DVB Logo
Home
မြန်မာသတင်း
ကော့သောင်းတွင် အလုပ်သမား ၂ ဦးအား နှိပ်စက်ညှဉ်းပန်းမှုဖြင့် ဆိုင်ရှင်ကို ဖမ်းဆီးအမှုဖွင့်
DVB
·
August 24, 2019
ကော့သောင်းတွင် အလုပ်သမား ၂ ဦးအား နှိပ်စက်ညှဉ်းပန်းမှုဖြင့် ဆိုင်ရှင်ကို ဖမ်းဆီးအမှုဖွင့်
Donate to DVB

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ စားသောက်ဆိုင်တဆိုင်မှာ အလုပ်သမား နှစ်ယောက်အား မတရားဖမ်းဆီးချုပ်နှောင် နှိပ်စက်ညှဉ်းပန်းခဲ့မှုနဲ့ ဆိုင်ရှင်ဖြစ်သူတွေကို ဖမ်းဆီးပြီး အမှုဖွင့် စစ်ဆေးနေတယ်လို့  ကော့သောင်း မြို့မရဲစခန်းက ပြောပါတယ်။

စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်သူ အသက် ၄၀ အရွယ် မအေး ဆိုသူက ဆိုင်အလုပ်သမား မစန်းစန်းဝင်းနဲ့ မမြတ်မြတ်မိုးတို့ကို နေအိမ်အိပ်ခန်းအတွင်း သံကြိုးတွေနဲ့ ချည်နှောင်သော့ခတ်ကာ လူမဆန်စွာ နှိပ်စက်တာကြောင့် နီးစပ်ရာ အသိမိတ်ဆွေအိမ်ကို ထွက်ပြေးလာခဲ့ကြတာလို့ နှိပ်စက်ခံရသူတွေက ပြောပါတယ်။ 

“သမီးကို ရေနွေးပူနှစ်ခွက်နဲ့ လောင်းထားတဲ့ ဒဏ်ရာပေါ်ကို တံမြက်စည်းနဲ့ ရိုက်ခိုင်းတယ်၊ သွေးတွေ ထွက်လာတယ်၊ အပေါ်ကို တုတ်နဲ့ ထပ်ရိုက်ခိုင်းတယ်၊ တကိုယ်လုံးကိုလည်း ရိုက်တယ်၊ နေပူကြီးထဲမှာ ဘော်ခုံနဲ့ ထိုင်ခိုင်းတယ်၊ သမီးကို တဲလေးထဲမှာ သော့ခတ်ထားတယ်” လို့ မမြတ်မြတ်မိုးက ပြောပါတယ်။

ဒီနောက် တဲဘေးနားမှာ ကပ်ရိုက်ထားတဲ့ ဝါးခြမ်းပြားကို ဖြုတ်ပြီး ထွက်ပြေးခဲ့တာလို့ ဆိုပါတယ်။ နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကို မြင်ပြီး အသိမိတ်ဆွေ ဆိုသူ မနီလာဦး ခေါ် မနေခြည်က  အကျိုးအကြောင်း မေးမြန်းကာ ကော့သောင်းမြို့မရဲစခန်းကို သြဂုတ်လ ၂၀ ရက်နေ့က သွားရောက် တိုက်တန်းခဲ့ကြတာပါ။ 

နှိပ်စက်ခံရသူတွေကိုတော့ အမျိုးသမီးအရေး ဆောင်ရွက်ပေးနေတဲ့ တော်ဝင်ခရေ ကွန်ရက်အဖွဲ့က ကူညီထောက်ပံ့ပေးနေပြီး ဆေးရုံပို့ဆောင် ကုသပေးခဲ့တယ်လို့ သိရပါတယ်။

“ကျမတို့ ရောက်လာပြီး မေးတဲ့အခါမှာ ဒါဟာ လူကုန်ကူးမှု ဖြစ်နေတယ်။ မတရား ညှဉ်းပန်းနှိပ်စက်မှု ဖြစ်နေတာ တွေ့ရတယ်။ ဒါကြောင့် ရဲစခန်းမှာ လူကုန်ကူးမှုနဲ့ အမှုထပ်ဖွင့်ပြီးတော့ ညတွင်းချင်းပဲ ဖမ်းပါတယ်။ ပြီးတော့ ဒီကလေးမလေး နှစ်ယောက်အတွက် ရှေ့နေ ငှားပေးထားတယ်” လို့ တော်ဝင်ခရေကွန်ရက် အတွင်းရေးမှူး ဒေါ်သင်းသင်းစိုးက ပြောပါတယ်။

စားသောက်ဆိုင်ရှင် မအေး၊ မသဲသဲ ခေါ် ပွင့်သစ်ကျော်၊ မသက်ခိုင်နဲ့ ဘိုဘိုဟန်တို့ကို လူကုန်တားရဲတပ်ဖွဲ့က ကော့သောင်းမြို့မရဲစခန်းမှာ ဖမ်းဆီးပြီး အမှုဖွင့်စစ်ဆေးနေတယ်လို့ မြို့မရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။

လတ်ကိုကိုဦး

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေကာ့ေသာင္းတြင္ အလုပ္သမား ၂ ဦးအား ႏွိပ္စက္ညႇဥ္းပန္းမႈျဖင့္ ဆိုင္ရွင္ကို ဖမ္းဆီးအမႈဖြင့္

တနသၤာရီတိုင္း၊ ေကာ့ေသာင္းၿမိဳ႕ စားေသာက္ဆိုင္တဆိုင္မွာ အလုပ္သမား ႏွစ္ေယာက္အား မတရားဖမ္းဆီးခ်ဳပ္ေႏွာင္ ႏွိပ္စက္ညႇဥ္းပန္းခဲ့မႈနဲ႔ ဆိုင္ရွင္ျဖစ္သူေတြကို ဖမ္းဆီးၿပီး အမႈဖြင့္ စစ္ေဆးေနတယ္လို႔  ေကာ့ေသာင္း ၿမိဳ႕မရဲစခန္းက ေျပာပါတယ္။

စားေသာက္ဆိုင္လုပ္ငန္း လုပ္ကိုင္သူ အသက္ ၄၀ အ႐ြယ္ မေအး ဆိုသူက ဆိုင္အလုပ္သမား မစန္းစန္းဝင္းနဲ႔ မျမတ္ျမတ္မိုးတို႔ကို ေနအိမ္အိပ္ခန္းအတြင္း သံႀကိဳးေတြနဲ႔ ခ်ည္ေႏွာင္ေသာ့ခတ္ကာ လူမဆန္စြာ ႏွိပ္စက္တာေၾကာင့္ နီးစပ္ရာ အသိမိတ္ေဆြအိမ္ကို ထြက္ေျပးလာခဲ့ၾကတာလို႔ ႏွိပ္စက္ခံရသူေတြက ေျပာပါတယ္။

“သမီးကို ေရေႏြးပူႏွစ္ခြက္နဲ႔ ေလာင္းထားတဲ့ ဒဏ္ရာေပၚကို တံျမက္စည္းနဲ႔ ႐ိုက္ခိုင္းတယ္၊ ေသြးေတြ ထြက္လာတယ္၊ အေပၚကို တုတ္နဲ႔ ထပ္႐ိုက္ခိုင္းတယ္၊ တကိုယ္လုံးကိုလည္း ႐ိုက္တယ္၊ ေနပူႀကီးထဲမွာ ေဘာ္ခုံနဲ႔ ထိုင္ခိုင္းတယ္၊ သမီးကို တဲေလးထဲမွာ ေသာ့ခတ္ထားတယ္” လို႔ မျမတ္ျမတ္မိုးက ေျပာပါတယ္။

ဒီေနာက္ တဲေဘးနားမွာ ကပ္႐ိုက္ထားတဲ့ ဝါးျခမ္းျပားကို ျဖဳတ္ၿပီး ထြက္ေျပးခဲ့တာလို႔ ဆိုပါတယ္။ ႏွိပ္စက္ခံရတဲ့ ဒဏ္ရာေတြကို ျမင္ၿပီး အသိမိတ္ေဆြ ဆိုသူ မနီလာဦး ေခၚ မေနျခည္က  အက်ိဳးအေၾကာင္း ေမးျမန္းကာ ေကာ့ေသာင္းၿမိဳ႕မရဲစခန္းကို ၾသဂုတ္လ ၂၀ ရက္ေန႔က သြားေရာက္ တိုက္တန္းခဲ့ၾကတာပါ။

ႏွိပ္စက္ခံရသူေတြကိုေတာ့ အမ်ိဳးသမီးအေရး ေဆာင္႐ြက္ေပးေနတဲ့ ေတာ္ဝင္ခေရ ကြန္ရက္အဖြဲ႕က ကူညီေထာက္ပံ့ေပးေနၿပီး ေဆး႐ုံပို႔ေဆာင္ ကုသေပးခဲ့တယ္လို႔ သိရပါတယ္။

“က်မတို႔ ေရာက္လာၿပီး ေမးတဲ့အခါမွာ ဒါဟာ လူကုန္ကူးမႈ ျဖစ္ေနတယ္။ မတရား ညႇဥ္းပန္းႏွိပ္စက္မႈ ျဖစ္ေနတာ ေတြ႕ရတယ္။ ဒါေၾကာင့္ ရဲစခန္းမွာ လူကုန္ကူးမႈနဲ႔ အမႈထပ္ဖြင့္ၿပီးေတာ့ ညတြင္းခ်င္းပဲ ဖမ္းပါတယ္။ ၿပီးေတာ့ ဒီကေလးမေလး ႏွစ္ေယာက္အတြက္ ေရွ႕ေန ငွားေပးထားတယ္” လို႔ ေတာ္ဝင္ခေရကြန္ရက္ အတြင္းေရးမႉး ေဒၚသင္းသင္းစိုးက ေျပာပါတယ္။

စားေသာက္ဆိုင္ရွင္ မေအး၊ မသဲသဲ ေခၚ ပြင့္သစ္ေက်ာ္၊ မသက္ခိုင္နဲ႔ ဘိုဘိုဟန္တို႔ကို လူကုန္တားရဲတပ္ဖြဲ႕က ေကာ့ေသာင္းၿမိဳ႕မရဲစခန္းမွာ ဖမ္းဆီးၿပီး အမႈဖြင့္စစ္ေဆးေနတယ္လို႔ ၿမိဳ႕မရဲစခန္း တာဝန္ရွိသူက ေျပာပါတယ္။

လတ္ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013