DVB Logo
Home
မြန်မာသတင်း
ပဲခူးမြို့ ထွေအုပ်ဝန်ထမ်းတဦး၏ နေအိမ်အတွင်း စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
September 1, 2019
ပဲခူးမြို့ ထွေအုပ်ဝန်ထမ်းတဦး၏ နေအိမ်အတွင်း စိတ်ကြွဆေးများ ဖမ်းမိ
Donate to DVB

ပဲခူးတိုင်း ပဲခူးမြို့မှာ ဩဂုတ် ၃၁ ရက်နေ့ နေ့ခင်းပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတဦးရဲ့နေအိမ်ကနေ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ ရပ်ကွက်ကြီး ၇ အုပ်ချုပ် ရေးမှူး ဦးသန်းထိုက်အောင်က အတည်ပြုပြောဆိုလိုက်ပါတယ်။

ပဲခူးမြို့ ရပ်ကွက်ကြီး (၇) မြေတိုင်း (၂) ဗိုလ်မင်းရောင်လမ်းမတန်းနှင့် မေတ္တာလမ်းကြားရှိ နေအိမ်တအိမ်မှာ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းအရ မူးယစ်တပ်ဖွဲ့စု ၃၆ က တာဝန်ရှိသူတွေနဲ့ အမှတ် ၃ နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။

နေအိမ်အတွင်း ခန့်ဇင်ထူး(ခ)ကိုခန့် နဲ့ သိန်းဦးဆိုသူတို့ အတူတွေ့ရှိရပြီး ကိုခန့်ရဲ့ အိပ်ခန်းအတွင်းရှိ မွေ့ရာပေါ်မှာ အနက်ရောင်စက္ကူဘူးနဲ့ထည့်ထားတဲ့ WY စိတ်ကြွဆေးပြား ၁၅၀ အိပ်ရာခေါင်းရင်းဘက်ရှိ မွေးပွရုပ်အတွင်းက WY ဆေးပြား ၂၀၀ စီထည့်ထားတဲ့ အထုပ် ၄ ထုပ် စုစုပေါင်း WY ဆေးပြား ၉၅၀ နဲ့အတူ ငွေ၃၀၀၀၀ ကျပ်တို့ကို တွေ့ရှိဖမ်းဆီးခဲ့တာပါ။

မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ ခန့်ဇင်ထူး(ခ)ကိုခန့်နှင့် သိန်းဦးတို့နှစ်ဦးအား ပဲခူးမြို့ အမှတ် ၃ နယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က) နဲ့ အမှုဖွင့်အ ရေးယူထားပါတယ်။

ခန့်ဇင်ထူး(ခ)ကိုခန့်မှာ ပဲခူးမြို့နယ် ဘုရာကြီးမြို့ ရပ်ကွက်ကြီး ၁ မှာ ရပ်ကွက်စာရေးတာဝန်ကို ထမ်းဆောင်နေတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အငယ်တန်းစာရေးတဦ းဖြစ်တယ်လို့ သိရပါတယ်။

အောင်စိုးမိုး

~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ပဲခူးၿမိဳ႕ ေထြအုပ္ဝန္ထမ္းတဦး၏ ေနအိမ္အတြင္း စိတ္ႂကြေဆးမ်ား ဖမ္းမိ

ပဲခူးတိုင္း ပဲခူးၿမိဳ႕မွာ ဩဂုတ္ ၃၁ ရက္ေန႔ ေန႔ခင္းပိုင္းက အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ဝန္ထမ္းတဦးရဲ႕ေနအိမ္ကေန စိတ္ႂကြေဆးျပားေတြ ဖမ္းဆီးမိခဲ့တယ္လို႔ ရပ္ကြက္ႀကီး ၇ အုပ္ခ်ဳပ္ ေရးမႉး ဦးသန္းထိုက္ေအာင္က အတည္ျပဳေျပာဆိုလိုက္ပါတယ္။

ပဲခူးၿမိဳ႕ ရပ္ကြက္ႀကီး (၇) ေျမတိုင္း (၂) ဗိုလ္မင္းေရာင္လမ္းမတန္းႏွင့္ ေမတၱာလမ္းၾကားရွိ ေနအိမ္တအိမ္မွာ မူးယစ္ေဆးဝါးမ်ား ျဖန႔္ျဖဴးေရာင္းခ်ေနေၾကာင္း သတင္းအရ မူးယစ္တပ္ဖြဲ႕စု ၃၆ က တာဝန္ရွိသူေတြနဲ႔ အမွတ္ ၃ နယ္ေျမရဲစခန္းမွ တာဝန္ရွိသူမ်ား သြားေရာက္စစ္ေဆးရွာေဖြခဲ့တယ္လို႔ ဆိုပါတယ္။

ေနအိမ္အတြင္း ခန္႔ဇင္ထူး(ခ)ကိုခန္႔ နဲ႔ သိန္းဦးဆိုသူတို႔ အတူေတြ႕ရွိရၿပီး ကိုခန႔္ရဲ႕ အိပ္ခန္းအတြင္းရွိ ေမြ႕ရာေပၚမွာ အနက္ေရာင္စကၠဴဘူးနဲ႔ထည့္ထားတဲ့ WY စိတ္ႂကြေဆးျပား ၁၅၀ အိပ္ရာေခါင္းရင္းဘက္ရွိ ေမြးပြ႐ုပ္အတြင္းက WY ေဆးျပား ၂၀၀ စီထည့္ထားတဲ့ အထုပ္ ၄ ထုပ္ စုစုေပါင္း WY ေဆးျပား ၉၅၀ နဲ႔အတူ ေငြ၃၀၀၀၀ က်ပ္တို႔ကို ေတြ႕ရွိဖမ္းဆီးခဲ့တာပါ။

မူးယစ္ေဆးဝါးမ်ား လက္ဝယ္ေတြ႕ရွိသူ ခန႔္ဇင္ထူး(ခ)ကိုခန႔္ႏွင့္ သိန္းဦးတို႔ႏွစ္ဦးအား ပဲခူးၿမိဳ႕ အမွတ္ ၃ နယ္ေျမရဲစခန္းက မူးယစ္ေဆးဝါးႏွင့္စိတ္ကို ေျပာင္းလဲေစေသာ ေဆးဝါးမ်ား ဆိုင္ရာ ဥပေဒပုဒ္မ ၁၉(က)/၂၀(က) နဲ႔ အမႈဖြင့္အ ေရးယူထားပါတယ္။

ခန္႔ဇင္ထူး(ခ)ကိုခန္႔မွာ ပဲခူးၿမိဳ႕နယ္ ဘုရာႀကီးၿမိဳ႕ ရပ္ကြက္ႀကီး ၁ မွာ ရပ္ကြက္စာေရးတာဝန္ကို ထမ္းေဆာင္ေနတဲ့ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက အငယ္တန္းစာေရးတဦ းျဖစ္တယ္လို႔ သိရပါတယ္။

ေအာင္စိုးမိုး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013