DVB Logo
Home
Lead Story
ရင်ဖွင့်စာ
DVB
·
September 1, 2019
ရင်ဖွင့်စာ
Donate to DVB

မလှိုင်မြို့နယ်မှာ နှစ်လုံး၊  သုံးလုံး လောင်းကစားများ ပွင့်လင်းမြင်သာစွာ ပြုလုပ်နေ
မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊  ထန်းပင်ကန် ကျေးရွာမှာ နှစ်လုံး၊ သုံးလုံး တရားမဝင် လောင်းကစားများ ပွင့်လင်းမြင်သာစွာ ပြုလုပ်နေပါသဖြင့် သက်ဆိုင်ရာဌာနမှ ထိရောက်စွာ အရေးယူ ပေးစေလိုပါတယ်။ ကျေးရွာမှ ပြည်သူများဟာ တောင်သူများ ဖြစ်ပါသဖြင့် နစ်နာနေပါတယ်။
ဦးသန်းစိုး

ပညာကော်မတီများ သိအောင် ပြောပေးပါ
ဧရာဝတီတိုင်း၊  မအူပင်မြို့နယ်၊  ထနီးရွာအုပ်စု ပတုတ်ကျေးရွာမှာ အလယ်တန်းသို့ ရရှိခဲ့ပါပြီ။ ကျောင်းတွင်ရေအိုး ၁လုံး၊  တံမြက်စည်း ၁ ချောင်းတောင် မရှိပါဘူး။ ကျောင်းသား မိဘတွေခေါ်ပြီး အလှူခံပါတယ်၊ ခုံမလောက်လို့ အလှူခေါ်ပြီး ခံပါတယ်။ ထည့်နိုင်တဲ့ ကျောင်းသားမိဘကတော့ ထည့်ကြတယ်။ မထည့်နိုင်တဲ့ မိဘတွေခမျာ မျက်နှာငယ်ရတယ်။ သူတို့ကလေးတွေလည်း မျက်နှာငယ်ရတယ်။ အစိုးရကပေးတဲ့ ငွေတွေကျတော့ ဘယ်ရောက်မှန်း မသိပါဘူး။ အဲဒါလေးကို အားလုံး သိစေချင်တာပါ။ ပညာ ကော်မတီများ သိအောင် ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။
မိုးမိုး

ဝန်ထမ်းများ၏ အောက်ခြေ အဖြစ်အပျက်များ ဝန်ကြီးများ သိအောင် လုပ်စေချင် 
ဝန်ကြီးတွေက ဝန်ထမ်းတွေရဲ့ အောက်ခြေ အဖြစ်အပျက်လည်း သေချာမသိ နားမလည်၊  ကြားခံလူတွေ ပြောသမျှယုံ၊ အထက်ဖား အောက်ဖိတွေပဲ နေရာပေး။ ရာထူးတိုးလည်း သေချာ မစိစစ်ပဲ မူဘောင် ဝင်အောင် လုပ်ပြီး အရင်လူတွေလို ဆရာမွေး တပည့်မွေး ဖြစ်နေပါတယ်။      တော်သူတွေချောင်ထိုးခံရဆဲ။ စိတ်ပျက်စရာမို့ ခေတ်တိုင်း ဒီလူတွေပဲ ကောင်းစား၊ ဒီလူတွေပဲ ဆက် ခံစားကောင်းစားနေတယ်။ စိတ်ပျက်မိပါတယ်။
အမည်မဖော်လိုသူတဦး

မီးဖြတ်လိုက်တာ တနှစ်နီးပါး ရှိပါပြီ 
မကွေးတိုင်း၊  အောင်လံမြို့နယ်၊ စကြီးရွာကပါ။ ၂၀၀၈ ကတည်းက ကိုယ်ထူကိုယ်ထ ဆိုပြီး မီးလင်းဖို့ လုပ်ခဲ့တယ်။ တအိမ်ထောင်စု သုံးသိန်း လေးသိန်း ထည့်ပြီးလုပ်ခဲ့တယ်။ အခု အစိုးရ လက်ထက် မီးလင်းခဲ့ပါတယ်။ ဆောက်လက်စတိုင်တွေ ထရမ်ဖော်မာတွေကို မသုံးဘဲနဲ့ နောက်ထပ်အသစ်တွေနဲ့ပါ ခင်ဗျာ။ အခုလက်ရှိကတော့ မီးဖြတ် အရေးယူခံထားရပါတယ်။     ဖြစ်စဉ်ကတော့ စကြီးရွာရဲ့ နောက်ဘက်မှာရှိတဲ့ ရွာတွေကို မီးကြိုးဆွဲဖို့ အဆင်မပြေဖြစ်တာက စတာပါ။ ရွာသားတွေရဲ့ သဘောထားက ရွာအပြင် အန္တရာယ်ကင်းတဲ့ နေရာလေးကနေ ကြိုးဆွဲစေချင်တာပါ။ သူတို့ကတော့ ရွာအလယ်ကနေ ဖြတ်ဆွဲဖို့ လုပ်ကြတာက စပါတယ်ခင်ဗျာ။ အခုတော့ သူတို့ရဲ့ လုပ်ငန်းကို အနှောင့်အယှက်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လက်ရှိပေးနေတဲ့ စကြီးရွာ မီးကို ဖြတ်လိုက်တာ တနှစ်နီးပါးရှိပါပြီ။
သျှင်ရဲထွဋ်အောင်

မိတ္ထီလာမြို့က စည်းကမ်းမဲ့ သိုလှောင်ရောင်းချနေသည့် လောင်စာဆီဆိုင်များ အရေးယူပေးပါ
မန္တလေးတိုင်း၊  မိထ္တီလာမြို့ အရှေ့ပြင်ရပ် ဘူတာလမ်း မိထ္တီလာဘူတာမြေက အငှားချထားတဲ့ ဆိုင်ခန်းတချို့မှာ လောင်စာဆီ ဓာတ်ဆီဆိုင်တွေ စည်းကမ်းမဲ့စွာ သိုလှောင်ရောင်းချနေပါတယ်။ ထီလာဈေးအနေနဲ့ အရမ်းအန္တရာယ်များပါတယ်။ ဘယ်အချိန် မီးထလောင်မလဲလို့ အများပြည်သူ စိတ်မအေးရပါ။ မြို့နေပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းစေရန် ကြိုတင်တားမြစ်ကာကွယ်ရန် မိတ္ထီလာမြို့နယ်ရုံး၊ ရပ်ကွပ်ရုံး၊ စည်ပင်၊ ရဲစခန်း မီးသတ်ဘူတာတို့ကို အသိပေး တိုင်ကြားပေမယ့် ဆောင်ရွက်ပေးခြင်း မရှိပါ။ မိတ္ထီလာတမြို့လုံး မီးလောင် ပြာကျစေနိုင်တာကြောင့် အလေးထား ဆောင်ရွက်ပေးစေလိုကြောင်း လူကြီးများ၊ ဌာနများ သိစေဖို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။
အမည်မဖော်လိုသူတဦး

~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

မလႈိင္ၿမိဳ႕နယ္မွာ ႏွစ္လုံး၊  သုံးလုံး ေလာင္းကစားမ်ား ပြင့္လင္းျမင္သာစြာ ျပဳလုပ္ေန
မႏၲေလးတိုင္းေဒသႀကီး၊  မိတၳီလာခ႐ိုင္၊ မလႈိင္ၿမိဳ႕နယ္၊  ထန္းပင္ကန္ ေက်း႐ြာမွာ ႏွစ္လုံး၊ သုံးလုံး တရားမဝင္ ေလာင္းကစားမ်ား ပြင့္လင္းျမင္သာစြာ ျပဳလုပ္ေနပါသျဖင့္ သက္ဆိုင္ရာဌာနမွ ထိေရာက္စြာ အေရးယူ ေပးေစလိုပါတယ္။ ေက်း႐ြာမွ ျပည္သူမ်ားဟာ ေတာင္သူမ်ား ျဖစ္ပါသျဖင့္ နစ္နာေနပါတယ္။
ဦးသန္းစိုး

ပညာေကာ္မတီမ်ား သိေအာင္ ေျပာေပးပါ
ဧရာဝတီတိုင္း၊  မအူပင္ၿမိဳ႕နယ္၊  ထနီး႐ြာအုပ္စု ပတုတ္ေက်း႐ြာမွာ အလယ္တန္းသို႔ ရရွိခဲ့ပါၿပီ။ ေက်ာင္းတြင္ေရအိုး ၁လုံး၊  တံျမက္စည္း ၁ ေခ်ာင္းေတာင္ မရွိပါဘူး။ ေက်ာင္းသား မိဘေတြေခၚၿပီး အလႉခံပါတယ္၊ ခုံမေလာက္လို႔ အလႉေခၚၿပီး ခံပါတယ္။ ထည့္ႏိုင္တဲ့ ေက်ာင္းသားမိဘကေတာ့ ထည့္ၾကတယ္။ မထည့္ႏိုင္တဲ့ မိဘေတြခမ်ာ မ်က္ႏွာငယ္ရတယ္။ သူတို႔ကေလးေတြလည္း မ်က္ႏွာငယ္ရတယ္။ အစိုးရကေပးတဲ့ ေငြေတြက်ေတာ့ ဘယ္ေရာက္မွန္း မသိပါဘူး။ အဲဒါေလးကို အားလုံး သိေစခ်င္တာပါ။ ပညာ ေကာ္မတီမ်ား သိေအာင္ ဒီဗြီဘီကတဆင့္ တင္ျပလိုက္ရပါတယ္။
မိုးမိုး

ဝန္ထမ္းမ်ား၏ ေအာက္ေျခ အျဖစ္အပ်က္မ်ား ဝန္ႀကီးမ်ား သိေအာင္ လုပ္ေစခ်င္ 
ဝန္ႀကီးေတြက ဝန္ထမ္းေတြရဲ႕ ေအာက္ေျခ အျဖစ္အပ်က္လည္း ေသခ်ာမသိ နားမလည္၊  ၾကားခံလူေတြ ေျပာသမွ်ယုံ၊ အထက္ဖား ေအာက္ဖိေတြပဲ ေနရာေပး။ ရာထူးတိုးလည္း ေသခ်ာ မစိစစ္ပဲ မူေဘာင္ ဝင္ေအာင္ လုပ္ၿပီး အရင္လူေတြလို ဆရာေမြး တပည့္ေမြး ျဖစ္ေနပါတယ္။      ေတာ္သူေတြေခ်ာင္ထိုးခံရဆဲ။ စိတ္ပ်က္စရာမို႔ ေခတ္တိုင္း ဒီလူေတြပဲ ေကာင္းစား၊ ဒီလူေတြပဲ ဆက္ ခံစားေကာင္းစားေနတယ္။ စိတ္ပ်က္မိပါတယ္။
အမည္မေဖာ္လိုသူတဦး

မီးျဖတ္လိုက္တာ တႏွစ္နီးပါး ရွိပါၿပီ 
မေကြးတိုင္း၊  ေအာင္လံၿမိဳ႕နယ္၊ စႀကီး႐ြာကပါ။ ၂၀၀၈ ကတည္းက ကိုယ္ထူကိုယ္ထ ဆိုၿပီး မီးလင္းဖို႔ လုပ္ခဲ့တယ္။ တအိမ္ေထာင္စု သုံးသိန္း ေလးသိန္း ထည့္ၿပီးလုပ္ခဲ့တယ္။ အခု အစိုးရ လက္ထက္ မီးလင္းခဲ့ပါတယ္။ ေဆာက္လက္စတိုင္ေတြ ထရမ္ေဖာ္မာေတြကို မသုံးဘဲနဲ႔ ေနာက္ထပ္အသစ္ေတြနဲ႔ပါ ခင္ဗ်ာ။ အခုလက္ရွိကေတာ့ မီးျဖတ္ အေရးယူခံထားရပါတယ္။     ျဖစ္စဥ္ကေတာ့ စႀကီး႐ြာရဲ႕ ေနာက္ဘက္မွာရွိတဲ့ ႐ြာေတြကို မီးႀကိဳးဆြဲဖို႔ အဆင္မေျပျဖစ္တာက စတာပါ။ ႐ြာသားေတြရဲ႕ သေဘာထားက ႐ြာအျပင္ အႏၲရာယ္ကင္းတဲ့ ေနရာေလးကေန ႀကိဳးဆြဲေစခ်င္တာပါ။ သူတို႔ကေတာ့ ႐ြာအလယ္ကေန ျဖတ္ဆြဲဖို႔ လုပ္ၾကတာက စပါတယ္ခင္ဗ်ာ။ အခုေတာ့ သူတို႔ရဲ႕ လုပ္ငန္းကို အေႏွာင့္အယွက္ေပးတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ လက္ရွိေပးေနတဲ့ စႀကီး႐ြာ မီးကို ျဖတ္လိုက္တာ တႏွစ္နီးပါးရွိပါၿပီ။
သွ်င္ရဲထြဋ္ေအာင္

မိတၳီလာၿမိဳ႕က စည္းကမ္းမဲ့ သိုေလွာင္ေရာင္းခ်ေနသည့္ ေလာင္စာဆီဆိုင္မ်ား အေရးယူေပးပါ
မႏၲေလးတိုင္း၊  မိထၱီလာၿမိဳ႕ အေရွ႕ျပင္ရပ္ ဘူတာလမ္း မိထၱီလာဘူတာေျမက အငွားခ်ထားတဲ့ ဆိုင္ခန္းတခ်ိဳ႕မွာ ေလာင္စာဆီ ဓာတ္ဆီဆိုင္ေတြ စည္းကမ္းမဲ့စြာ သိုေလွာင္ေရာင္းခ်ေနပါတယ္။ ထီလာေဈးအေနနဲ႔ အရမ္းအႏၲရာယ္မ်ားပါတယ္။ ဘယ္အခ်ိန္ မီးထေလာင္မလဲလို႔ အမ်ားျပည္သူ စိတ္မေအးရပါ။ ၿမိဳ႕ေနျပည္သူမ်ား မီးေဘးအႏၲရာယ္ ကင္းရွင္းေစရန္ ႀကိဳတင္တားျမစ္ကာကြယ္ရန္ မိတၳီလာၿမိဳ႕နယ္႐ုံး၊ ရပ္ကြပ္႐ုံး၊ စည္ပင္၊ ရဲစခန္း မီးသတ္ဘူတာတို႔ကို အသိေပး တိုင္ၾကားေပမယ့္ ေဆာင္႐ြက္ေပးျခင္း မရွိပါ။ မိတၳီလာတၿမိဳ႕လုံး မီးေလာင္ ျပာက်ေစႏိုင္တာေၾကာင့္ အေလးထား ေဆာင္႐ြက္ေပးေစလိုေၾကာင္း လူႀကီးမ်ား၊ ဌာနမ်ား သိေစဖို႔ ဒီဗြီဘီကတဆင့္ တင္ျပလိုက္ရပါတယ္။
အမည္မေဖာ္လိုသူတဦး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013