DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးတွင် တောဆင်ရိုင်းတကောင် ဝင်ရောက်
DVB
·
August 17, 2019
တိုက်ကြီးတွင် တောဆင်ရိုင်းတကောင် ဝင်ရောက်
Donate to DVB

တိုက်ကြီးမြို့နယ်၊ ကင်းမတီးကျေးရွာအုပ်စု၊ ကင်းမတီးကျေးရွာနဲ့ အိတ္တလူးကျေးရွာအတွင်း တောဆင်ရိုင်းတကောင်ဝင်ရောက်ခဲ့တာကြောင့် တဲအိမ်တလုံးနဲ့ သစ်တောစိုက်ခင်းအတွင်းက ရုံးတခု အနည်းငယ် ပျက်စီးသွားတယ်လို့ သိရပါတယ်။

ကင်းမတီးကျေးရွာနေ ဦးအောင်မိုးက "၁၆ ရက်နေ့ မနက် ၃ နာရီကျော်လောက်က ဝင်လာတာ။ ရွာသားတွေ ဝိုင်းပြီ ‌အော်ဟစ်ခြောက်မောင်းလိုက်တော့ ပြန်ထွက်သွားတယ်။ အိတ္တလူးရွာဘက်က လယ်တဲတလုံးနဲ့သစ်တောစိုက်ခင်းထဲက ရုံးတခုကိုလည်း အစာရှာရင်း နဲ့ဖျက်စီးသွားတယ်လို့ကြားရတယ်"လို့ပြောပါတယ်။

တိုက်ကြီးမြို့နယ်သစ်တောဦးစီးဌာနကတော့ တောဆင်ရိုင်းဝင်ရောက်တဲ့ ကျေးရွာတွေနဲ့ သစ်တောစိုက်ခင်းကို သွားရောက်ကြည့်နေတယ်လို့ သိရပါတယ်။

တိုက်ကြီးမြို့နယ်အတွင်း ပဲခူးရိုးမတောအနီးရှိ ကျေးရွာတွေကို တောဆင်ရိုင်းတွေ နှစ်စဉ် ဝင်ရောက်လေ့ရှိပြီး စိုက်ပျိုးထားတဲ့ စပါးနဲ့အခြားသီးနှံစိုက်ခင်းတွေ၊ လယ်စောင့်တဲနဲ့ ကျေးရွာအပြင်ရှိ နေအိမ်တွေ ပျက်စီးဆုံးရှုံးတာတွေရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် လူနဲ့ ပက်ပင်းတိုးပါက နင်းသတ်တာတွေရှိသလို ဆင်သတ်မုဆိုးတွေကြောင့် တောဆင်ရိုင်းတွေ အသတ်ခံရတာတွေရှိတာကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာနနဲ့ သစ်ထုတ်လုပ်ရေးဦး စီးဌာန တွေ ပူးပေါင်းပြီး တောအတွင်း လှည့်ကင်းလှည့်တာနဲ့ ‌ကျေးရွာတွေကို တောဆင်ရိုင်းတွေ ဝင်ရောက်ပါက မောင်းနှင်တာတွေ ပြုလုပ်ပေးနေပါတယ်။

သတင်း-မေသွယ်




Zawgyi Version

တိုက္ႀကီးတြင္ ေတာဆင္႐ိုင္းတေကာင္ ဝင္ေရာက္
DVB
တိုက္ႀကီးၿမိဳ႕နယ္၊ ကင္းမတီးေက်း႐ြာအုပ္စု၊ ကင္းမတီးေက်း႐ြာနဲ႔ အိတၱလူးေက်း႐ြာအတြင္း ေတာဆင္႐ိုင္းတေကာင္ဝင္ေရာက္ခဲ့တာေၾကာင့္ တဲအိမ္တလုံးနဲ႔ သစ္ေတာစိုက္ခင္းအတြင္းက ႐ုံးတခု အနည္းငယ္ ပ်က္စီးသြားတယ္လို႔ သိရပါတယ္။
ကင္းမတီးေက်း႐ြာေန ဦးေအာင္မိုးက "၁၆ ရက္ေန႔ မနက္ ၃ နာရီေက်ာ္ေလာက္က ဝင္လာတာ။ ႐ြာသားေတြ ဝိုင္းၿပီ ‌ေအာ္ဟစ္ေျခာက္ေမာင္းလိုက္ေတာ့ ျပန္ထြက္သြားတယ္။ အိတၱလူး႐ြာဘက္က လယ္တဲတလုံးနဲ႔သစ္ေတာစိုက္ခင္းထဲက ႐ုံးတခုကိုလည္း အစာရွာရင္း နဲ႔ဖ်က္စီးသြားတယ္လို႔ၾကားရတယ္"လို႔ေျပာပါတယ္။
တိုက္ႀကီးၿမိဳ႕နယ္သစ္ေတာဦးစီးဌာနကေတာ့ ေတာဆင္႐ိုင္းဝင္ေရာက္တဲ့ ေက်း႐ြာေတြနဲ႔ သစ္ေတာစိုက္ခင္းကို သြားေရာက္ၾကည့္ေနတယ္လို႔ သိရပါတယ္။
တိုက္ႀကီးၿမိဳ႕နယ္အတြင္း ပဲခူး႐ိုးမေတာအနီးရွိ ေက်း႐ြာေတြကို ေတာဆင္႐ိုင္းေတြ ႏွစ္စဥ္ ဝင္ေရာက္ေလ့ရွိၿပီး စိုက္ပ်ိဳးထားတဲ့ စပါးနဲ႔အျခားသီးႏွံစိုက္ခင္းေတြ၊ လယ္ေစာင့္တဲနဲ႔ ေက်း႐ြာအျပင္ရွိ ေနအိမ္ေတြ ပ်က္စီးဆုံးရႈံးတာေတြရွိတယ္လို႔ သိရပါတယ္။
ဒါ့အျပင္ လူနဲ႔ ပက္ပင္းတိုးပါက နင္းသတ္တာေတြရွိသလို ဆင္သတ္မုဆိုးေတြေၾကာင့္ ေတာဆင္႐ိုင္းေတြ အသတ္ခံရတာေတြရွိတာေၾကာင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ သစ္ေတာဦးစီးဌာနနဲ႔ သစ္ထုတ္လုပ္ေရးဦး စီးဌာန ေတြ ပူးေပါင္းၿပီး ေတာအတြင္း လွည့္ကင္းလွည့္တာနဲ႔ ‌ေက်း႐ြာေတြကို ေတာဆင္႐ိုင္းေတြ ဝင္ေရာက္ပါက ေမာင္းႏွင္တာေတြ ျပဳလုပ္ေပးေနပါတယ္။
သတင္း-ေမသြယ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013