DVB Logo
Home
မြန်မာသတင်း
ကက်ရှ်မီးယားဒေသ ခွဲထွက်ရေးခေါင်းဆောင်များက ချီတက်ဆန္ဒပြရန် တောင်းဆို
DVB
·
August 23, 2019
ကက်ရှ်မီးယားဒေသ ခွဲထွက်ရေးခေါင်းဆောင်များက ချီတက်ဆန္ဒပြရန် တောင်းဆို
Donate to DVB

 

 

အိန္ဒိယအစိုးရ ပိတ်ပင်တားမြစ်ချက်ကို ဖီဆန်ပြီး ချီတက်ဆန္ဒပြဖို့ ကက်ရှ်မီးယားဒေသ ခွဲထွက်ရေးခေါင်းဆောင်တွေက သြဂုတ် ၂၃ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

 

ဒါဟာ ကက်ရှ်မီးယားဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်အတန်းကို ရုပ်သိမ်းပြီးနောက်ပိုင်း ခွဲထွက်ရေး ခေါင်းဆောင်တွေက ပထမဆုံးအကြိမ် တောင်းဆိုလိုက်တာပါ။

 

ခွဲထွက်ဖို့ကြိုးပမ်းတဲ့ ခေါင်းဆောင်ရာချီ ထိန်းသိမ်းခံထားရပြီး သူတို့ဟာ ပိုစတာတွေကတဆင့် ဒေသခံ ပြည်သူတွေကို တောင်းဆိုတာ ဖြစ်ပါတယ်။

 

အဲဒီပိုစတာတွေကို ကက်ရှ်မီးယားဒေသ ဆရင်နာဂါမြို့မှာ ညတွင်းချင်း ကပ်ခဲ့ပါတယ်။ ခွဲထွက်ရေးအဖွဲ့ အားလုံးကို ကိုယ်စားပြုတဲ့ ပိုစတာတခုမှာ “လူကြီးလူငယ်မရွေး၊ အမျိုးသား အမျိုးသမီးမရွေး သောကြာနေ့ ဝတ်ပြုပွဲပြီးရင် ချီတက်ဆန္ဒပြကြပါ" ဆိုပြီး ရေးထားပါတယ်။

 

ဘာသာရေးခေါင်းဆောင်တဦးက သူတို့ဟာ ကုလသမဂ္ဂ စစ်ဘက်စောင့်ကြည့်လေ့လာရေးအဖွဲ့ရုံးကို ချီတက်ပြီး ဆန္ဒပြကြမယ်လို့ ပြောပါတယ်။

 

သူတို့ဆန္ဒပြပွဲကို ကုလသမဂ္ဂက လက်ခံတယ်၊ ဒါပေမယ့် ဆန္ဒပြပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သင့်တယ်လို့လည်း သူက ပြောခဲ့ပါတယ်။

 

ကက်ရှ်မီးယားအရေးနဲ့ ပတ်သက်ပြီး အိန္ဒိယနဲ့ ပါကစ္စတန်အကြား ပထမအကြိမ် စစ်ပွဲဖြစ်ပြီးနောက်  ၁၉၄၉ ခုနှစ်မှာ ကုလသမဂ္ဂ စစ်ဘက်စောင့်ကြည့်လေ့လာရေး အဖွဲ့ရုံးကို ဆရင်နာဂါမြို့မှာ ဖွင့်ခဲ့ပါတယ်။









ကက္ရွ္မီးယားေဒသ ခြဲထြက္ေရးေခါင္းေဆာင္မ်ားက ခ်ီတက္ဆႏၵျပရန္ ေတာင္းဆို
DVB

အိႏၵိယအစိုးရ ပိတ္ပင္တားျမစ္ခ်က္ကို ဖီဆန္ၿပီး ခ်ီတက္ဆႏၵျပဖို႔ ကက္ရွ္မီးယားေဒသ ခြဲထြက္ေရးေခါင္းေဆာင္ေတြက ၾသဂုတ္ ၂၃ ရက္ေန႔မွာ ေတာင္းဆိုလိုက္ပါတယ္။

ဒါဟာ ကက္ရွ္မီးယားေဒသ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ အဆင့္အတန္းကို ႐ုပ္သိမ္းၿပီးေနာက္ပိုင္း ခြဲထြက္ေရး ေခါင္းေဆာင္ေတြက ပထမဆုံးအႀကိမ္ ေတာင္းဆိုလိုက္တာပါ။

ခြဲထြက္ဖို႔ႀကိဳးပမ္းတဲ့ ေခါင္းေဆာင္ရာခ်ီ ထိန္းသိမ္းခံထားရၿပီး သူတို႔ဟာ ပိုစတာေတြကတဆင့္ ေဒသခံ ျပည္သူေတြကို ေတာင္းဆိုတာ ျဖစ္ပါတယ္။

အဲဒီပိုစတာေတြကို ကက္ရွ္မီးယားေဒသ ဆရင္နာဂါၿမိဳ႕မွာ ညတြင္းခ်င္း ကပ္ခဲ့ပါတယ္။ ခြဲထြက္ေရးအဖြဲ႕ အားလုံးကို ကိုယ္စားျပဳတဲ့ ပိုစတာတခုမွာ “လူႀကီးလူငယ္မေ႐ြး၊ အမ်ိဳးသား အမ်ိဳးသမီးမေ႐ြး ေသာၾကာေန႔ ဝတ္ျပဳပြဲၿပီးရင္ ခ်ီတက္ဆႏၵျပၾကပါ" ဆိုၿပီး ေရးထားပါတယ္။

ဘာသာေရးေခါင္းေဆာင္တဦးက သူတို႔ဟာ ကုလသမဂၢ စစ္ဘက္ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕႐ုံးကို ခ်ီတက္ၿပီး ဆႏၵျပၾကမယ္လို႔ ေျပာပါတယ္။

သူတို႔ဆႏၵျပပြဲကို ကုလသမဂၢက လက္ခံတယ္၊ ဒါေပမယ့္ ဆႏၵျပပြဲဟာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ျဖစ္သင့္တယ္လို႔လည္း သူက ေျပာခဲ့ပါတယ္။

ကက္ရွ္မီးယားအေရးနဲ႔ ပတ္သက္ၿပီး အိႏၵိယနဲ႔ ပါကစၥတန္အၾကား ပထမအႀကိမ္ စစ္ပြဲျဖစ္ၿပီးေနာက္ ၁၉၄၉ ခုႏွစ္မွာ ကုလသမဂၢ စစ္ဘက္ေစာင့္ၾကည့္ေလ့လာေရး အဖြဲ႕႐ုံးကို ဆရင္နာဂါၿမိဳ႕မွာ ဖြင့္ခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013