DVB Logo
Home
မြန်မာသတင်း
ဂုတ်တွင်းတံတား ဖျက်ဆီးခံရသဖြင့် မန္တလေး-မူဆယ် ကုန်ကားများနှင့် အလုပ်သမားများ အခက်အခဲဖြစ်နေ
DVB
·
August 18, 2019
ဂုတ်တွင်းတံတား ဖျက်ဆီးခံရသဖြင့် မန္တလေး-မူဆယ် ကုန်ကားများနှင့် အလုပ်သမားများ အခက်အခဲဖြစ်နေ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း ‌နောင်ချိုမြို့နယ် မန္တလေး-လားရှိုးကားလမ်း ဂုတ်တွင်းကားလမ်းမှာ ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့က တိုက်ပွဲဖြစ်ပြီး ဂုတ်တွင်းတံတား ဖျက်ဆီးခံခဲ့ရတာကြောင့် မန္တလေး-မူဆယ်ကို ကုန်တင်ပြေးဆွဲနေကြတဲ့ ယာဉ်ပိုင်ရှင်တွေနဲ့ အလုပ်သမားတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။ 

နောင်ချို-ဂုတ်တွင်းတံတား ဖျက်ဆီးခံခဲ့ရပြီး ကားတွေ သွားလို့လာလို့ မရတော့တာကြောင့် ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်ကုန်သလို ကားကွင်းထဲက ကုန်တင်ကုန်ချ အလုပ်သမားတွေ၊ ယာဉ်မှူး၊ ယာဉ်နောက်လိုက်တွေကအစ ဒုက္ခရောက်ကြရတယ်လို့  မန္တလေး-မူဆယ်-တောင်ကြီးကို ကားပြေးဆွဲနေတဲ့ ယာဉ်ပိုင်ရှင် ဦးဇော်ကြီးက ပြောပါတယ်။

“နောင်ချို-ဂုတ်တွင်းတံတား ဖျက်ဆီးခံခဲ့ရတာကြောင့် ကားတွေ သွားလို့လာလို့ မရတော့ဘူးလေ။ အဲဒါကြောင့် ကုန်စည်စီးဆင်းမူတွေ ပြတ်တောက်ကုန်သလို ကားကွင်းထဲက ကုန်တင်ကုန်ချ အလုပ်သမားတွေ ယာဉ်မှူး၊ ယာဉ်လိုက်တွေ၊ ကျနော်တို့ ယာဉ်ပိုင်ရှင်တွေ အားလုံး အကုန်ဒုက္ခရောက်ကြရတယ်၊ စစ်ပွဲတွေလည်း အမြန်ပြီးဆုံးပြီး ငြိမ်းချမ်းရေးရစေချင်တယ်။ အဲဒါမှလည်း ကျနော်တို့ ယာဉ်ပိုင်ရှင်တွေနဲ့ ကားကွင်းကို မှီခိုနေကြတဲ့ အလုပ်သမားအားလုံးက အဆင်ပြေကြမှာ ဖြစ်တယ်။”

မန္တလေး-လားရှိုး ကားလမ်း၊ ဂုတ်တွင်းကားလမ်းကို ၅ ရက်အတွင်း ယာဉ်တွေ သွားလာနိုင်အောင် သက်ဆိုင်ရာ ဆောက်လုပ်ရေးဌာနက ပြန်လည်ပြုပြင်ပေးနေပါတယ်။

မူဆယ်ကနေ မန္တလေးကို တင်ပို့နေတဲ့တဲ့ ကုန်ပစ္စည်းရဲ့ ၇၀ ရာခိုင်နှုန်းဟာ တရုတ်ပစ္စည်းတွေ ဖြစ်ပြီး တရုတ်ပြည်က တင်သွင်းနေတဲ့ လူသုံးကုန်ပစ္စည်းတချို့ ဈေးတက်နေတယ်လို့လည်း သိရပါတယ်။

သြဂုတ် ၁၅ ရက်နေ့က နောင်ချို-ဂုတ်တွင်းတံတား၊ ၁၇ ရက်နေ့မှာ သိန္နီ-ကွမ်းလုံ- ချင်းရွှေဟော်လမ်းပေါ်က သံကူကွန်ကရစ်တံတားနဲ့ ကွန်ကရစ်တံတား၊ မနေ့ညနေကတော့ သိန္နီ- ကွမ်းလုံ- ချင်းရွှေဟော်လမ်းပေါ်က တံတားတစင်းတို့ ဖောက်ခွဲဖျက်ဆီးခံထားရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဂုတ္တြင္းတံတား ဖ်က္ဆီးခံရသျဖင့္ မႏၲေလး-မူဆယ္ ကုန္ကားမ်ားႏွင့္ အလုပ္သမားမ်ား အခက္အခဲျဖစ္ေန

ရွမ္းျပည္နယ္ေျမာက္ပိုင္း ‌ေနာင္ခ်ိဳၿမိဳ႕နယ္ မႏၲေလး-လားရႈိးကားလမ္း ဂုတ္တြင္းကားလမ္းမွာ ၿပီးခဲ့တဲ့ ဩဂုတ္ ၁၅ ရက္ေန႔က တိုက္ပြဲျဖစ္ၿပီး ဂုတ္တြင္းတံတား ဖ်က္ဆီးခံခဲ့ရတာေၾကာင့္ မႏၲေလး-မူဆယ္ကို ကုန္တင္ေျပးဆြဲေနၾကတဲ့ ယာဥ္ပိုင္ရွင္ေတြနဲ႔ အလုပ္သမားေတြ အခက္အခဲ ျဖစ္ေနၾကတယ္လို႔ သိရပါတယ္။

ေနာင္ခ်ိဳ-ဂုတ္တြင္းတံတား ဖ်က္ဆီးခံခဲ့ရၿပီး ကားေတြ သြားလို႔လာလို႔ မရေတာ့တာေၾကာင့္ ကုန္စည္စီးဆင္းမႈေတြ ျပတ္ေတာက္ကုန္သလို ကားကြင္းထဲက ကုန္တင္ကုန္ခ် အလုပ္သမားေတြ၊ ယာဥ္မႉး၊ ယာဥ္ေနာက္လိုက္ေတြကအစ ဒုကၡေရာက္ၾကရတယ္လို႔  မႏၲေလး-မူဆယ္-ေတာင္ႀကီးကို ကားေျပးဆြဲေနတဲ့ ယာဥ္ပိုင္ရွင္ ဦးေဇာ္ႀကီးက ေျပာပါတယ္။

“ေနာင္ခ်ိဳ-ဂုတ္တြင္းတံတား ဖ်က္ဆီးခံခဲ့ရတာေၾကာင့္ ကားေတြ သြားလို႔လာလို႔ မရေတာ့ဘူးေလ။ အဲဒါေၾကာင့္ ကုန္စည္စီးဆင္းမူေတြ ျပတ္ေတာက္ကုန္သလို ကားကြင္းထဲက ကုန္တင္ကုန္ခ် အလုပ္သမားေတြ ယာဥ္မႉး၊ ယာဥ္လိုက္ေတြ၊ က်ေနာ္တို႔ ယာဥ္ပိုင္ရွင္ေတြ အားလုံး အကုန္ဒုကၡေရာက္ၾကရတယ္၊ စစ္ပြဲေတြလည္း အျမန္ၿပီးဆုံးၿပီး ၿငိမ္းခ်မ္းေရးရေစခ်င္တယ္။ အဲဒါမွလည္း က်ေနာ္တို႔ ယာဥ္ပိုင္ရွင္ေတြနဲ႔ ကားကြင္းကို မွီခိုေနၾကတဲ့ အလုပ္သမားအားလုံးက အဆင္ေျပၾကမွာ ျဖစ္တယ္။”

မႏၲေလး-လားရႈိး ကားလမ္း၊ ဂုတ္တြင္းကားလမ္းကို ၅ ရက္အတြင္း ယာဥ္ေတြ သြားလာႏိုင္ေအာင္ သက္ဆိုင္ရာ ေဆာက္လုပ္ေရးဌာနက ျပန္လည္ျပဳျပင္ေပးေနပါတယ္။

မူဆယ္ကေန မႏၲေလးကို တင္ပို႔ေနတဲ့တဲ့ ကုန္ပစၥည္းရဲ႕ ၇၀ ရာခိုင္ႏႈန္းဟာ တ႐ုတ္ပစၥည္းေတြ ျဖစ္ၿပီး တ႐ုတ္ျပည္က တင္သြင္းေနတဲ့ လူသုံးကုန္ပစၥည္းတခ်ိဳ႕ ေဈးတက္ေနတယ္လို႔လည္း သိရပါတယ္။

ၾသဂုတ္ ၁၅ ရက္ေန႔က ေနာင္ခ်ိဳ-ဂုတ္တြင္းတံတား၊ ၁၇ ရက္ေန႔မွာ သိႏၷီ-ကြမ္းလုံ- ခ်င္းေ႐ႊေဟာ္လမ္းေပၚက သံကူကြန္ကရစ္တံတားနဲ႔ ကြန္ကရစ္တံတား၊ မေန႔ညေနကေတာ့ သိႏၷီ- ကြမ္းလုံ- ခ်င္းေ႐ႊေဟာ္လမ္းေပၚက တံတားတစင္းတို႔ ေဖာက္ခြဲဖ်က္ဆီးခံထားရပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013