DVB Logo
Home
Lead Story
ရင်ဖွင့်စာ
DVB
·
August 25, 2019
ရင်ဖွင့်စာ
Donate to DVB

မင်္ဂလာတောင်ညွန့်မြို့နယ်က နောက်ဖေလမ်းကြားများ အမှိုက်များပိတ်ဆို့နေ

DVB ဝိုင်းတော်သားများ မင်္ဂလာပါ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရက်ကွက် ၁၂၅ လမ်းနဲ့ ၁၂၆ လမ်းကြား နောက်ဖေးလမ်းကြားတွေမှာ အထပ်မြင့်တွေပေါ်က အမှိုက်ထုပ်တွေ၊ နို့ဆီခွက်တွေ၊ ထမင်းကျန်၊ ရေကျန်တွေ နေ့ ည အဆက်မပြတ် စည်းကမ်းမဲ့စွာ စွန့်ပစ်မှုကြောင့် ရေမြောင်းများ ပိတ်ဆို့နေပါတယ်။ မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာယာရေး ကောင်စီ အထက်လူကြီးမင်းများ သိရှိစေရန် တင်ပြရခြင်း ဖြစ်ပါတယ်။

ဇေယျာရွှေ

အမရပူရမြို့နယ်က ဥပဒေမဲ့မြေကြီးတူးဖော်မှုများ တားဆီးပေးပါ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တလင်း ကြီးရွာတဝိုက်မှာ ဥပဒေမဲ့မြေကြီးတူး ဖော်ပြီးရောင်းစားခဲ့ကြလို့ အခုဆိုရင် လမ်းတွေလည်း ပျက်စီးနေပါပြီ။ မြို့နယ် ထွေအုပ်ထံကို တိုင်စာပို့ပြီး တိုင်တန်းခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုမှ မရခဲ့ပါဘူး။ အခုချိန်ထိ ဥပဒေမဲ့နေတဲ့ ဒေသလိုပါပဲ။ ဒေသခံတွေ လမ်းတွေ ပြင်ပေးဖို့ ဘယ်လောက်ပြောပြော မရခဲ့ပါဘူး။ ကျေးရွာအုပ်ချူပ်ရေးမှူးကိုတောင် ဂရုမစိုက်ကြဘဲ ထင်ရာစိုင်းနေကြပါပြီ။ ကျေးရွာလမ်းတွေမှာ အခုလို ဖောကားကြီးတွေ မောင်းနေမှတော့ ပျက်စီးပြီပေါ့ဗျာ။ ဒါကြောင့် အစိုးရ လူကြီးမင်းများ သိရှိအောင် DVB ကနေတဆင့် အသိပေး တိုင်ကြားအပ်ပါသည်။ တချို့ကားတွေဆိုရင် ပုံမှာပါတဲ့အတိုင်း နံပါတ်ပြားတောင် မပါကြပါဘူး။

ဝင်းမင်းထွန်း၊ Thet Paing

H1N1 ရောဂါ အသိပညာပေးမှုများ လုပ်ပေးပါ

ရန်ကုန်တိုင်း၊ အရှေ့ပိုင်းခရိုင်အတွင်း H1N1 ရောဂါပိုး အဖြစ်များဆုံးလို့ နိင်ငံတော်က သတ်မှတ်ထားပြီး သင်္ဃန်းကျွန်းမြို့နယ်က လူများသည် H1N1 ဖြစ်ဖွား သေးဆုံးသူ ၆ ဦးတောင် ရှိလာနေပါသဖြင့် မြို့နယ်၊ ကျေးရွာများတွင် ၎င်းရောဂါနဲ့ပတ်သက်၍ အသိပညာပေးမူများ မရှိပါသဖြင့် အထက်လူကြီးများ သိအောင် ပြောကြားပေးပါရန် တိုင်ကြားအပ်ပါသည်။

ရွက်သစ်

တမူးမြို့ အ.ထ.က ၂ ကျောင်းမြောက်ဘက်လမ်း သွားလာရ ခက်ခဲ 

ကျနော်က စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် တမူးမြို့ကပါ။ တမူးမြို့ပေါ်ရှိ အထက ၂ ကျောင်းမြောက်ဘက်လမ်း အခြေအနေက တော်တော်လေး သွားလာ ရခက်ခဲဆိုးရွားနေပါတယ်။ အထက ၂ ကျောင်းမြောက်ဘက်လမ်းလေးကို ပြုပြင်ပေးလိုကြောင်း DVB ကတဆင့်  တမူး မြို့မိမြို့ဖနဲ့ ရပ်မိရပ်ဖများ သိရှိအောင် တင်ပြလိုက်ရပါတယ်။

စည်သူပြုံးချစ်

တောဂါကျေးရွာက မူးယစ်ဆေးများ အမြန်လာဖမ်းပေးပါ


ကျနော်က တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ကံမော်ကျေးရွာအုပ်စု တောဂါကျေးရွာပါ။ ရွာမှာ မူးယစ်ဆေးဝါးတွေ အရမ်းပေါနေပါတယ်။ အဆင့်ဆင့်နဲ့ လက်ဆင့်ကမ်းပြီး ရောင်းနေသလိုပါပဲ။ ရဲတွေလည်း လာစစ်နေကြပါတယ်။ ဒါပေမဲ့ တယောက်မှ မမိသွားပါဘူး။ ဘာကြောင့်လည်းတော့ မစဉ်းစားတတ်ပါဘူး။ ဒါကို အမြန်ဆုံး အထက်လူကြီးတွေ လာရောက် စုံစမ်းစေချင်ပါတယ်။ အစစအရာရာလည်း ကူညီပါ့မယ်။ ရွာမှာ မူးယစ်ဆေး ပပျောက်ရင် ကျေနပ်ပါပြီ။ လူငယ်တွေ အရမ်းပျက်စီးနေလို့ အမြန်ဆုံး လာရောက် ဖမ်းပေးစေချင်ပါတယ်။

နေစိုပြေ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

မဂၤလာေတာင္ၫြန္႔ၿမိဳ႕နယ္က ေနာက္ေဖလမ္းၾကားမ်ား အမႈိက္မ်ားပိတ္ဆို႔ေန

DVB ဝိုင္းေတာ္သားမ်ား မဂၤလာပါ။ ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာေတာင္ၫြန္႔ၿမိဳ႕နယ္၊ သေျပကုန္းရက္ကြက္ ၁၂၅ လမ္းနဲ႔ ၁၂၆ လမ္းၾကား ေနာက္ေဖးလမ္းၾကားေတြမွာ အထပ္ျမင့္ေတြေပၚက အမႈိက္ထုပ္ေတြ၊ ႏို႔ဆီခြက္ေတြ၊ ထမင္းက်န္၊ ေရက်န္ေတြ ေန႔ ည အဆက္မျပတ္ စည္းကမ္းမဲ့စြာ စြန႔္ပစ္မ၍‌ေၾကာင့္ ေရေျမာင္းမ်ား ပိတ္ဆို႔ေနပါတယ္။ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ စည္ပင္သာယာေရး ေကာင္စီ အထက္လူႀကီးမင္းမ်ား သိရွိေစရန္ တင္ျပရျခင္း ျဖစ္ပါတယ္။

ေဇယ်ာေ႐ႊ

အမရပူရၿမိဳ႕နယ္က ဥပေဒမဲ့ေျမႀကီးတူးေဖာ္မႈမ်ား တားဆီးေပးပါ

မႏၲေလးတိုင္း၊ အမရပူရၿမိဳ႕နယ္၊ တလင္း ႀကီး႐ြာတဝိုက္မွာ ဥပေဒမဲ့ေျမႀကီးတူး ေဖာ္ၿပီးေရာင္းစားခဲ့ၾကလို႔ အခုဆိုရင္ လမ္းေတြလည္း ပ်က္စီးေနပါၿပီ။ ၿမိဳ႕နယ္ ေထြအုပ္ထံကို တိုင္စာပို႔ၿပီး တိုင္တန္းခဲ့ပါတယ္။ ဒါေပမဲ့ ဘယ္လိုမွ မရခဲ့ပါဘူး။ အခုခ်ိန္ထိ ဥပေဒမဲ့ေနတဲ့ ေဒသလိုပါပဲ။ ေဒသခံေတြ လမ္းေတြ ျပင္ေပးဖို႔ ဘယ္ေလာက္ေျပာေျပာ မရခဲ့ပါဘူး။ ေက်း႐ြာအုပ္ခ်ဴပ္ေရးမႉးကိုေတာင္ ဂ႐ုမစိုက္ၾကဘဲ ထင္ရာစိုင္းေနၾကပါၿပီ။ ေက်း႐ြာလမ္းေတြမွာ အခုလို ေဖာကားႀကီးေတြ ေမာင္းေနမွေတာ့ ပ်က္စီးၿပီေပါ့ဗ်ာ။ ဒါေၾကာင့္ အစိုးရ လူႀကီးမင္းမ်ား သိရွိေအာင္ DVB ကေနတဆင့္ အသိေပး တိုင္ၾကားအပ္ပါသည္။ တခ်ိဳ႕ကားေတြဆိုရင္ ပုံမွာပါတဲ့အတိုင္း နံပါတ္ျပားေတာင္ မပါၾကပါဘူး။

ဝင္းမင္းထြန္း၊ Thet Paing

H1N1 ေရာဂါ အသိပညာေပးမႈမ်ား လုပ္ေပးပါ

ရန္ကုန္တိုင္း၊ အေရွ႕ပိုင္းခ႐ိုင္အတြင္း H1N1 ေရာဂါပိုး အျဖစ္မ်ားဆုံးလို႔ နိင္ငံေတာ္က သတ္မွတ္ထားၿပီး သဃၤန္းကြၽန္းၿမိဳ႕နယ္က လူမ်ားသည္ H1N1 ျဖစ္ဖြား ေသးဆုံးသူ ၆ ဦးေတာင္ ရွိလာေနပါသျဖင့္ ၿမိဳ႕နယ္၊ ေက်း႐ြာမ်ားတြင္ ၎ေရာဂါနဲ႔ပတ္သက္၍ အသိပညာေပးမူမ်ား မရွိပါသျဖင့္ အထက္လူႀကီးမ်ား သိေအာင္ ေျပာၾကားေပးပါရန္ တိုင္ၾကားအပ္ပါသည္။

႐ြက္သစ္

တမူးၿမိဳ႕ အ.ထ.က ၂ ေက်ာင္းေျမာက္ဘက္လမ္း သြားလာရ ခက္ခဲ 

က်ေနာ္က စစ္ကိုင္းတိုင္းေဒသႀကီး တမူးခ႐ိုင္ တမူးၿမိဳ႕ကပါ။ တမူးၿမိဳ႕ေပၚရွိ အထက ၂ ေက်ာင္းေျမာက္ဘက္လမ္း အေျခအေနက ေတာ္ေတာ္ေလး သြားလာ ရခက္ခဲဆိုး႐ြားေနပါတယ္။ အထက ၂ ေက်ာင္းေျမာက္ဘက္လမ္းေလးကို ျပဳျပင္ေပးလိုေၾကာင္း DVB ကတဆင့္  တမူး ၿမိဳ႕မိၿမိဳ႕ဖနဲ႔ ရပ္မိရပ္ဖမ်ား သိရွိေအာင္ တင္ျပလိုက္ရပါတယ္။

စည္သူၿပဳံးခ်စ္

ေတာဂါေက်း႐ြာက မူးယစ္ေဆးမ်ား အျမန္လာဖမ္းေပးပါ

က်ေနာ္က တနသၤာရီတိုင္းေဒသႀကီး ကြၽန္းစုၿမိဳ႕နယ္ ကံေမာ္ေက်း႐ြာအုပ္စု ေတာဂါေက်း႐ြာပါ။ ႐ြာမွာ မူးယစ္ေဆးဝါးေတြ အရမ္းေပါေနပါတယ္။ အဆင့္ဆင့္နဲ႔ လက္ဆင့္ကမ္းၿပီး ေရာင္းေနသလိုပါပဲ။ ရဲေတြလည္း လာစစ္ေနၾကပါတယ္။ ဒါေပမဲ့ တေယာက္မွ မမိသြားပါဘူး။ ဘာေၾကာင့္လည္းေတာ့ မစဥ္းစားတတ္ပါဘူး။ ဒါကို အျမန္ဆုံး အထက္လူႀကီးေတြ လာေရာက္ စုံစမ္းေစခ်င္ပါတယ္။ အစစအရာရာလည္း ကူညီပါ့မယ္။ ႐ြာမွာ မူးယစ္ေဆး ပေပ်ာက္ရင္ ေက်နပ္ပါၿပီ။ လူငယ္ေတြ အရမ္းပ်က္စီးေနလို႔ အျမန္ဆုံး လာေရာက္ ဖမ္းေပးေစခ်င္ပါတယ္။

ေနစိုေျပ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013