DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့သီးနှံဈေးနှုန်းများ
DVB
·
August 21, 2019
ပြောင်းလဲနေသည့် ယနေ့သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၇၃၈၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာ တအိတ်ကို ၇၀၀၀၀ ကျပ်ကနေ ၇၅၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၁၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(ဟောင်း)က ပိဿာ ၆၀ ဝင် တအိတ်ကို ၈၈၂၀၀ ကျပ် ပေါက်ဈေးရှိပြီး ၄၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာ တအိတ်ကို ၉၂၀၀၀ ကျပ်ကနေ ၉၃၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နှင့် မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၄၈၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲဇီးကွက်
မန္တလေး ကုန်စည်ဒိုင်မှာ ပဲဇီးကွက်က ၅၈.၂၅ ပိဿာဝင် တအိတ်ကို ၅၇၀၀၀ ကျပ်ကနေ ၅၉၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ တအိတ်ကို ၅၃၈၀၀ ကျပ် ပေါက်ဈေးနဲ့ ၁၅၀၀ ကျပ် ဈေးဆင်းသွားပြီ တအိတ်ကို ၅၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းနက်စမုံ
မန္တလေး ကုန်စည်ဒိုင်မှာ နှမ်းနက်စမုံက ၄၅ ပိဿာဝင် တအိတ်ကို ၂၄၀၀၀၀ ကျပ်ကနေ ၂၈၃၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါ။ မကွေး ကုန်စည်ဒိုင်မှာ တအိတ်ကို ၂၇၅၀၀၀ ကျပ် ပေါက်ဈေးနဲ့ ၁၀၀၀ ကျပ် ဈေးဆင်းသွားပြီး ၈၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

မုန်လာဥနီ
သီရိမင်္ဂလာဈေး ကုန်စည်ဒိုင်မှာ မုန်လာဥနီ တပိဿာကို ၁၅၀၀ ကျပ်ကနေ ၂၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ပြောင်းလဲမှုမရှိပါ။ အောင်ပန်းကုန်စည်ဒိုင်မှာ တပိဿာကို ၇၅၀ ကျပ်ပေါက်ဈေးနဲ့ ၁၀၀ ကျပ် ဈေးတက်လာပြီး တပိဿာကို ၁၂၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပန်းဂေါ်ဖီ
သီရိမင်္ဂလာဈေး ကုန်စည်ဒိုင်မှာ ပန်းဂေါ်ဖီတပွင့်ကို ၅၀၀ ကျပ်ကနေ ၈၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ အောင်ပန်း ကုန်စည်ဒိုင်မှာ တပွင့်ကို ၃၀၀ ကျပ် ပေါက်ဈေးနဲ့ ၁၀၀ ကျပ် ဈေးတက်လာပြီး တပွင့်ကို ၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။   

သတင်း – AMIA

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version


မတ်ပဲ

ပဲစင်းငုံနီ

ပဲဇီးကွက်

နှမ်းနက်စမုံ

မုန်လာဥနီ

ပန်းဂေါ်ဖီ


သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013