DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့သီးနှံဈေးနှုန်းများ
DVB
·
August 26, 2019
ပြောင်းလဲနေသည့် ယနေ့သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၇၃၇၀၀ ကျပ် ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ တအိတ်ကို ၇၀၀၀၀ ကျပ်ကနေ ၇၅၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၁၃၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(ဟောင်း)က ပိဿာ ၆၀ ဝင် တအိတ်ကို ၈၆၇၀၀ ကျပ် ပေါက်ဈေး ရှိပြီး ၇၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ တအိတ်ကို ၉၀၀၀၀ ကျပ်ကနေ ၉၁၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါ။ ရန်ကုန်နှင့် မန္တလေး ကုန်စည်ဒိုင်မှာ တအိတ်ကို ၄၃၀၀ ကျပ် ဈေး ကွာခြား မှုရှိပါတယ်။

ပဲတီစိမ်း
မန္တလေး ကုန်စည်ဒိုင်မှာ ပဲတီစိမ်းက ၅၆.၂၅ ပိဿာဝင် တအိတ်ကို ၉၅၀၀၀ ကျပ်ကနေ ၁၀၁၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှ တအိတ်ကို ၁၁၄၀၀၀ ကျပ် ပေါက်ဈေးနဲ့ ၁၈၀၀ ကျပ် ဈေးတက်လာပြီ တအိတ်ကို ၁၃၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲထောပတ်
မန္တလေး ကုန်စည်ဒိုင်မှာ ပဲထောပတ်က ၅၆.၂၅ ပိဿာဝင် တအိတ်ကို ၈၅၀၀၀ ကျပ်ကနေ ၁၁၀၀၀၀ ကျပ်ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ တအိတ်ကို ၉၆၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၁၄၀၀၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။

နှမ်းဖြူ
မန္တလေးကုန်စည်ဒိုင်မှာ နှမ်းဖြူက ၄၅ ပိဿာဝင် တအိတ်ကို ၁၅၀၀၀၀ ကျပ်ကနေ ၁၅၄၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ၄၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ တအိတ်ကို ၁၄၀၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁၄၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းနက်စမုံ
မန္တလေး ကုန်စည်ဒိုင်မှာ နှမ်းနက်စမုံက ၄၅ ပိဿာဝင် တအအိတ်ကို ၂၃၀၀၀၀ ကျပ်ကနေ ၂၇၀၀၀၀ ကျပ် ပေါက်ဈေး ရှိပြီး ၃၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ တအိတ်ကို ၂၆၀၀၀၀ ပေါက်ဈေးနဲ့ ၅၀၀၀ ကျပ် ဈေးကျဆင်းသွားပြီး တအိတ်ကို ၁၀၀၀၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။   

သတင်း – AMIA

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version



မတ်ပဲ



ပဲစင်းငုံနီ



ပဲတီစိမ်း



ပဲထောပတ်



နှမ်းဖြူ



နှမ်းနက်စမုံ





သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013