DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့သီးနှံဈေးနှုန်းများ
DVB
·
August 28, 2019
ပြောင်းလဲနေသည့် ယနေ့သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၇၂၂၀၀ ကျပ် ပေါက်ဈေးရှိပြီး ၄၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာ တအိတ်ကို ၇၀၀၀၀ ကျပ်ကနေ ၇၃၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၈၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စားတော်ပဲလုံး
ရန်ကုန် ဘုင့်နောင်ကုန်စည်ဒိုင်မှာ စားတော်ပဲလုံးက ၅၉.၂၅ ပိဿာဝင် တအိတ်ကို ၈၃၈၀၀ ကျပ်ကနေ ၈၅၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ၉၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာ တအိတ်ကို ၇၂၀၀၀ ကျပ်ကနေ ၉၀၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နှင့် မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၅၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်နီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်နီ တပိဿာကို ၅၀၀ ကျပ်ကနေ ၉၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ မြင်းခြံ ကုန်စည်ဒိုင်မှာ တပိဿာကို ၅၀၀ ကျပ်ကနေ ၈၀၀ ကျပ် ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နှင့် မြင်းခြံ ကုန်စည်ဒိုင် တပိဿာကို ၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
မန္တလေး ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်)က ပိဿာ ၆၀ ဝင် တအိတ်ကို ၈၂၀၀၀ ကျပ်ကနေ ၈၃၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ အောင်လံကုန်စည်ဒိုင်မှာ တအိတ်ကို ၈၈၅၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ မန္တလေးနှင့် အောင်လံ ကုန်စည်ဒိုင် တအိတ်ကို ၅၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ(နိုင်းတူးနိုင်း)
မန္တလေး ကုန်စည်ဒိုင်မှာ ကုလားပဲ(နိုင်းတူးနိုင်း)က ၅၆.၂၅ ပိဿာဝင် တအိတ်ကို ၇၉၀၀၀ ကျပ်ကနေ ၇၉၅၀၀ ကျပ် ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တအိတ်ကို ၇၉၈၀၀ ကျပ် ပေါက်ဈေးရှိပြီး ၆၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနှင့် မုံရွာ ကုန်စည်ဒိုင် တအိတ်ကို ၃၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပန်းဂေါ်ဖီ
သီရိမင်္ဂလာဈေး ကုန်စည်ဒိုင်မှာ ပန်းဂေါ်ဖီတပွင့်ကို ၅၀၀ ကျပ်ကနေ ၈၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ အောင်ပန်းကုန်စည်ဒိုင်မှာ တပွင့်ကို ၃၅၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးတက်လာပါတယ်။ သီရီမင်္ဂလာဈေးနဲ့ အောင်ပန်း ကုန်စည်ဒိုင်မှာ တပွင့်ကို ၄၅၀ ကျပ်‌ ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။   

သတင်း – AMIA

~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version


မတ်ပဲ

စားတော်ပဲလုံး

ကြက်သွန်နီ

ပဲစင်းငုံနီ


ပန်းဂေါ်ဖီ


သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013