DVB Logo
Home
မြန်မာသတင်း
Grade-1 ကျောင်းသားများ အင်္ဂလိပ်စာသင်ကြားမှုအတွက် Application တခု 360 ံed လှူဒါန်း
DVB
·
August 25, 2019
Grade-1 ကျောင်းသားများ အင်္ဂလိပ်စာသင်ကြားမှုအတွက် Application တခု 360 ံed လှူဒါန်း
Donate to DVB

Grade-1 ကျောင်းသားတွေ အင်္ဂလိပ်စာ သင်ကြားမှုမှာ အထောက်အကူဖြစ်စေဖို့ Application တစ်ခုကို 360 ံed ကနေပ ညာရေးဝန်ကြီးဌာနကို လှူဒါန်းလိုက်ပါတယ်။

အခြေခံပညာအဆင့်မှာ သင်ရိုးညွှန်းတမ်းအသစ်နဲ့ ပြောင်းလဲသင်ကြားနေတဲ့ Grade-1အ တန်းမှာ ကလေးငယ်တွေရဲ့ အင်္ဂလိပ်စာဘာသာရပ်သင်ကြားမှုကို အထောက်အကူဖြစ်စေဖို့အတွက် (AR) နည်းပညာတွေကို အသုံးပြုထားတဲ့ သင်ထောက်ကူ Grade-1 English Learning Application ကို 360 ံed ကနေ ပညာရေးဝန်ကြီးဌာနကို လှူဒါန်းလိုက်ပါတယ်။

Application လှူဒါန်းပွဲကိုတော့ သြဂုတ် ၂၅ ရက်နေ့က ရန်ကုန်မြို့ ပညာရေးတက္ကသိုလ်မှာ ပြုလုပ်ခဲ့ပါတယ်။ 

Grade-1 English Learning Application ဟာ အခြေခံပညာသင်ရိုးကို အခြေခံရေးဆွဲထားတာဖြစ်ပြီး မိုဘိုင်းဖုန်းတွေမှာ အလွယ်တကူရယူကာ အခမဲ့အသုံးပြုနိုင်ပါတယ်။

အဲဒီအပလီကေးရှင်းကို အသုံးပြုမယ်ဆိုရင် ကျေောင်းသား၊ကျောင်းသူတွေအနေနဲ့ မိမိတို့အင်္ဂလိပ်ဖတ်စာအုပ်မှာပါဝင်တဲ့ ရုပ်ပုံတွေကို ရုပ်အရှင်တွေအနေနဲ့တွေ့မြင်ပြီး အင်္ဂလိပ်အသံထွက်တွေကို မှန်မှန်ကန်ကန်ပြောဆိုလာနိုင်မယ်လို့ ပြောပါတယ်။

မြန်မာတနိုင်ငံလုံးက Grade-1 ကျောင်းသားတွေ အင်္ဂလိပ်စာဘာသာရပ်ကို တပြေးညီတည်း သင်ယူတတ်မြောက်စေဖိုနဲ့ အသံထွက်မှန်မှန်ပြောဆိုတတ်စေဖို့အတွက် Grade-1 English Learning Application ကို တီထွင်ကာ ပညာရေးဝန်ကြီးဌာနကို လှူဒါန်းတာလို့ 360 ံed တည်ထောင်သူ ဒေါ်လှလှဝင်းက ပြောပါတယ်။ 

တနိုင်ငံလုံးမှာ Grade-1 ကို တက်ရောက်သင်ကြားနေတဲ့ ကျောင်းသား ၁.၂ သန်းရှ်ပါတယ်။

Application လှူဒါန်းပွဲ အခမ်းအနားကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အခြေခံပညာဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ ကျောင်းသားတွေ တက်ရောက်ခဲ့ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

Grade-1 ေက်ာင္းသားမ်ား အဂၤလိပ္စာသင္ၾကားမႈအတြက္ Application တခု 360 ံed လႉဒါန္း

Grade-1 ေက်ာင္းသားေတြ အဂၤလိပ္စာ သင္ၾကားမႈမွာ အေထာက္အကူျဖစ္ေစဖို႔ Application တစ္ခုကို 360 ံed ကေနပ ညာေရးဝန္ႀကီးဌာနကို လႉဒါန္းလိုက္ပါတယ္။

အေျခခံပညာအဆင့္မွာ သင္႐ိုးၫႊန္းတမ္းအသစ္နဲ႔ ေျပာင္းလဲသင္ၾကားေနတဲ့ Grade-1အ တန္းမွာ ကေလးငယ္ေတြရဲ႕ အဂၤလိပ္စာဘာသာရပ္သင္ၾကားမႈကို အေထာက္အကူျဖစ္ေစဖို႔အတြက္ (AR) နည္းပညာေတြကို အသုံးျပဳထားတဲ့ သင္ေထာက္ကူ Grade-1 English Learning Application ကို 360 ံed ကေန ပညာေရးဝန္ႀကီးဌာနကို လႉဒါန္းလိုက္ပါတယ္။

Application လႉဒါန္းပြဲကိုေတာ့ ၾသဂုတ္ ၂၅ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ပညာေရးတကၠသိုလ္မွာ ျပဳလုပ္ခဲ့ပါတယ္။

Grade-1 English Learning Application ဟာ အေျခခံပညာသင္႐ိုးကို အေျခခံေရးဆြဲထားတာျဖစ္ၿပီး မိုဘိုင္းဖုန္းေတြမွာ အလြယ္တကူရယူကာ အခမဲ့အသုံးျပဳႏိုင္ပါတယ္။

အဲဒီအပလီေကးရွင္းကို အသုံးျပဳမယ္ဆိုရင္ ေက်ောင္းသား၊ေက်ာင္းသူေတြအေနနဲ႔ မိမိတို႔အဂၤလိပ္ဖတ္စာအုပ္မွာပါဝင္တဲ့ ႐ုပ္ပုံေတြကို ႐ုပ္အရွင္ေတြအေနနဲ႔ေတြ႕ျမင္ၿပီး အဂၤလိပ္အသံထြက္ေတြကို မွန္မွန္ကန္ကန္ေျပာဆိုလာႏိုင္မယ္လို႔ ေျပာပါတယ္။

ျမန္မာတႏိုင္ငံလုံးက Grade-1 ေက်ာင္းသားေတြ အဂၤလိပ္စာဘာသာရပ္ကို တေျပးညီတည္းသင္ယူတတ္ေျမာက္ေစဖိုနဲ႔ အသံထြက္မွန္မွန္ေျပာဆိုတတ္ေစဖို႔အတြက္ Grade-1 English Learning Application ကို တီထြင္ကာ ပညာေရးဝန္ႀကီးဌာနကို လႉဒါန္းတာလို႔ 360 ံed တည္ေထာင္သူ ေဒၚလွလွဝင္းက ေျပာပါတယ္။

တႏိုင္ငံလုံးမွာ Grade-1 ကို တက္ေရာက္သင္ၾကားေနတဲ့ ေက်ာင္းသား ၁.၂ သန္းရွ္ပါတယ္။

Application လႉဒါန္းပြဲ အခမ္းအနားကို ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး၊ အေျခခံပညာဦးစီးဌာနက တာဝန္ရွိသူေတြနဲ႔ ေက်ာင္းသားေတြ တက္ေရာက္ခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013