DVB Logo
Home
မြန်မာသတင်း
ပုဂံ-ညောင်ဦး မီးရထား ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲတော့မည်
DVB
·
August 18, 2019
ပုဂံ-ညောင်ဦး မီးရထား ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲတော့မည်
Donate to DVB

မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မီးရထားလမ်းပိုင်း တံတား ပျက်စီးခဲ့တာကြောင့် ရပ်နားခဲ့တဲ့ ပုဂံ-ညောင်ဦး မီးရထားပြေးဆွဲမှုကို သြဂုတ် ၁၉ ရက်နေ့ကစတင်ပြီး ပုဂံ-ညောင်ဦးမှ ရန်ကုန်၊ နေပြည်တော်မြို့တွေကို ယခင်အချိန်တွေအတိုင်း ပုံမှန်ပြေးဆွဲသွားမယ်လို့ ပုဂံ-ညောင်ဦး မီးရထားဘူတာရုံပိုင်ကြီး ဦးဉာဏ်တင့်က ပြောပါတယ်။

''မနက်ဖြန် ညနေ ပြီးမယ် ခန့်မှန်းထားတယ်။ သြဂုတ် ၁၉ ရက်နေ့ ပြေးဆွဲမယ်လို့ ကျနော်တို့လည်း ကြေညာထားပါတယ်။”

ပုဂံ-ညောင်ဦး မီးရထားဘူတာမှ ပုဂံ-နေပြည်တော် အစုန်ရထား၊ နေပြည်တော်-ပုဂံ အဆန် ရထား၊ ပုဂံ မီးရထားဘူတာမှ ပုဂံ-ရန်ကုန် အဆန်ရထား၊ ရန်ကုန်-ပုဂံ အစုန်ရထားတို့ကို ယခင်အတိုင်း ပုံမှန် ပြေးဆွဲမှာပါ။

သြဂုတ်လ ၁၀ ရက်နေ့ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ပုဂံဘူတာနဲ့ တောင်ဇင်းဘူတာကြား မိုင်တိုင်အမှတ် ၃၈၇/၂၂ မိုင်ရှိ တံတားအရှည် ပေ ၁၂၀ ရှိတဲ့ တံတားအမှတ် ၁၃၅ ၏ ရေလယ်တိုင် နှစ်ခု PR 3 နဲ့ PR 4 တိုင်တို့ တိမ်းစောင်း လဲကျခဲ့လို့ ရထားခရီးစဉ်တွေ ရပ်နားထားရတာပါ။

ကိုလင်း(ချောက်)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

မိုးသည္းထန္စြာ ႐ြာသြန္းခဲ့ၿပီး မီးရထားလမ္းပိုင္း တံတား ပ်က္စီးခဲ့တာေၾကာင့္ ရပ္နားခဲ့တဲ့ ပုဂံ-ေညာင္ဦး မီးရထားေျပးဆြဲမႈကို ၾသဂုတ္ ၁၉ ရက္ေန႔ကစတင္ၿပီး ပုဂံ-ေညာင္ဦးမွ ရန္ကုန္၊ ေနျပည္ေတာ္ၿမိဳ႕ေတြကို ယခင္အခ်ိန္ေတြအတိုင္း ပုံမွန္ေျပးဆြဲသြားမယ္လို႔ ပုဂံ-ေညာင္ဦး မီးရထားဘူတာ႐ုံပိုင္ႀကီး ဦးဉာဏ္တင့္က ေျပာပါတယ္။

''မနက္ျဖန္ ညေန ၿပီးမယ္ ခန႔္မွန္းထားတယ္။ ၾသဂုတ္ ၁၉ ရက္ေန႔ ေျပးဆြဲမယ္လို႔ က်ေနာ္တို႔လည္း ေၾကညာထားပါတယ္။”

ပုဂံ-ေညာင္ဦး မီးရထားဘူတာမွ ပုဂံ-ေနျပည္ေတာ္ အစုန္ရထား၊ ေနျပည္ေတာ္-ပုဂံ အဆန္ ရထား၊ ပုဂံ မီးရထားဘူတာမွ ပုဂံ-ရန္ကုန္ အဆန္ရထား၊ ရန္ကုန္-ပုဂံ အစုန္ရထားတို႔ကို ယခင္အတိုင္း ပုံမွန္ ေျပးဆြဲမွာပါ။

ၾသဂုတ္လ ၁၀ ရက္ေန႔ မိုးသည္းထန္စြာ ႐ြာသြန္းခဲ့လို႔ ပုဂံဘူတာနဲ႔ ေတာင္ဇင္းဘူတာၾကား မိုင္တိုင္အမွတ္ ၃၈၇/၂၂ မိုင္ရွိ တံတားအရွည္ ေပ ၁၂၀ ရွိတဲ့ တံတားအမွတ္ ၁၃၅ ၏ ေရလယ္တိုင္ ႏွစ္ခု PR 3 နဲ႔ PR 4 တိုင္တို႔ တိမ္းေစာင္း လဲက်ခဲ့လို႔ ရထားခရီးစဥ္ေတြ ရပ္နားထားရတာပါ။

ကိုလင္း(ေခ်ာက္)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013