DVB Logo
Home
မြန်မာသတင်း
မီးရထားလက်မှတ်ကို အွန်လိုင်းမှ ORTP စနစ်ဖြင့် ဝယ်ယူသူအချို့ ငွေဆုံးရှုံး 
DVB
·
April 22, 2026
Photo - မြန်မာ့မီးရထား
Photo - မြန်မာ့မီးရထား
Donate to DVB

မေ ၁ ရက်မှာ စတင်ပြေးဆွဲမဲ့ လေအေးပေးစက်ပါတဲ့ ရန်ကုန်-မန္တလေး DEMU အမြန်ရထား လက်မှတ်ကို အွန်လိုင်းကနေ ORTP နဲ့ ရောင်းချမယ်လို့ မြန်မာ့မီးရထားက ထုတ်ပြန်ကြေညာပေမဲ့ နည်းပညာအခက်အခဲတွေကြောင့် ငွေကြေးဆုံရှုံးမှုတွေရှိတယ်လို့ ခရီးသွားလာသူတွေဆီက သိရ ပါတယ်။

မီးရထားခရီးစဉ် ထိုင်ခုံလက်မှတ်တွေကို Online Railways Ticketing and Payment လို့ ခေါ်တဲ့ ORTP စနစ်နဲ့ရောင်းချပေးရာမှာ နည်ပညာ ချို့ယွင်းမှုကြောင့် ငွေကြေးဆုံးရှုံးခဲ့ရတယ်လို့ ORTP စနစ်နဲ့ လက်မှတ်ဝယ်ခဲ့တဲ့ ခရီးသည် တယောက်က ပြောပါတယ်။

"ရန်ကုန်-နေပြည်တော် မီးရထားလက်မှတ်ကို အွန်လိုင်းကနေ ORTP နဲ့ဝယ်ဖူးတယ်။ ပထမတန်း ကျပ် ၃၇,၂၀၀ ပေးရတယ်။ အွန်လိုင်းကဝယ်လို့ ငွေသွင်းပြီးရင် မီးရထားဘက်က e-ticket ပြန်ပေးတယ်။ အဲ့ဒီ e-ticket ကို ဘူတာမှာ လက်မှတ်နဲ့ပြန်လဲရတာ။ ဒါပေမဲ့ ငွေသွင်းပြီး e-ticket မရလို့ သင်္ကြန်တုန်းက ငွေဆုံးရှုံးသွားသူတွေအများကြီးပဲ။”

ရန်ကုန်-မန္တလေး ခရီးသွားတယောက်အနေနဲ့ မီးရထားလက်မှတ်ကို အွန်လိုင်းကနေ ဝယ်ယူလိုပါက ORTP info by မြန့်မာ့မီးရထား Page မှာ ၇ ရက်ကြိုဝယ်ရတာဖြစ်ပြီး ကြားဘူတာဆိုရင်တော့ ၃ ရက်ကြိုဝယ်ရတယ်လို့ မန္တလေးကိုသွားခဲ့သူတယောက်က ပြောပါတယ်။

"ရန်ကုန်-မန္တလေး မီးရထားလက်မှတ် အထူးတန်းဆို ကျပ် ၄၈,၂၀၀၊ ပထမတန်းဆို ၃၄,၂၀၀ ပေးရတယ်။ ခရီးစဥ်အစအဆုံးဆို တပတ်ကြိုမှာရတာ၊ ကြားဘူတာဆို ၃ ရက်ကြိုဝယ်ရတယ်၊ မီးရထားဘက်က ပြန်ပေးတဲ့ e-ticket ကို ဘူတာမှာ ၁ ရက်ကြိုပြီး လက်မှတ်ပြန်လဲရတော့ ၂ ခါ ၃ ခါပင်ပန်းတာပေါ့။ ဒီကြားထဲ ငွေသွင်းပြီးရင် e-ticket မရတာကများတယ်။ နည်းပညာမကျွမ်းကျင်ပဲ ORTP စနစ်ကို မလုပ်သင့်ဘူး။”

မီးရထားလက်မှတ်စျေးနှုန်းတွေမှာလည်း Express ကားစျေးနှုန်းနဲ့မကွာတဲ့အတွက် စီးပွားရေး လုပ်ကိုင်သူတွေဟာ မီးရထားထက် အချိန်ကုန်လူသက်သာပြီး မြန်ဆန်တဲ့ Express ယာဥ်တွေနဲ့သာ ခရီးသွားကြတယ်လို့ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ရန်ကုန်-မန္တလေး-ရန်ကုန် ရထားခရီးစဉ်ကိုအမှတ် (၅) အဆန်/အမှတ် (၆) အစုန် လေအေးပေးစက် ပါ DEMU အမြန်ရထားနဲ့ပြေးဆွဲသွားမှာဖြစ်ပြီး ခရီးစဥ်ကြာချိန်မှာ ၁၀ နာရီဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အလားတူပင် ရန်ကုန်-နေပြည်တော် မီးရထားခရီးစဥ်ကို အမှတ် (၃၁) အဆန်/ အမှတ် (၃၂) အစုန်နဲ့ အမှတ်(၇) အဆန်/ အမှတ်(၈)အစုန် လေအေးပေးစက်ပါ DEMU အမြန်ရထားတွေနဲ့ တရက်ကို ၂ ကြိမ် ပြေးဆွဲပြေးသွားမှာဖြစ်ပြီး ခရီးကြာချိန်မှာ ၅ နာရီဖြစ်တယ်လို့ သိရပါတယ်။

အခုနှစ် သင်္ကြန်ကာလရုံးပိတ်ရက် နေပြည်တော်ကနေ နေရပ်ပြန်မဲ့ဝန်ထမ်းတွေ မီးရထားလက်မှတ် ကို အွန်လိုင်းကနေ ORTP စနစ်ဝယ်ယူရာမှာ e-ticket မရလို့ ဝေဖန်မှုများစွာ မြင့်တက်ခဲ့ပြီး ORTP info by မြန့်မာ့မီးရထား Page အနေနဲ့ ဧပြီ ၅ ရက်မှာ ခရီးသွားလာသူတွေကို တရားဝင် တောင်းပန်ခဲ့ရပါတယ်။ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013