ ျပည္ေထာင္စု ျဖစ္ေပၚလာဖို႔အတြက္ ၂၁ ပင္လုံညီလာခံရဲ႕ ႏိုင္ငံေရးစားပြဲဝိုင္းေတြမွာ ႏိုင္ငံေရး သေဘာတူညီခ်က္ေတြ ႀကိဳးပမ္းေဆာင္႐ြက္ေနတာလို႔  NRPC ဒုဥကၠ႒ ဦးထြန္းထြန္းဦးက ေျပာဆိုခဲ့တာပါ။

“NCA ကို မ႑ိဳင္ျပဳၿပီး ေပၚေပါက္ခဲ့တာ ျဖစ္တဲ့အတြက္ က်ေနာ္တို႔ ေရွ႕ဆက္သြားမယ့္ လုပ္ငန္းစဥ္ေတြကလည္း NCA ကေန ေသြဖည္လြဲေခ်ာ္လို႔ မျဖစ္ႏိုင္ပါဘူး။ ဒါေၾကာင့္လည္း ႏိုင္ငံေတာ္အစိုးရအေနနဲ႔ NCA ကို ဗဟိုျပဳတဲ့ လုပ္ငန္းစဥ္ ၄ ရပ္ကို ေဖာ္ထုတ္ကမ္းလွမ္းခဲ့တာ ျဖစ္ေၾကာင္းလည္း သတိျပဳေစလိုပါတယ္။ NCA ဟာ က်ေန္ာတို႔အားလုံး ပူးတြဲတာဝန္ယူ၊ တာဝန္ခံရမယ့္ ပဋိညာဥ္ျဖစ္တာနဲ႔အညီ NCA ရဲ႕အျပင္ကို ထြက္ၿပီးေတာ့ သီးျခားလမ္းေၾကာင္း အသစ္ေတြ ေဖာ္ေဆာင္ျခင္းဟာ က်ေနာ္တို႔အားလုံးအတြက္ ကိုယ့္အပင္ေတြကို ကိုယ္ျပန္ဖ်က္ရာလည္း ေရာက္ပါတယ္။”

NCA စာခ်ဳပ္ကို အေကာင္အထည္ေဖာ္တဲ့ေနရာမွာ သေဘာတူထားတဲ့အတိုင္း အပစ္အခတ္ ရပ္စဲေရးကို ခိုင္မာေအာင္ ေဆာင္႐ြက္ရမွာျဖစ္ၿပီး လက္ရွိမွာေတာ့ အဲဒီအတိုင္း ေဆာင္႐ြက္ႏိုင္ျခင္း မရွိဘူးဆိုတာကို အားလုံးသိထားၿပီးျဖစ္တယ္လို႔လည္း ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU ဒု ဥကၠ႒ ပဒိုေစာကြယ္ထူးဝင္းက ေျပာဆိုပါတယ္။

“တည္တံ့ခိုင္ၿမဲေရးနဲ႔ ၿငိမ္းခ်မ္းေရးရဖို႔အတြက္ တဖက္နဲ႔ တဖက္ ယုံၾကည္မႈရွိဖို႔ လိုပါတယ္။ ယုံၾကည္မႈ ဆိုတဲ့ေနရာမွာ အမ်ိဳးသားအေကာင္အထည္ေဖာ္တဲ့ေနရာမွာ ပံ့ပိုးမႈေပးပါ။ လက္ေတြ႕မွာ က်ေန္ာတို႔အေနနဲ႔ ယုံၾကည္မႈကို ထိပါးေစတဲ့ ေဆာင္႐ြက္မႈတခ်ိဳ႕ ရွိတဲ့အေပၚမွာ ယုံၾကည္မႈရွိေအာင္ လုပ္ေပးပါ။”

အပစ္အခတ္ရပ္စဲေရး ခိုင္မာေရးကိစၥက ႏိုင္ငံေရးေဆြးေႏြးပြဲေတြ ေအာင္ျမင္မႈကို အေထာက္အကူျပဳသလို ႏိုင္ငံေရးေဆြးေႏြးမႈ ေအာင္ျမင္မႈကလည္း အပစ္အခတ္ရပ္စဲေရး ခိုင္မာေအာင္ ေဆာင္႐ြက္ႏိုင္ေရး ျဖစ္တာေၾကာင့္ အားလုံးမွ တာဝန္ရွိတယ္လို႔ သူကဆိုပါတယ္။

ဒီေဆြးေႏြးပြဲမွာ KNU က အစိုးရဘက္ကို ေပးထားတဲ့ အဆိုျပဳလႊာထဲက ဖက္ဒရယ္ျပည္ေထာင္စုကို အဆင့္ ၄ ဆင့္နဲ႔ တည္ေဆာက္မယ့္အေၾကာင္းကို က်ယ္က်ယ္ျပန႔္ျပန႔္ေဆြေႏြးၾကတယ္လို႔ ေကအန္ယူက ထုတ္ျပန္ပါတယ္။

အခု အလြတ္သေဘာေတြ႕ဆုံတာဟာ ၈ ႀကိမ္ေျမာက္ေတြ႕ဆုံတာျဖစ္ၿပီး ၿပီးခဲ့တဲ့ ၾသဂုတ္ ၂၀ ရက္က ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕မွာ ေနာက္ဆုံး ေတြ႕ဆုံခဲ့လို႔ ရက္သတၱ ၂ ပတ္ေက်ာ္အတြင္း ဒုတိယအႀကိမ္ ေတြ႕ဆုံၾကတာပါ။

အခုလာမယ့္ စက္တင္ဘာလ ၁၀ ရက္ေန႔နဲ႔ ၁၁ ရက္ေန႔ေတြမွာလည္း ရန္ကုန္က အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ၿငိမ္းခ်မ္းေရးဗဟိုဌာန (NRPC) ႐ုံးမွာ NCA လက္မွတ္ထိုး ၁၀ ဖြဲ႕နဲ႔ အစိုးရအဖြဲ႕တို႔ေတြ႕ဆုံေဆြးေႏြးဖို႔ ရွိပါတယ္။

KNU အပါအဝင္ NCA လက္မွတ္ထိုး ၁၀ ဖြဲ႕က အစိုးရနဲ႔ ႏိုင္ငံေရး၊ စစ္ေရးဆိုင္ရာေတြ ေဆြးေႏြးဖို႔ဆိုၿပီး ညႇိႏႈိင္းေရး အဖြဲ႕ႏွစ္ဖြဲ႕ျဖစ္တဲ့ NCA စာခ်ဳပ္အေကာင္အထည္ေဖာ္မႈဆိုင္ရာ မူေဘာင္ညႇိႏႈိင္းေရးအဖြဲ႕နဲ႔ အပစ္အခတ္ရပ္စဲမႈ ခိုင္မာေရးဆိုင္ရာ ညႇိႏႈိင္းေရးအဖြဲ႕ေတြကို   ၾသဂုတ္မွာ ဖြဲ႕စည္းထားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013