DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်း ယိုးတရုတ်ကျေးရွာ ဒုစခန်းမှူး ဓားထိုးခံရပြီး သေဆုံး
DVB
·
September 1, 2019
ပုဏ္ဏားကျွန်း ယိုးတရုတ်ကျေးရွာ ဒုစခန်းမှူး ဓားထိုးခံရပြီး သေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာ ရဲကင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုစခန်းမှူးတဦး ဒီနေ့မနက်ပိုင်းက ဓားထိုးခံရလို့ ယိုးတရုတ်ဆေးရုံမှာ သေဆုံးသွားပါတယ်။

စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်း ၇ နာရီလောက်က ဒုစခန်းမှူးဟာ ချောင်းဝစုနဲ့ ချောင်းဖျားစု လမ်းကြားစျေးနားမှာ အမည်မသိ လူတစုက ဓားနဲ့ထိုးသတ်ခဲ့တာလို့ အမည်မဖော်လိုသူ ကျေးရွာသားတဦးက ပြောပါတယ်။

“ဒီကနေ့ မနက်က ဖြစ်သွားတာ။ လင်မယားနှစ်ယောက် ဈေးဝယ်ဖို့ ရွာထဲဈေးက ဈေးဝယ်ပြီးအပြန် ဈေးနားလမ်းမှာ ဓားနဲ့ထိုးခံရတာ။ လူအုပ်စုတစု လာရောက်ထိုးသွားတာ လို့ပြောတယ်။ ရဲမှာတော့ ထိုးသွင်းဒဏ်ရာ ၁၄ ချက် ရတယ်။ ယိုးတရုတ်ဆေးရုံမှာ သေဆုံးသွားတယ်။”

အခုဖြစ်စဉ်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် ပြည်နယ်ရဲမှူးကြီး ကြည်လင်းကို ဒီဗွီဘီက ဒီကနေ့မနက် ဆက်သွယ်မေးရာမှာတော့ “အဲဒီကိစ္စကို စိစစ်တုန်းပါခင်ဗျာ” လို့ ပြောဆိုပြီး ဖုန်းချသွားပါတယ်။

ယိုးတရုတ်ကျေးရွာ ရဲကင်းစခန်းက သေဆုံးသွားသူဟာ ဒုစခန်းမှူး ဇော်မင်းဌေး ဖြစ်ပြီး ယိုးတရုတ်ကျေးရွာမှာ တာဝန်ထမ်းဆောင်နေတာ ၂ နှစ်ကျော်ပြီလို့ သိရပါတယ်။

အမည်မဖော်သူ အရာရှိတဦးက “အလောင်းကို လောလောဆယ် ယိုးတရုတ်ဆေးရုံမှာ ထားတယ်။ ပုဏ္ဏားကျွန်းက အရေးပေါ် လူနာတင် ကားရောက်နေတယ်။ စစ်တွေ ယူမလား၊ ပုဏ္ဏားကျွန်း ယူမလား မသိဘူး။ ကျေးရွာဒေသခံတွေက တော်တော်လေးကို စိုးရိမ်နေကြတယ်။ ဟိုတခါကလည်း အဲဒီလို တခါ ဖြစ်ဖူးတယ်လေ။”

ယိုးတရုတ်ကျေးရွာမှာ အိမ်ထောင်စု ၁၅၀၀ ကျော်လောက်ရှိပြီး ယိုးတရုတ်ကျေးရွာက ရဲအရာရှိ ဓားထိုးခံရတာနဲ့ပတ်သက်လို့ လောလောဆယ် တရားခံကို ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်နေ့ညကလည်း ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစောသန်းလွင်ဟာ အမည်မသိ လူတယောက် ဓားနဲ့ထိုးခဲ့တာကြောင့် ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့မေလ ၉ ရက်ကလည်း ယိုးတရုတ်ရဲကင်းကို ရက္ခိုင့်တပ်တော် အေအေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ပါတယ်။

ဝဏ္ဏခွာညို

~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ပုဏၰားကြၽန္း ယိုးတ႐ုတ္ေက်း႐ြာ ဒုစခန္းမႉး ဓားထိုးခံရၿပီး ေသဆုံး

ရခိုင္ျပည္နယ္၊ ပုဏၰားကြၽန္းၿမိဳ႕နယ္ ယိုးတ႐ုတ္ေက်း႐ြာ ရဲကင္းမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဒုစခန္းမႉးတဦး ဒီေန႔မနက္ပိုင္းက ဓားထိုးခံရလို႔ ယိုးတ႐ုတ္ေဆး႐ုံမွာ ေသဆုံးသြားပါတယ္။

စက္တင္ဘာ ၁ ရက္ေန႔ မနက္ပိုင္း ၇ နာရီေလာက္က ဒုစခန္းမႉးဟာ ဇနီးျဖစ္သူနဲ႔ ယိုးတ႐ုတ္ေက်း႐ြာေဈးမွာ ေဈးဝယ္ၿပီးအျပန္ ေခ်ာင္းဝစုနဲ႔ ေခ်ာင္းဖ်ားစု လမ္းၾကားေစ်းနားမွာ အမည္မသိ လူတစုက ဓားနဲ႔ထိုးသတ္ခဲ့တာလို႔ အမည္မေဖာ္လိုသူ ေက်း႐ြာသားတဦးက ေျပာပါတယ္။

“ဒီကေန႔ မနက္က ျဖစ္သြားတာ။ လင္မယားႏွစ္ေယာက္ ေဈးဝယ္ဖို႔ ႐ြာထဲေဈးက ေဈးဝယ္ၿပီးအျပန္ ေဈးနားလမ္းမွာ ဓားနဲ႔ထိုးခံရတာ။ လူအုပ္စုတစု လာေရာက္ထိုးသြားတာ လို႔ေျပာတယ္။ ရဲမွာေတာ့ ထိုးသြင္းဒဏ္ရာ ၁၄ ခ်က္ ရတယ္။ ယိုးတ႐ုတ္ေဆး႐ုံမွာ ေသဆုံးသြားတယ္။”

အခုျဖစ္စဥ္နဲ႔ပတ္သက္လို႔ ရခိုင္ျပည္နယ္ ျပည္နယ္ရဲမႉးႀကီး ၾကည္လင္းကို ဒီဗြီဘီက ဒီကေန႔မနက္ ဆက္သြယ္ေမးရာမွာေတာ့ “အဲဒီကိစၥကို စိစစ္တုန္းပါခင္ဗ်ာ” လို႔ ေျပာဆိုၿပီး ဖုန္းခ်သြားပါတယ္။

ယိုးတ႐ုတ္ေက်း႐ြာ ရဲကင္းစခန္းက ေသဆုံးသြားသူဟာ ဒုစခန္းမႉး ေဇာ္မင္းေဌး ျဖစ္ၿပီး ယိုးတ႐ုတ္ေက်း႐ြာမွာ တာဝန္ထမ္းေဆာင္ေနတာ ၂ ႏွစ္ေက်ာ္ၿပီလို႔ သိရပါတယ္။

အမည္မေဖာ္သူ အရာရွိတဦးက “အေလာင္းကို ေလာေလာဆယ္ ယိုးတ႐ုတ္ေဆး႐ုံမွာ ထားတယ္။ ပုဏၰားကြၽန္းက အေရးေပၚ လူနာတင္ ကားေရာက္ေနတယ္။ စစ္ေတြ ယူမလား၊ ပုဏၰားကြၽန္း ယူမလား မသိဘူး။ ေက်း႐ြာေဒသခံေတြက ေတာ္ေတာ္ေလးကို စိုးရိမ္ေနၾကတယ္။ ဟိုတခါကလည္း အဲဒီလို တခါ ျဖစ္ဖူးတယ္ေလ။”

ယိုးတ႐ုတ္ေက်း႐ြာမွာ အိမ္ေထာင္စု ၁၅၀၀ ေက်ာ္ေလာက္ရွိၿပီး ယိုးတ႐ုတ္ေက်း႐ြာက ရဲအရာရွိ ဓားထိုးခံရတာနဲ႔ပတ္သက္လို႔ ေလာေလာဆယ္ တရားခံကို ဖမ္းဆီးရမိတာ မရွိေသးဘူးလို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္ ၁၉ ရက္ေန႔ညကလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးေစာသန္းလြင္ဟာ အမည္မသိ လူတေယာက္ ဓားနဲ႔ထိုးခဲ့တာေၾကာင့္ ေဆး႐ုံမွာ ကုသမႈ ခံယူေနရပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ေမလ ၉ ရက္ကလည္း ယိုးတ႐ုတ္ရဲကင္းကို ရကၡိဳင့္တပ္ေတာ္ ေအေအဘက္က ဝင္ေရာက္တိုက္ခိုက္ခဲ့လို႔ ရဲတပ္ဖြဲ႕ဝင္ ၉ ဦး က်ဆုံးခဲ့ပါတယ္။

ဝဏၰခြာညိဳ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013