DVB Logo
Home
မြန်မာသတင်း

၅ နှစ်ကျော်အတွင်း အညာဒေသတွင် စစ်ဘေးရှောင် ၄ သန်းကျော် ရှိလာ

DVB
·
November 28, 2026
Photo:အညာမြေအရပ်ဖက်လူမှုအဖွဲ့ မြိုင်
Photo:အညာမြေအရပ်ဖက်လူမှုအဖွဲ့ မြိုင်
Donate to DVB

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၆ ခုနှစ် အောက်တိုဘာလအထိ ၅ နှစ် ကျော်ကာလအတွင်း အညာဒေသမှာ စစ်ဘေးရှောင် ၄ သန်းကျော် ရှိလာပြီး နေအိမ်ပေါင်း ၈၈,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သုတေသနအဖွဲ့တခုဖြစ်တဲ့ ISP Myanmar ရဲ့ နိုဝင်ဘာလအတွင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ဒီ ၅ နှစ်ကျော် ကာလအတွင်း အညာဒေသမှာ တိုက်ပွဲပေါင်း ၃,၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၃,၅၀၀ ကျော် ရှိခဲ့ပါတယ်။

မြေပုံအချက်အလက်တွေအရ စစ်ကိုင်းတိုင်းအလယ်ပိုင်းနဲ့ အထက်ပိုင်းဒေသတွေ၊ မကွေးတိုင်း မြောက်ပိုင်းနဲ့ မန္တလေးတိုင်း မြောက်ပိုင်းဒေသတွေမှာ တိုက်ပွဲဖြစ်ပွားတာနဲ့ လေကြောင်း တိုက်ခိုက် ခံရမှု အများဆုံး ကြုံတွေ့ခဲ့ရတာပါ။ 

ဒီတိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံ ပြည်သူအများစု အပါအဝင် အညာဒေသတခုလုံးမှာ စစ်ဘေးရှောင် ၄ သန်းကျော် ရှိလာသလို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း မြောက်ပိုင်းဒေသတွေမှာ နေအိမ်ပေါင်း ၈၈,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံ ခဲ့ရကြောင်း ISP Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013