DVB Logo
Home
မြန်မာသတင်း
မလတ်တောင်ကြောနှင့် ဆက်စပ်နေသည့် မူလတန်းကျောင်း အမြန်ရွှေ့ပေးရန် တောင်းဆို
DVB
·
August 26, 2019
မလတ်တောင်ကြောနှင့် ဆက်စပ်နေသည့် မူလတန်းကျောင်း အမြန်ရွှေ့ပေးရန် တောင်းဆို
Donate to DVB

မွန်ပြည်နယ် ပေါင်မြို့နယ်က မြေပြိုခဲ့တဲ့ မလတ်တောင် တောင်ကြောနဲ့ ဆက်စပ်နေတဲ့ နေရာက ကျောင်းကို အမြန်ဆုံး ပြောင်းရွှေ့ပေးဖို့ မိဘဆရာတွေက တောင်းဆိုလိုက်ပါတယ်။ 

လူအစုအလိုက် အပြုံအလိုက် သေဆုံးခဲ့တဲ့ မလတ်တောင်ကြောနဲ့ ဆက်စပ်နေတဲ့ မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ အုပ်စု၊ ရဲပြားကုန်းကျေးရွာရှိ မူလတန်းကျောင်းကို အမြန်ဆုံး ပြောင်းရွှေ့ပေးဖို့ ကျောင်းသားမိဘတွေနဲ့ ဆရာ၊ ဆရာမတွေက တောင်းဆိုလိုက်တာပါ။

ရဲပြားကုန်းကျေးရွာက မူလတန်းကျောင်းဟာ မလတ်တောင်ပြိုကျရာ နေရာနဲ့ မီတာ၅၀၀ အကွာမှာ တည်နေတာ ဖြစ်ပြီး၊ ကျောင်းရဲ့ အပေါ်ပိုင်းမှာတော့ အောင်စင်္ကြာစေတီ တည်ရှိနေတာပါ။

အခုအခါ အောင်စင်္ကြာစေတီရဲ့ အရံစေတီတွေ ယိမ်းယိုင်လာတဲ့အတွက်ကြောင့် ပြောင်းရွှေ့ထားရပြီး တောင်ပြိုကျလာနိုင်တဲ့ အခြေအနေကို စိုးရိမ်နေကြတာကြောင့် မူလတန်းကျောင်းကို အမြန်ဆုံး ပြောင်းရွှေ့ပေးဖို့ ဆရာ၊ ဆရာမတွေကလိုလားနေကြတာလို့ ဆရာမ ဒေါ်သီတာလွင်က ပြောပါတယ္။

ဒီမူလတန်းကျောင်းမှာတော့ ကျောင်းသူ ကျောင်းသား ၁၄၄ ဦး ရှိကာ အခုအခါမှာတော့ ကျောင်းသူ ကျောင်းသား ၆၀ လောက်သာ ကျောင်းလာတက်နေကြပြီး တောင်ရဲ့ အခြေအနေကြောင့် မိုးရွာလာရင် အလိုလို စိုးရိမ်နေရတယ်လို့ ဆရာမ ဒေါ်သူဇာနှင်းဝေက ပြောပါတယ်။

မလတ်တောင် ပြိုကျခဲ့တဲ့အတွက်ကြောင့် မူလတန်းကျောင်းကို ဘေးကင်းရာကို ပြောင်းရွှေ့စေလိုတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

အခုအခါ တောင်ရဲ့ အခြေအနေကြောင့် မိုးများလာရင် ကျောင်းသားတွေကို ပြန်လွှတ်ပေးပြီး ကျောင်းပိတ်ထားရတာပါ။ 

အခုလို အခြေအနေကြောင့် ကျောင်းသားမိဘ တချို့ကလည်း ကလေးတွေကို ကျောင်းမလွှတ်ကြဘူးလို့ ဆရာ ဆရာမတွေက ပြောပါတယ်။ 

လူအစုံအလိုက် အပြုံအလိုက် သေဆုံးခဲ့တဲ့ မလတ်တောင်ပြိုမှုမှာတော့ ဒီမူလတန်းကျောင်းက ကျောင်းသား ၁၂ ယောက် မြေပိ သေဆုံးခဲ့ပါတယ်။

ဇော်လွင်ထွဋ်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

မလတ္ေတာင္ေၾကာႏွင့္ ဆက္စပ္ေနသည့္ မူလတန္းေက်ာင္း အျမန္ေ႐ႊ႕ေပးရန္ ေတာင္းဆို

မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္က ေျမၿပိဳခဲ့တဲ့ မလတ္ေတာင္ ေတာင္ေၾကာနဲ႔ ဆက္စပ္ေနတဲ့ ေနရာက ေက်ာင္းကို အျမန္ဆုံး ေျပာင္းေ႐ႊ႕ေပးဖို႔ မိဘဆရာေတြက ေတာင္းဆိုလိုက္ပါတယ္။

လူအစုအလိုက္ အၿပဳံအလိုက္ ေသဆုံးခဲ့တဲ့ မလတ္ေတာင္ေၾကာနဲ႔ ဆက္စပ္ေနတဲ့ မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္ သဲျဖဴကုန္းေက်း႐ြာ အုပ္စု၊ ရဲျပားကုန္းေက်း႐ြာရွိ မူလတန္းေက်ာင္းကို အျမန္ဆုံး ေျပာင္းေ႐ႊ႕ေပးဖို႔ ေက်ာင္းသားမိဘေတြနဲ႔ ဆရာ၊ ဆရာမေတြက ေတာင္းဆိုလိုက္တာပါ။

ရဲျပားကုန္းေက်း႐ြာက မူလတန္းေက်ာင္းဟာ မလတ္ေတာင္ၿပိဳက်ရာ ေနရာနဲ႔ မီတာ၅၀၀ အကြာမွာ တည္ေနတာ ျဖစ္ၿပီး၊ ေက်ာင္းရဲ႕ အေပၚပိုင္းမွာေတာ့ ေအာင္စၾကၤာေစတီ တည္ရွိေနတာပါ။

အခုအခါ ေအာင္စၾကၤာေစတီရဲ႕ အရံေစတီေတြ ယိမ္းယိုင္လာတဲ့အတြက္ေၾကာင့္ ေျပာင္းေ႐ႊ႕ထားရၿပီး ေတာင္ၿပိဳက်လာႏိုင္တဲ့ အေျခအေနကို စိုးရိမ္ေနၾကတာေၾကာင့္ မူလတန္းေက်ာင္းကို အျမန္ဆုံး ေျပာင္းေ႐ႊ႕ေပးဖို႔ ဆရာ၊ ဆရာမေတြကလိုလားေနၾကတာလို႔ ဆရာမ ေဒၚသီတာလြင္က ေျပာပါတယ္။

ဒီမူလတန္းေက်ာင္းမွာေတာ့ ေက်ာင္းသူ ေက်ာင္းသား ၁၄၄ ဦး ရွိကာ အခုအခါမွာေတာ့ ေက်ာင္းသူ ေက်ာင္းသား ၆၀ ေလာက္သာ ေက်ာင္းလာတက္ေနၾကၿပီး ေတာင္ရဲ႕ အေျခအေနေၾကာင့္ မိုး႐ြာလာရင္ အလိုလို စိုးရိမ္ေနရတယ္လို႔ ဆရာမ ေဒၚသူဇာႏွင္းေဝက ေျပာပါတယ္။

မလတ္ေတာင္ ၿပိဳက်ခဲ့တဲ့အတြက္ေၾကာင့္ မူလတန္းေက်ာင္းကို ေဘးကင္းရာကို ေျပာင္းေ႐ႊ႕ေစလိုတယ္လို႔ ေက်ာင္းသားမိဘေတြက ေျပာပါတယ္။

အခုအခါ ေတာင္ရဲ႕ အေျခအေနေၾကာင့္ မိုးမ်ားလာရင္ ေက်ာင္းသားေတြကို ျပန္လႊတ္ေပးၿပီး ေက်ာင္းပိတ္ထားရတာပါ။

အခုလို အေျခအေနေၾကာင့္ ေက်ာင္းသားမိဘ တခ်ိဳ႕ကလည္း ကေလးေတြကို ေက်ာင္းမလႊတ္ၾကဘူးလို႔ ဆရာ ဆရာမေတြက ေျပာပါတယ္။

လူအစုံအလိုက္ အၿပဳံအလိုက္ ေသဆုံးခဲ့တဲ့ မလတ္ေတာင္ၿပိဳမႈမွာေတာ့ ဒီမူလတန္းေက်ာင္းက ေက်ာင္းသား ၁၂ ေယာက္ ေျမပိ ေသဆုံးခဲ့ပါတယ္။

ေဇာ္လြင္ထြဋ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013