DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲ အမြန်ရပ်တန့်ရေး တပ်မတော်နှင့် ဆက်ဆွေးနွေးရန် ကျိုင်းတုံဆွေးနွေးပွဲ သဘောတူညီမှုရရှိ
DVB
·
August 31, 2019
တိုက်ပွဲ အမြန်ရပ်တန့်ရေး တပ်မတော်နှင့် ဆက်ဆွေးနွေးရန် ကျိုင်းတုံဆွေးနွေးပွဲ သဘောတူညီမှုရရှိ
Donate to DVB

မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ဒီနေ့ ကျိုင်းတုံမြို့မှာ တွေ့ဆုံအပြီး တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ရေးအတွက် တပ်မတော်ကိုယ်စားလှယ်တွေနဲ့ ဆက်လက် တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။

လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ရေး၊ နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးနိုင်ရေးကို ဦးတည်ပြီး ပွင်ပွင့်လင်းလင်း ဆွေးနွေးခဲ့တယ်လို့ ပူးပေါင်း သတင်းထုတ်ပြန်လိုက်တာပါ။

ဆွေးနွေးပွဲမှာ တပ်နေရာချထားရေးဆိုင်ရာ ကိစ္စတွေ၊ တိုက်ပွဲတွေ မဖြစ်ဖို့ ဘယ်လို ဆောင်ရွက်ရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေရ ယူရေးနဲ့ ပတ်သက်လို့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်ဆွေးနွေးဖို့ သဘောတူညီခဲ့ကြပါတယ်။

ဆွေးနွေးပွဲအပြီး သတင်းစာရှင်းရာမှာ ဦးဇော်ဌေးက “ဒီမနက်က ကွတ်ခိုင်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ၊ အရပ်သားတွေ သေဆုံးခဲ့တာတွေကိုလည်း ကော်မရှင်က တင်ပြခဲ့ပါတယ်။  လတ်တလောမှာ ဖြစ်နေတဲ့ ကိစ္စတွေကို တင်ပြတဲ့အခါ မြောက်ပိုင်းအဖွဲ့တွေက သူတို့ မဆုံးဖြတ်နိုင်တာကြောင့် ခေါင်းဆောင်တွေကို ပြန်တင်ပြမယ်လို့ ပြောပါတယ်” လို့ ပြောပါတယ်။

နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးပြီးတဲ့နောက်မှာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) နဲ့ပတ်သက်ပြီးတော့ ဆက်လက် ညှိနှိုင်းသွားဖို့လည်း သဘောတူခဲ့ကြသလို နိုင်ငံထဲမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်နိုင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆန္ဒ အပြည့်အဝနဲ့ နှစ်ဖက်စလုံးက ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ ပူးပေါင်းထုတ်ပြန်ထားပါတယ်။

ပြီးတော့ လာမယ့် စက်တင်ဘာ ၁၆၊ ၁၇ မှာ တွေ့ဆုံဖို့နဲ့ တွေ့မယ့်နေရာကို နှစ်ဖက် ညှိဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်။

ဦးဇော်ဌေးက “သူတို့က ပန်ဆန်းနဲ့ တရုတ်နိုင်ငံတွင်း တနေရာကို အဆိုပြုပြီး ကော်မရှင်ကတော့ ကျိုင်းတုံမှာပဲ တွေ့ဖို့ အဆိုပြုခဲ့ပါတယ်။ တပ်မတော်ကိုယ်စားလှယ်တွေ သွားလာနိုင်မယ့် နေရာက ကျိုင်းတုံပဲ ဖြစ်တယ်” လို့ ပြောပါတယ်။

ဒါဟာ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းအဖွဲ့တို့ တတိယအကြိမ်မြောက် တွေ့ဆုံတာ ဖြစ်ပြီး တပ်မတော်ကိုယ်စားလှယ်တွေ မပါခဲ့ဘဲ နောက်ပိုင်း အသေးစိတ် ဆွေးနွေးမယ်ဆိုမှ ပါလာမယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။ 

ရှမ်းပြည်​နယ်​ ​မြောက်​ပိုင်းမှာ သြဂုတ်​လ ၉ ရက်​​နေ့ကစပြီး ​မြောက်​ပိုင်းမဟာမိတ်ဖြစ်​တဲ့ တီအန်အယ်အေ၊ အေအေ၊ အမ်အန်ဒီအေအေတပ်တွေနဲ့ တပ်​မ​တော်​ကြား တိုက်​ပွဲတွေ ဖြစ်​ပွားနေတာပါ။ တိုက်​ပွဲ​ကြောင့် စစ်​​ဘေး​ရှောင်​ ပြည်​သူ​တွေ ​ထောင်​နဲ့ချီပြီး ထွက်​​ပြေး တိမ်းရှောင်​​နေရတယ်​လို့ သိရပါတယ်​။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

တိုက္ပြဲ အျမန္ရပ္တန႔္ေရး တပ္မေတာ္ႏွင့္ ဆက္ေဆြးေႏြးရန္ က်ိဳင္းတုံေဆြးေႏြးပြဲ သေဘာတူညီမႈရရွိ

ေျမာက္ပိုင္းမဟာမိတ္တပ္ေတြနဲ႔ အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္တို႔ ဒီေန႔ က်ိဳင္းတုံၿမိဳ႕မွာ ေတြ႕ဆုံအၿပီး တိုက္ပြဲေတြ အျမန္ဆုံး ရပ္တန႔္ေရးအတြက္ တပ္မေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဆက္လက္ ေတြ႕ဆုံေဆြးေႏြးဖို႔ သေဘာတူခဲ့ၾကပါတယ္။

လက္ရွိျဖစ္ေနတဲ့ တိုက္ပြဲေတြ အျမန္ဆုံး ရပ္တန႔္ေရး၊ ႏွစ္ဖက္ အပစ္အခတ္ရပ္စဲေရး သေဘာတူ လက္မွတ္ထိုးႏိုင္ေရးကို ဦးတည္ၿပီး ပြင္ပြင့္လင္းလင္း ေဆြးေႏြးခဲ့တယ္လို႔ ပူးေပါင္း သတင္းထုတ္ျပန္လိုက္တာပါ။

ေဆြးေႏြးပြဲမွာ တပ္ေနရာခ်ထားေရးဆိုင္ရာ ကိစၥေတြ၊ တိုက္ပြဲေတြ မျဖစ္ဖို႔ ဘယ္လို ေဆာင္႐ြက္ရမယ္ဆိုတဲ့ စည္းမ်ဥ္းစည္းကမ္း သတ္မွတ္ခ်က္ေတြရ ယူေရးနဲ႔ ပတ္သက္လို႔ တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕နဲ႔ ဆက္ေဆြးေႏြးဖို႔ သေဘာတူညီခဲ့ၾကပါတယ္။

ေဆြးေႏြးပြဲအၿပီး သတင္းစာရွင္းရာမွာ ဦးေဇာ္ေဌးက “ဒီမနက္က ကြတ္ခိုင္မွာ ျဖစ္ေနတဲ့ တိုက္ပြဲေတြ၊ အရပ္သားေတြ ေသဆုံးခဲ့တာေတြကိုလည္း ေကာ္မရွင္က တင္ျပခဲ့ပါတယ္။  လတ္တေလာမွာ ျဖစ္ေနတဲ့ ကိစၥေတြကို တင္ျပတဲ့အခါ ေျမာက္ပိုင္းအဖြဲ႕ေတြက သူတို႔ မဆုံးျဖတ္ႏိုင္တာေၾကာင့္ ေခါင္းေဆာင္ေတြကို ျပန္တင္ျပမယ္လို႔ ေျပာပါတယ္” လို႔ ေျပာပါတယ္။

ႏွစ္ဖက္ အပစ္အခတ္ရပ္စဲေရး သေဘာတူ လက္မွတ္ထိုးၿပီးတဲ့ေနာက္မွာ တႏိုင္ငံလုံး ပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (အန္စီေအ) နဲ႔ပတ္သက္ၿပီးေတာ့ ဆက္လက္ ညႇိႏႈိင္းသြားဖို႔လည္း သေဘာတူခဲ့ၾကသလို ႏိုင္ငံထဲမွာ ျဖစ္ေနတဲ့ တိုက္ပြဲေတြ အျမန္ဆုံး ရပ္တန႔္ႏိုင္ေရး၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးအတြက္ ႏိုင္ငံေရးဆႏၵ အျပည့္အဝနဲ႔ ႏွစ္ဖက္စလုံးက ဆက္ၿပီး ႀကိဳးပမ္းသြားမယ္လို႔ ပူးေပါင္းထုတ္ျပန္ထားပါတယ္။

ၿပီးေတာ့ လာမယ့္ စက္တင္ဘာ ၁၆၊ ၁၇ မွာ ေတြ႕ဆုံဖို႔နဲ႔ ေတြ႕မယ့္ေနရာကို ႏွစ္ဖက္ ညႇိဖို႔ကိုလည္း သေဘာတူခဲ့ၾကပါတယ္။

ဦးေဇာ္ေဌးက “သူတို႔က ပန္ဆန္းနဲ႔ တ႐ုတ္ႏိုင္ငံတြင္း တေနရာကို အဆိုျပဳၿပီး ေကာ္မရွင္ကေတာ့ က်ိဳင္းတုံမွာပဲ ေတြ႕ဖို႔ အဆိုျပဳခဲ့ပါတယ္။ တပ္မေတာ္ကိုယ္စားလွယ္ေတြ သြားလာႏိုင္မယ့္ ေနရာက က်ိဳင္းတုံပဲ ျဖစ္တယ္” လို႔ ေျပာပါတယ္။

ဒါဟာ ၿငိမ္းခ်မ္းေရးေကာ္မရွင္နဲ႔ ေျမာက္ပိုင္းအဖြဲ႕တို႔ တတိယအႀကိမ္ေျမာက္ ေတြ႕ဆုံတာ ျဖစ္ၿပီး တပ္မေတာ္ကိုယ္စားလွယ္ေတြ မပါခဲ့ဘဲ ေနာက္ပိုင္း အေသးစိတ္ ေဆြးေႏြးမယ္ဆိုမွ ပါလာမယ္လို႔လည္း ဦးေဇာ္ေဌးက ေျပာပါတယ္။

ရွမ္းျပည္​နယ္​ ​ေျမာက္​ပိုင္းမွာ ၾသဂုတ္​လ ၉ ရက္​​ေန႔ကစၿပီး ​ေျမာက္​ပိုင္းမဟာမိတ္ျဖစ္​တဲ့ တီအန္အယ္ေအ၊ ေအေအ၊ အမ္အန္ဒီေအေအတပ္ေတြနဲ႔ တပ္​မ​ေတာ္​ၾကား တိုက္​ပြဲေတြ ျဖစ္​ပြားေနတာပါ။ တိုက္​ပြဲ​ေၾကာင့္ စစ္​​ေဘး​ေရွာင္​ ျပည္​သူ​ေတြ ​ေထာင္​နဲ႔ခ်ီၿပီး ထြက္​​ေျပး တိမ္းေရွာင္​​ေနရတယ္​လို႔ သိရပါတယ္​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013