DVB Logo
Home
မြန်မာသတင်း
ဇီးကုန်းတွင် ကျေးရွာတွေထဲ ရေဝင်ရောက်၊ ကယ်ဆယ်ရေးများ အရေးပေါ်ပြုလုပ်
DVB
·
September 1, 2019
ဇီးကုန်းတွင် ကျေးရွာတွေထဲ ရေဝင်ရောက်၊ ကယ်ဆယ်ရေးများ အရေးပေါ်ပြုလုပ်
1 / 4
Donate to DVB

ပဲခူးတိုင်း ဇီးကုန်းမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀ ကျော်ထဲကို စက်တင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းက စတင်ကာ ရေဝင်ရောက်နေတဲ့အတွက် အရေးပေါ်ကယ်ဆယ်ရေးတွေ ပြုလုပ်နေရပြီး ကယ်ဆယ်ရေးစခန်းတခု ဖွင့်လှစ်ကာ ကူညီဆောင်ရွက်နေရတယ်လို့ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနက ပြောပါတယ်။ 

တောင်ညိုဆည်ရေပိုလွဲ၊ ဘော်ဘင်ဆည်ရေပိုလွှဲနဲ့ တောင်ကျရေတွေဟာ ညပိုင်းအချိန်တည်းက  စတင်ဝင်‌‌ရောက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ရေကပြန်မကျသေးဘဲ ဇီးကုန်းမြို့နယ်အထွက် မယင်းကျေးရွာအနီးတဝိုက်မှာရှိတဲ့ ရန်ကုန်-ပြည်ကားလမ်းမပေါ်မှာ ရေကျော်နေပါတယ်။ 

ကျေးရွာပေါင်း ၂၀ ကျော်နဲ့ မြို့ပေါ်ရပ်ကွက် ၃ ရပ်ကွက်ထဲ ရေဝင်ရောက်နေတာကြောင့် စာသင်ကျောင်း ၁၇ ကျောင်းလဲ ပိတ်ထားရပြီး ကယ်ဆယ်ရေးစခန်းမှာတော့ လူဦးရေ ၂၀၀ ကျော် ရောက်ရှိနေပါတယ်။  

ရေဘေးသင့် ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စားသောက်ရေးအတွက်ကို တာဝန်ရှိသူတွေ စုပေါင်းပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အလားတူ ပြည်မြို့နယ်၊ ဇီးအုပ်ကျေးရွာအုပ်စု၊ မတောင့်တကျေးရွာမှာလည်း မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေတွေ ကျေးရွာအတွင်း ဝင်ရောက်ခဲ့လို့ ကျေးရွာနေ အိမ်ထောင်စုတွေကို ရေဘေးလွတ်ရာ ဇီးအုပ်ကျေးရွာဘုန်းကြီးကျောင်းကို ပြည်ခရိုင်မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေေ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေက ကူညီကယ်ဆယ် ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဇီးကုန္းတြင္ ေက်း႐ြာေတြထဲ ေရဝင္ေရာက္၊ ကယ္ဆယ္ေရးမ်ား အေရးေပၚျပဳလုပ္

ပဲခူးတိုင္း ဇီးကုန္းၿမိဳ႕နယ္အတြင္းက ေက်း႐ြာေပါင္း ၂၀ ေက်ာ္ထဲကို စက္တင္ဘာလ ၁ ရက္ေန႔ မနက္ပိုင္းက စတင္ကာ ေရဝင္ေရာက္ေနတဲ့အတြက္ အေရးေပၚကယ္ဆယ္ေရးေတြ ျပဳလုပ္ေနရၿပီး ကယ္ဆယ္ေရးစခန္းတခု ဖြင့္လွစ္ကာ ကူညီေဆာင္႐ြက္ေနရတယ္လို႔ ဇီးကုန္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဴပ္ေရးဦးစီးဌာနက ေျပာပါတယ္။

ေတာင္ညိဳဆည္ေရပိုလြဲ၊ ေဘာ္ဘင္ဆည္ေရပိုလႊဲနဲ႔ ေတာင္က်ေရေတြဟာ ညပိုင္းအခ်ိန္တည္းက  စတင္ဝင္‌‌ေရာက္ခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္ထိ ေရကျပန္မက်ေသးဘဲ ဇီးကုန္းၿမိဳ႕နယ္အထြက္ မယင္းေက်း႐ြာအနီးတဝိုက္မွာရွိတဲ့ ရန္ကုန္-ျပည္ကားလမ္းမေပၚမွာ ေရေက်ာ္ေနပါတယ္။

ေက်း႐ြာေပါင္း ၂၀ ေက်ာ္နဲ႔ ၿမိဳ႕ေပၚရပ္ကြက္ ၃ ရပ္ကြက္ထဲ ေရဝင္ေရာက္ေနတာေၾကာင့္ စာသင္ေက်ာင္း ၁၇ ေက်ာင္းလဲ ပိတ္ထားရၿပီး ကယ္ဆယ္ေရးစခန္းမွာေတာ့ လူဦးေရ ၂၀၀ ေက်ာ္ ေရာက္ရွိေနပါတယ္။

ေရေဘးသင့္ ျပည္သူေတြအတြက္ က်န္းမာေရး ေစာင့္ေရွာက္မႈနဲ႔ စားေသာက္ေရးအတြက္ကို တာဝန္ရွိသူေတြ စုေပါင္းၿပီး ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

အလားတူ ျပည္ၿမိဳ႕နယ္၊ ဇီးအုပ္ေက်း႐ြာအုပ္စု၊ မေတာင့္တေက်း႐ြာမွာလည္း မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေတာင္က်ေရေတြ ေက်း႐ြာအတြင္း ဝင္ေရာက္ခဲ့လို႔ ေက်း႐ြာေန အိမ္ေထာင္စုေတြကို ေရေဘးလြတ္ရာ ဇီးအုပ္ေက်း႐ြာဘုန္းႀကီးေက်ာင္းကို ျပည္ခ႐ိုင္မီးသတ္စခန္းက သေႏၶမီးသတ္တပ္ဖြဲ႕ဝင္ေတြေ အရန္မီးသတ္တပ္ဖြဲ႕ဝင္ေတြ၊ လူမႈေရးအသင္းအဖြဲ႕ေတြက ကူညီကယ္ဆယ္ ေျပာင္းေ႐ႊ႕ေပးခဲ့ရတယ္လို႔ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕က ထုတ္ျပန္ထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013