DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးကော်မရှင်နှင့် အပစ်ရပ်အဖွဲ့များ ချင်းမိုင်တွင် အလွတ်သဘောတွေ့ဆုံ
DVB
·
August 20, 2019
ငြိမ်းချမ်းရေးကော်မရှင်နှင့် အပစ်ရပ်အဖွဲ့များ ချင်းမိုင်တွင် အလွတ်သဘောတွေ့ဆုံ
Donate to DVB

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနက ငြိမ်းချမ်းရေးကော်မရှင်တွေနဲ့ အန်စီအေ တနိုင်ငံလုံး ပစ်ခတ်ရပ်စဲရေးစာချုပ်လက်မှတ်ထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်တွေ သြဂုတ် ၁၉ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ အလွတ်သဘော တွေ့ဆုံခဲ့ကြပါတယ်။

တိုင်းရင်းသား လက်နက်အဖွဲ့တွေအနေနဲ့ အန်စီအေလက်မှတ် ရေးထိုးခဲ့ပြီးသော်လည်း ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အစိုးရနဲ့ ဆွေးနွေးရာမှာ တစ်ဆို့မှုတွေ ရှိနေသေးကြောင်း၊ အဆိုပါ တစ်ဆို့မှုတွေ ကျော်လွှားနိုင်ရေး အပါအဝင် ရှေ့ဆက်လုပ်ငန်းစဉ်တွေ အဆင်ပြေချောမွေ့စေဖို့ ငြိမ်းချမ်းရေးကော်မရှင်ဘက်က အချက် ၄ ချက်ကို အဆိုပြုခဲ့တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့သူ အာရ်စီအက်စ်အက်စ်/ရှမ်းပြည်တပ်မတော် ပြောခွင့်ရ ဒုဗိုလ်မှူးကြီးစိုင်းငင်းက ဒီဗွီဘီကို ပြောပါတယ်။

“ငြိမ်းချမ်းရေးလမ်းစဉ် အကောင်အထည်ဖော်ရာမှာ ကော်မရှင်ဘက်ကနေပြီးတော့   တစ်အချက် အန်စီအေ တပြည်လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်အတိုင်း ဆက်လက်အကောင်အထည်ဖော်ဖို့၊ နှစ်အချက် ဖက်ဒရယ်စနစ်ကို သွားနိုင်ဖို့ ဘာတွေ လိုအပ်သလဲ။ သုံးအချက် ၂၀၂၀ ခုနှစ်မတိုင်ခင်နဲ့ ၂၀၂၀ နောက်ပိုင်း အဲဒီကာလတွေမှာ ငြိမ်းချမ်းရေး လမ်းစဉ်အတွက် ဘာလိုအပ်လဲ၊ ဘာလုပ်ချင်သလဲ၊ ဘာတွေလုပ်ကြမလဲ။  ပြီးတော့ လေးအချက်က ကြားကာလတွေမှာ သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း ဘာတွေ ဆောင်ရွက်မလဲ ဆိုတာတွေ ဆွေးနွေးကြတယ် ”

အလွတ်သဘော တွေ့ဆုံပွဲဖြစ်လို့ နှစ်ဖက်သဘောတူ ဆုံးဖြတ်ချက်တွေတော့ ချမှတ်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ဒါပေမဲ့ ငြိမ်းချမ်းရေး ကော်မရှင်ဘက်က အဆိုပြုထားတဲ့ အချက်တွေကိုတော့ လာမယ့် သြဂုတ် ၂၁ ရက်ကနေ ၂၄ ရက်အထိ ချင်းမိုင်မှာ ကျင်းပဖို့ရှိတဲ့ အန်စီအေ လက်မှတ်ထိုး အပစ်ခတ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့အစည်းအဝေးမှာ တင်ပြဆွေးနွေးသွားမယ်လို့ သိရပါတယ်။

မနေ့က အလွတ်သဘောဆွေးနွေးပွဲကို မြန်မာ့ငြိမ်းချမ်းရေးကော်မရှင်ဘက်က အငြိမ်းစား ဗိုလ်ချုပ်ခင်ဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေတို့ ဦးဆောင်ပါဝင်တဲ့ ကိုယ်စားလှယ်တွေ စုစုပေါင်း ၇ ဦး တက်ရောက်ခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ ကရင်အမျိုးသားအစည်းအရုံး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော်၊ ကရင်ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီအကျိူးပြု ကရင်တပ်မတော်၊ ချင်းအမျိုးသားတပ်ဦး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ မွန်ပြည်သစ်ပါတီနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ် ။

မြန်မာငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဟာ မနေ့က ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့ အလွတ်သဘော တွေ့ဆုံခဲ့ပြီး သြဂုတ် ၂၀ ရက်နေ့မှာလည်း ရှမ်းပြည်တပ်မတော်/အာရ်စီအက်စ်အက်စ်နဲ့ ကရင်အမျိုးသားအစည်းအရုံးတို့နဲ့လည်း သီးခြားစီ အလွတ်သဘော တွေ့ဆုံဖို့ ရှိပါတယ်။

ဓာတ္ပံုမ်ား-NCA-SEAO

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ အပစ္ရပ္အဖြဲ႕မ်ား ခ်င္းမိုင္တြင္ အလြတ္သေဘာေတြ႕ဆုံ

အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာနက ၿငိမ္းခ်မ္းေရးေကာ္မရွင္ေတြနဲ႔ အန္စီေအ တႏိုင္ငံလုံး ပစ္ခတ္ရပ္စဲေရးစာခ်ဳပ္လက္မွတ္ထိုးတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၁၀ ဖြဲ႕က ေခါင္းေဆာင္ေတြ ၾသဂုတ္ ၁၉ ရက္ ညေနပိုင္းက ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္မွာ အလြတ္သေဘာ ေတြ႕ဆုံခဲ့ၾကပါတယ္။

တိုင္းရင္းသား လက္နက္အဖြဲ႕ေတြအေနနဲ႔ အန္စီေအလက္မွတ္ ေရးထိုးခဲ့ၿပီးေသာ္လည္း ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ဖို႔ အစိုးရနဲ႔ ေဆြးေႏြးရာမွာ တစ္ဆို႔မႈေတြ ရွိေနေသးေၾကာင္း၊ အဆိုပါ တစ္ဆို႔မႈေတြ ေက်ာ္လႊားႏိုင္ေရး အပါအဝင္ ေရွ႕ဆက္လုပ္ငန္းစဥ္ေတြ အဆင္ေျပေခ်ာေမြ႕ေစဖို႔ ၿငိမ္းခ်မ္းေရးေကာ္မရွင္ဘက္က အခ်က္ ၄ ခ်က္ကို အဆိုျပဳခဲ့တယ္လို႔ ေတြ႕ဆုံပြဲကို တက္ေရာက္ခဲ့သူ အာရ္စီအက္စ္အက္စ္/ရွမ္းျပည္တပ္မေတာ္ ေျပာခြင့္ရ ဒုဗိုလ္မႉးႀကီးစိုင္းငင္းက ဒီဗြီဘီကို ေျပာပါတယ္။

“ၿငိမ္းခ်မ္းေရးလမ္းစဥ္ အေကာင္အထည္ေဖာ္ရာမွာ ေကာ္မရွင္ဘက္ကေနၿပီးေတာ့   တစ္အခ်က္ အန္စီေအ တျပည္လုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးစာခ်ဳပ္အတိုင္း ဆက္လက္အေကာင္အထည္ေဖာ္ဖို႔၊ ႏွစ္အခ်က္ ဖက္ဒရယ္စနစ္ကို သြားႏိုင္ဖို႔ ဘာေတြ လိုအပ္သလဲ။ သုံးအခ်က္ ၂၀၂၀ ခုႏွစ္မတိုင္ခင္နဲ႔ ၂၀၂၀ ေနာက္ပိုင္း အဲဒီကာလေတြမွာ ၿငိမ္းခ်မ္းေရး လမ္းစဥ္အတြက္ ဘာလိုအပ္လဲ၊ ဘာလုပ္ခ်င္သလဲ၊ ဘာေတြလုပ္ၾကမလဲ။  ၿပီးေတာ့ ေလးအခ်က္က ၾကားကာလေတြမွာ သက္ဆိုင္ရာအဖြဲ႕ေတြအေနနဲ႔ ဖြံ႕ၿဖိဳးေရးလုပ္ငန္း ဘာေတြ ေဆာင္႐ြက္မလဲ ဆိုတာေတြ ေဆြးေႏြးၾကတယ္ ”

အလြတ္သေဘာ ေတြ႕ဆုံပြဲျဖစ္လို႔ ႏွစ္ဖက္သေဘာတူ ဆုံးျဖတ္ခ်က္ေတြေတာ့ ခ်မွတ္ခဲ့ျခင္း မရွိခဲ့ပါဘူး။

ဒါေပမဲ့ ၿငိမ္းခ်မ္းေရး ေကာ္မရွင္ဘက္က အဆိုျပဳထားတဲ့ အခ်က္ေတြကိုေတာ့ လာမယ့္ ၾသဂုတ္ ၂၁ ရက္ကေန ၂၄ ရက္အထိ ခ်င္းမိုင္မွာ က်င္းပဖို႔ရွိတဲ့ အန္စီေအ လက္မွတ္ထိုး အပစ္ခတ္ရပ္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္ အဖြဲ႕အစည္းအေဝးမွာ တင္ျပေဆြးေႏြးသြားမယ္လို႔ သိရပါတယ္။

မေန႔က အလြတ္သေဘာေဆြးေႏြးပြဲကို ျမန္မာ့ၿငိမ္းခ်မ္းေရးေကာ္မရွင္ဘက္က အၿငိမ္းစား ဗိုလ္ခ်ဳပ္ခင္ေဇာ္ဦး၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌး၊ ၿငိမ္းခ်မ္းေရး အက်ိဳးေဆာင္ ဦးလွေမာင္ေ႐ႊတို႔ ဦးေဆာင္ပါဝင္တဲ့ ကိုယ္စားလွယ္ေတြ စုစုေပါင္း ၇ ဦး တက္ေရာက္ခဲ့ပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြဘက္ကေတာ့ ကရင္အမ်ိဳးသားအစည္းအ႐ုံး၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္တစ္တပ္ဦး၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ/ရွမ္းျပည္တပ္မေတာ္၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ၊ ဒီမိုကေရစီအက်ိဴးျပဳ ကရင္တပ္မေတာ္၊ ခ်င္းအမ်ိဳးသားတပ္ဦး၊ ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္၊ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ၊ မြန္ျပည္သစ္ပါတီနဲ႔ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီက ကိုယ္စားလွယ္ေတြ တက္ေရာက္ခဲ့ၾကပါတယ္ ။

ျမန္မာၿငိမ္းခ်မ္းေရးေကာ္မရွင္အဖြဲ႕ဟာ မေန႔က ကရင္နီအမ်ိဳးသား တိုးတက္ေရးပါတီနဲ႔ အလြတ္သေဘာ ေတြ႕ဆုံခဲ့ၿပီး ၾသဂုတ္ ၂၀ ရက္ေန႔မွာလည္း ရွမ္းျပည္တပ္မေတာ္/အာရ္စီအက္စ္အက္စ္နဲ႔ ကရင္အမ်ိဳးသားအစည္းအ႐ုံးတို႔နဲ႔လည္း သီးျခားစီ အလြတ္သေဘာ ေတြ႕ဆုံဖို႔ ရွိပါတယ္။

ဓာတၸံုမ္ား-NCA-SEAO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013