DVB Logo
Home
မြန်မာသတင်း
ဆုထူးစံ ကုမ္ပဏီဝန်ထမ်းများ အပါအဝင် ဖမ်းဆီးထားသူ ၉ ဦးကို အေအေ ပြန်လွှတ်
DVB
·
August 18, 2019
ဆုထူးစံ ကုမ္ပဏီဝန်ထမ်းများ အပါအဝင် ဖမ်းဆီးထားသူ ၉ ဦးကို အေအေ ပြန်လွှတ်
1 / 2
Donate to DVB

ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဆုထူးစံကုမ္ပဏီက ဝန်ထမ်း ၈ ဦးနဲ့ နန်းမှန်သိစ္စာကုမ္ပဏီ ဝန်ထမ်းတဦး အပါအဝင် ၉ ဦးကို သြဂုတ် ၁၇ ရက်က ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ရက္ခိုင့်တပ်မတော် အေအေက ပြောပါတယ်။

ရက္ခိုင့်တပ်မတော်ဘက်က ဖမ်းဆီးထားသူတွေကို သြဂုတ် ၁၇ ရက်က ပလက်ဝမြို့နယ် ချင်မတင်အုပ်စု၊ အောက်ကင်းတလင်း ကျေးရွာအထိ လိုက်ပို့ပြီး လွှဲပြောင်းလိုက်တယ်လို့ အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီဗွီဘီကို ပြောပါတယ်။

“သြဂုတ်လ ၁၇ ရက်‌နေ့က ကျနော် ရက္ခိုင့်တပ်တော်အေအေကနေပြီတော့ ဆူထူးစံကုမ္ပဏီက ဝန်ထမ်း ၈ ဦးနဲ့ နန်းမှန်သိစ္စာကုမ္ပဏီ ဝန်ထမ်းတဦး အပါအဝင် ၉ ဦးကို ပြန်လွှတ်ပေးလိုက်ပါတယ်။ သူတို့ကို အောက်ကင်းတလင်ကျေးရွာက ရပ်မိရပ်ဖတွေ၊ သင်းအုပ်ဆရာ တွေရဲ့လက်ထဲကို ကောင်းကောင်းမွန်မွန်နဲ့ လွှဲအပ်လိုက်ပါတယ်။ သူတို့ နေထိုင်တဲ့ကာလမှာပဲ သူတို့ စားဝတ်နေရေး၊ ကျန်းမာရေး၊ လုံခြုရေးအစပေါ့နော်။ တတ်နိုင်သလောက် ကူညီစောင့်ရှောက်ခဲ့ပါတယ်။”

လွှတ်ပေးလိုက်တဲ့ ဆူထူးစံကုမ္ပဏီ ဝန်ထမ်းတွေကတော့ စောကိုကိုနိုင်၊ လှမျိုးအောင်၊ ကျော်မျိုးထွန်း၊ သိန်းဟန်၊ သိန်းဇော်ထွန်း၊ ထွန်းလင်းအောင်၊ ဇော်နိုင်ထွန်းနဲ့ နန်းမှန်သိစ္စာကုမ္ပဏီက ဖြိုးမင်းဦးတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက “ကျနော်တို့ကတော့ ဖမ်းဆီးထားတာဆိုထက် သူတို့တွေကို လုံခြုံရေးအရ စစ်ဆေးမယ်ဆိုပြီးတော့ ထိန်းသိမ်းခဲ့တာ။ သူတို့တွေကို ပြန်ပြီးတော့ ပို့ဆောင်ဖို့ လုပ်နေတုန်း ဗမာစစ်တပ်ရဲ့ ထိုးစစ်တွေ ပြင်းထန်လာတဲ့အတွက် အခုလိုမျိုးနည်းနည်း ကြန့်ကြာသွားတာ ဖြစ်တယ်။ အရင်ကလည်း ICRC ကတဆင့် လွှဲပြောင်းပေးခဲ့တာတွေရှိပါတယ်။ နောက်ပြီး ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို အတတ်နိုင်ဆုံး ညှဉ်းပန်းနှိပ်စက်မှုတွေ မလုပ်ဖို့ ကျနော်တို့ တပ်တွေကို ညွှန်ကြားထားတာတွေရှိတယ်” လို့ ဆိုပါတယ်။

ပြန်လွတ်လာသူတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မရသေးပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ မြန်မာ - အိန္ဒိယလမ်းပိုင်း ဖောက်လုပ်နေစဉ် စစ်ထောက်လှမ်းရေးဟောင်းတွေ ဖြစ်တယ်ဆိုကာ အေအေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်သွယ်ထားတဲ့ ပလက်ဝ-မီဇိုရမ် ကားလမ်း တာဝန်ယူဖောက်လုပ်နေတဲ့ ဆုထူးစံကုမ္ပဏီကဝန်ထမ်း ၁၃ ဦးကို မတ်လ ၃၀ ရက်မှာ အေအေအဖွဲ့က ဖမ်းဆီးခေါ်သွားပြီး အရင်က ၅ ဦးကို လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် ဇူလိုင် ၃၁ ရက်နေ့ကလည်း ထိန်းသိမ်းထားတဲ့ ကင်းတလင်းကျေးရွာသား ၅၄ ဦးကို ရက္ခိုင့်တပ်တော် အေအေဘက်က အုန်းသီးဝကျေးရွာရှိ ရပ်မိရပ်ဖဆီမှာ အပ်နှံခဲ့ပါတယ်။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ- အေအေ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဆုထူးစံ ကုမၸဏီဝန္ထမ္းမ်ား အပါအဝင္ ဖမ္းဆီးထားသူ ၉ ဦးကို ေအေအ ျပန္လႊတ္

ဖမ္းဆီးထိန္းသိမ္းထားတဲ့ ဆုထူးစံကုမၸဏီက ဝန္ထမ္း ၈ ဦးနဲ႔ နန္းမွန္သိစၥာကုမၸဏီ ဝန္ထမ္းတဦး အပါအဝင္ ၉ ဦးကို ၾသဂုတ္ ၁၇ ရက္က ျပန္လည္လႊတ္ေပးလိုက္တယ္လို႔ ရကၡိဳင့္တပ္မေတာ္ ေအေအက ေျပာပါတယ္။

ရကၡိဳင္တပ္မေတာ္ဘက္က ဖမ္းဆီးထားသူေတြကို ၾသဂုတ္ ၁၇ ရက္က ပလက္ဝၿမိဳ႕နယ္ ခ်င္မတင္အုပ္စု၊ ေအာက္ကင္းတလင္း ေက်း႐ြာအထိ လိုက္ပို႔ၿပီး လႊဲေျပာင္းလိုက္တယ္လို႔ ေအေအေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက ဒီဗြီဘီကို ေျပာပါတယ္။

“ၾသဂုတ္လ ၁၇ ရက္နေ၌က က်ေနာ္ ရကၡိဳင့္တပ္ေတာ္ေအေအကေနၿပီေတာ့ ဆူထူးစံကုမၸဏီက ဝန္ထမ္း ၈ ဦးနဲ႔ နန္းမွန္သိစၥာကုမၸဏီ ဝန္ထမ္းတဦး အပါအဝင္ ၉ ဦးကို ျပန္လႊတ္ေပးလိုက္ပါတယ္။ သူတို႔ကို ေအာက္ကင္းတလင္ေက်း႐ြာက ရပ္မိရပ္ဖေတြ၊ သင္းအုပ္ဆရာ ေတြရဲ႕လက္ထဲကို ေကာင္းေကာင္းမြန္မြန္နဲ႔ လႊဲအပ္လိုက္ပါတယ္။ သူတို႔ ေနထိုင္တဲ့ကာလမွာပဲ သူတို႔ စားဝတ္ေနေရး၊ က်န္းမာေရး၊ လုံျခဳေရးအစေပါ့ေနာ္။ တတ္ႏိုင္သေလာက္ ကူညီေစာင့္ေရွာက္ခဲ့ပါတယ္။”

လႊတ္ေပးလိုက္တဲ့ ဆူထူးစံကုမၸဏီ ဝန္ထမ္းေတြကေတာ့ ေစာကိုကိုႏိုင္၊ လွမ်ိဳးေအာင္၊ ေက်ာ္မ်ိဳးထြန္း၊ သိန္းဟန္၊ သိန္းေဇာ္ထြန္း၊ ထြန္းလင္းေအာင္၊ ေဇာ္ႏိုင္ထြန္းနဲ႔ နန္းမွန္သိစၥာကုမၸဏီက ၿဖိဳးမင္းဦးတို႔ ျဖစ္ၾကတယ္လို႔ ဆိုပါတယ္။

ေအေအေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက “က်ေနာ္တို႔ကေတာ့ ဖမ္းဆီးထားတာဆိုထက္ သူတို႔ေတြကို လုံၿခဳံေရးအရ စစ္ေဆးမယ္ဆိုၿပီးေတာ့ ထိန္းသိမ္းခဲ့တာ။ သူတို႔ေတြကို ျပန္ၿပီးေတာ့ ပို႔ေဆာင္ဖို႔ လုပ္ေနတုန္း ဗမာစစ္တပ္ရဲ႕ ထိုးစစ္ေတြ ျပင္းထန္လာတဲ့အတြက္ အခုလိုမ်ိဳးနည္းနည္း ၾကန႔္ၾကာသြားတာ ျဖစ္တယ္။ အရင္ကလည္း ICRC ကတဆင့္ လႊဲေျပာင္းေပးခဲ့တာေတြရွိပါတယ္။ ေနာက္ၿပီး ဖမ္းဆီးရမိတဲ့ သုံ႔ပန္းေတြကို အတတ္ႏိုင္ဆုံး ညႇဥ္းပန္းႏွိပ္စက္မႈေတြ မလုပ္ဖို႔ က်ေနာ္တို႔ တပ္ေတြကို ၫႊန္ၾကားထားတာေတြရွိတယ္” လို႔ ဆိုပါတယ္။

ျပန္လြတ္လာသူေတြကို ဒီဗြီဘီက ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ မရေသးပါဘူး။

ၿပီးခဲ့တဲ့ မတ္လ ၃၀ ရက္ေန႔က ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္အတြင္းမွာ ျမန္မာ - အိႏၵိယလမ္းပိုင္း ေဖာက္လုပ္ေနစဥ္ စစ္ေထာက္လွမ္းေရးေဟာင္းေတြ ျဖစ္တယ္ဆိုကာ ေအေအက ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္အတြင္း ျမန္မာ-အိႏၵိယ ႏွစ္ႏိုင္ငံဆက္သြယ္ထားတဲ့ ပလက္ဝ-မီဇိုရမ္ ကားလမ္း တာဝန္ယူေဖာက္လုပ္ေနတဲ့ ဆုထူးစံကုမၸဏီကဝန္ထမ္း ၁၃ ဦးကို မတ္လ ၃၀ ရက္မွာ ေအေအအဖြဲ႕က ဖမ္းဆီးေခၚသြားၿပီး အရင္က ၅ ဦးကို လႊတ္ေပးခဲ့ၿပီး ျဖစ္ပါတယ္။

ဒါ့အျပင္ ဇူလိုင္ ၃၁ ရက္ေန႔ကလည္း ထိန္းသိမ္းထားတဲ့ ကင္းတလင္းေက်း႐ြာသား ၅၄ ဦးကို ရကၡိဳင့္တပ္ေတာ္ ေအေအဘက္က အုန္းသီးဝေက်း႐ြာရွိ ရပ္မိရပ္ဖဆီမွာ အပ္ႏွံခဲ့ပါတယ္။

သတင္း-ဝဏၰခြာညိဳ၊ ဓာတ္ပုံ- ေအေအ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013