DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်သွားသူများထဲမှ စိစစ်ထားသူ ၃၄၅၀ ကို ပြန်လက်ခံမည်ဟု ဦးဇော်ဌေး ပြော
DVB
·
August 17, 2019
ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်သွားသူများထဲမှ စိစစ်ထားသူ ၃၄၅၀ ကို ပြန်လက်ခံမည်ဟု ဦးဇော်ဌေး ပြော
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်သွားသူတွေထဲက စိစစ်အတည်ပြုထားတဲ့ ၃၄၅၀ ဦးကို လွှဲပြောင်းပေးမယ်ဆိုရင် လက်ခံဖို့ အဆင်သင့်ရှိနေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့က နေပြည်တော်သမ္မတအိမ်တော်မှာ နှစ်ပတ်တစ်ကြိမ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ 

မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ သူတွေထဲမှာ ဒုတိယအသုတ်အနေနဲ့ ပေးပို့မယ့် လူဦးရေ ၂၂၄၃၂ ဦးထဲက  စိစစ်အတည်ပြုပြီးသားဖြစ်တဲ့ လူဦးရေ ၃၄၅၀ ကို အခုလာမယ့် သြဂုတ်လ ၂၂ ရက်နေ့မှာ စတင်လက်သင့်ခံနိုင်ဖို့ နှစ်နိုင်ငံ ညှိနှိုင်းထားတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကနေ မြန်မာနိုင်ငံဘက်ကို အသုတ် ၃ သုတ်ခွဲပြီး ပေးပို့ထားတာ ဖြစ်သလို ပထမအသုတ်မှာ ၈၀၃၂ ဦး၊ ဒုတိယအသုတ်မှာ ၂၂၄၃၂ ဦး တတိယအသုတ်မှာ ၂၅၀၄၇ ဦး ပေးပို့ထားကြောင်း ဦးဇော်ဌေးက ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီး သြဂုတ် ၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို ခေါ်ယူပြောဆိုခဲ့ပြီး မြန်မာနိုင်ငံဘက်ကို ပေးပို့ထားတဲ့သူတွေထဲမှာ အမှန်တကယ် နေထိုင်ခဲ့ဖူးတာ ဟုတ်၊ မဟုတ်နဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်တဲ့သူတွေ ဟုတ်၊ မဟုတ် စိစစ်ထားသူတွေထဲက   ပြန်လက်ခံနိုင်တဲ့ စာရင်းတွေကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်လည်ပေးပို့ထားတာပါ။

ပြန်လာကြမယ့်သူတွေကို ရုပ်ပိုင်းဆိုင်ရာ ကူညီဆောင်ရွက်ပေးတာထက် စိတ်ပိုင်းဆိုင်ရာက ပိုအရေးကြီးတဲ့အပြင် အဲဒီဒေသမှာ ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့တဲ့သူတွေလို သတ်မှတ်ပြီး ဆက်ဆံပေးဖို့က ပိုလိုအပ်တယ်လို့ ကိုဖီအာနန် အကြံပေးကော်မရှင်အဖွဲ့မှာ ပါဝင်ခဲ့သူ ဦးအေးလွင်က ပြောပါတယ်။

နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေးစတင်ဖို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၃ ရက်ကတည်းက အဆင်သင့် ဖြစ်ပေမယ့် အကြောင်းကြောင်းကြောင့် မလာရောက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဦးဇော်ဋ္ဌေးက ပြောဆိုပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဘဂၤလားေဒ့ရွ္ဘက္ တိမ္းေရွာင္သြားသူမ်ားထဲမွ စိစစ္ထားသူ ၃၄၅၀ ကို ျပန္လက္ခံမည္ဟု ဦးေဇာ္ေဌး ေျပာ

ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးတိမ္းေရွာင္သြားသူေတြထဲက စိစစ္အတည္ျပဳထားတဲ့ ၃၄၅၀ ဦးကို လႊဲေျပာင္းေပးမယ္ဆိုရင္ လက္ခံဖို႔ အဆင္သင့္ရွိေနတယ္လို႔ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူက ေျပာဆိုပါတယ္။

ၾသဂုတ္လ ၁၆ ရက္ေန႔က ေနျပည္ေတာ္သမၼတအိမ္ေတာ္မွာ ႏွစ္ပတ္တစ္ႀကိမ္ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲ မွာ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက သတင္းေထာက္ေတြကို ေျပာဆိုခဲ့တာပါ။

ျမန္မာႏိုင္ငံဘက္ကေန ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္ေျပးတိမ္းေရွာင္သြားတဲ့ သူေတြထဲမွာ ဒုတိယအသုတ္အေနနဲ႔ ေပးပို႔မယ့္ လူဦးေရ ၂၂၄၃၂ ဦးထဲက  စိစစ္အတည္ျပဳၿပီးသားျဖစ္တဲ့ လူဦးေရ ၃၄၅၀ ကို အခုလာမယ့္ ၾသဂုတ္လ ၂၂ ရက္ေန႔မွာ စတင္လက္သင့္ခံႏိုင္ဖို႔ ႏွစ္ႏိုင္ငံ ညႇိႏႈိင္းထားတယ္လို႔ ဆိုပါတယ္။

ဘဂၤလားေဒ့ရွ္အစိုးရဘက္ကေန ျမန္မာႏိုင္ငံဘက္ကို အသုတ္ ၃ သုတ္ခြဲၿပီး ေပးပို႔ထားတာ ျဖစ္သလို ပထမအသုတ္မွာ ၈၀၃၂ ဦး၊ ဒုတိယအသုတ္မွာ ၂၂၄၃၂ ဦး တတိယအသုတ္မွာ ၂၅၀၄၇ ဦး ေပးပို႔ထားေၾကာင္း ဦးေဇာ္ေဌးက ေျပာပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးျမင့္သူက ျပန္လည္လက္ခံေရးနဲ႔ ပတ္သက္ၿပီး ၾသဂုတ္ ၉ ရက္ေန႔က ဘဂၤလားေဒ့ရွ္သံအမတ္ႀကီးကို ေခၚယူေျပာဆိုခဲ့ၿပီး ျမန္မာႏိုင္ငံဘက္ကို ေပးပို႔ထားတဲ့သူေတြထဲမွာ အမွန္တကယ္ ေနထိုင္ခဲ့ဖူးတာ ဟုတ္၊ မဟုတ္နဲ႔ အၾကမ္းဖက္တိုက္ခိုက္မႈမွာ ပါဝင္ပတ္သက္တဲ့သူေတြ ဟုတ္၊ မဟုတ္ စိစစ္ထားသူေတြထဲက   ျပန္လက္ခံႏိုင္တဲ့ စာရင္းေတြကိုလည္း ဘဂၤလားေဒ့ရွ္ဘက္ကို ျပန္လည္ေပးပို႔ထားတာပါ။

ျပန္လာၾကမယ့္သူေတြကို ႐ုပ္ပိုင္းဆိုင္ရာ ကူညီေဆာင္႐ြက္ေပးတာထက္ စိတ္ပိုင္းဆိုင္ရာက ပိုအေရးႀကီးတဲ့အျပင္ အဲဒီေဒသမွာ ဘိုးစဥ္ေဘာင္ဆက္ ေနထိုင္ခဲ့တဲ့သူေတြလို သတ္မွတ္ၿပီး ဆက္ဆံေပးဖို႔က ပိုလိုအပ္တယ္လို႔ ကိုဖီအာနန္ အႀကံေပးေကာ္မရွင္အဖြဲ႕မွာ ပါဝင္ခဲ့သူ ဦးေအးလြင္က ေျပာပါတယ္။

ေနရပ္စြန႔္ခြာသူေတြကို ျပန္လည္လက္ခံေရးစတင္ဖို႔ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာ ၂၃ ရက္ကတည္းက အဆင္သင့္ ျဖစ္ေပမယ့္ အေၾကာင္းေၾကာင္းေၾကာင့္ မလာေရာက္ႏိုင္ခဲ့တာ ျဖစ္တယ္လို႔ ဦးေဇာ္ေ႒းက ေျပာဆိုပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013