DVB Logo
Home
မြန်မာသတင်း
ပြည်သူများ သတိဝီရိယဖြင့် နေထိုင်သွားလာကြရန် RCSS ထုတ်ပြန်
DVB
·
August 18, 2019
ပြည်သူများ သတိဝီရိယဖြင့် နေထိုင်သွားလာကြရန် RCSS ထုတ်ပြန်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ ဘယ်လောက်ကြာမယ် မခန့်မှန်းနိုင်တာကြောင့် ပြည်သူလူထုအနေနဲ့ သတိဝီရိယနဲ့ နေထိုင်သွားလာကြဖို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ထုတ်ပြန်ပါတယ်။

မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တဲ့စာမှာ မူဆယ်-မန္တလေးလမ်းပေါ်က တံတားတချို့ ဖောက်ခွဲ ဖျက်ဆီးခံထားရတာကြောင့် ပြန်တည်ဆောက်နေတဲ့အချိန်မှာ လားရှိုး-နမ့်လန်-ကျောက်ဂူ- နောင်ချို-မန္တလေး လမ်းကြောင်းက သွားမယ့်သူတွေကို RCSS အနေနဲ့ တတ်နိုင်သလောက် လမ်းခရီး လုံခြုံရေးပေးမယ်လို့ ဆိုထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်နဲ့ မန္တလေးတိုင်း ပြင်ဦးလွင်တို့မှာ တနေ့ကစလို့ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်နေတာပါ။

သြဂုတ် ၁၅ ရက်နေ့က နောင်ချို ဂုတ်တွင်းတံတား၊ ၁၇ ရက်နေ့မှာ သိန္နီ- ကွမ်းလုံ- ချင်းရွှေဟော် လမ်းပေါ်က သံကူကွန်ကရစ်တံတားနဲ့ ကွန်ကရစ်တံတား၊ မနေ့ညနေကတော့ သိန္နီ- ကွမ်းလုံ- ချင်းရွှေဟော်လမ်းပေါ်က တံတားတစင်းတို့ ဖောက်ခွဲဖျက်ဆီးခံထားရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ျပည္သူမ်ား သတိဝီရိယျဖင့္ ေနထိုင္သြားလာၾကရန္ RCSS ထုတ္ျပန္

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ ျဖစ္ေနတဲ့ တိုက္ပြဲေတြဟာ ဘယ္ေလာက္ၾကာမယ္ မခန႔္မွန္းႏိုင္တာေၾကာင့္ ျပည္သူလူထုအေနနဲ႔ သတိဝီရိယနဲ႔ ေနထိုင္သြားလာၾကဖို႔ သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS) က ထုတ္ျပန္ပါတယ္။

မေန႔က ရက္စြဲနဲ႔ ထုတ္ျပန္တဲ့စာမွာ မူဆယ္-မႏၲေလးလမ္းေပၚက တံတားတခ်ိဳ႕ ေဖာက္ခြဲ ဖ်က္ဆီးခံထားရတာေၾကာင့္ ျပန္တည္ေဆာက္ေနတဲ့အခ်ိန္မွာ လားရႈိး-နမ့္လန္-ေက်ာက္ဂူ- ေနာင္ခ်ိဳ-မႏၲေလး လမ္းေၾကာင္းက သြားမယ့္သူေတြကို RCSS အေနနဲ႔ တတ္ႏိုင္သေလာက္ လမ္းခရီး လုံၿခဳံေရးေပးမယ္လို႔ ဆိုထားပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေနာင္ခ်ိဳ၊ ေက်ာက္မဲ၊ လားရႈိး၊ သိႏၷီ၊ ကြတ္ခိုင္နဲ႔ မႏၲေလးတိုင္း ျပင္ဦးလြင္တို႔မွာ တေန႔ကစလို႔ ကိုးကန႔္တပ္ဖြဲ႕ (MNDAA)၊ ရကၡိဳင့္တပ္ေတာ္ (AA) နဲ႔ တအာင္းပေလာင္ လြတ္ေျမာက္ေရးတပ္မေတာ္ (TNLA) တို႔ ပူးေပါင္းတပ္ဖြဲ႕ေတြနဲ႔ တပ္မေတာ္တို႔ တိုက္ပြဲေတြ ျဖစ္ေနတာပါ။

ၾသဂုတ္ ၁၅ ရက္ေန႔က ေနာင္ခ်ိဳ ဂုတ္တြင္းတံတား၊ ၁၇ ရက္ေန႔မွာ သိႏၷီ- ကြမ္းလုံ- ခ်င္းေ႐ႊေဟာ္ လမ္းေပၚက သံကူကြန္ကရစ္တံတားနဲ႔ ကြန္ကရစ္တံတား၊ မေန႔ညေနကေတာ့ သိႏၷီ- ကြမ္းလုံ- ခ်င္းေ႐ႊေဟာ္လမ္းေပၚက တံတားတစင္းတို႔ ေဖာက္ခြဲဖ်က္ဆီးခံထားရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013