DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့သီးနှံဈေးနှုန်းများ
DVB
·
August 14, 2019
ပြောင်းလဲနေသည့် ယနေ့သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲကပိဿာ ၆၀ ဝင် တအိတ်ကို ၇၄၄၀၀ ပေါက်ဈေးရှိပြီး ၄၀၀ ကျပ် ဈေးကျဆင်းခဲ့ပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ တအိတ်ကို  ၆၈၀၀၀ ကနေ ၇၈၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးကျဆင်းခဲ့ပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ကျပ် ၃၆၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ၉၀၂၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ် ဈေးကျဆင်းခဲ့ပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၈၈၈၀၀ ပေါက်ဈေးရှိပြီး ဈေးပြောင်းလဲမှု မရှိပါဘူး။ ရန်ကုန်နဲ့ ပခုက္ကူ ကုန်စည်ဒိုင် တအိတ်ကို ၁၄၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲဇီးကွက်
မန္တလေး ကုန်စည်ဒိုင်မှာ ပဲဇီးကွက်က တအိတ်ကို ၅၅၀၀၀ ကနေ ၅၇၀၀၀ ကျပ်ပေါက်ဈေးရှိပြီး ဈေး အပြောင်းအလဲ မရှိပါဘူး။ ပခုက္ကူ ကုန်စည်ဒိုင်မှာလည်း တအိတ်ကို ၅၄၉၀၀ ကျပ်ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေး နဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၂၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ထောပတ်ပဲ
မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ထောပတ်ပဲက တအိတ်ကို ကျပ် ၉၇၅၀၀ ကျပ်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေးကျဆင်းခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ထောပတ်ပဲက တအိတ်ကို ၉၀၀၀၀ ကျပ်ဈေးပေါက်ပြီး ဈေးအပြောင်းအလဲ မရှိပါ။ မြင်းခြံနဲ့ မုံရွာ ကုန်စည်ဒိုင် ၇၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းညို
မြင်းခြံ ကုန်စည်ဒိုင်မှာတော့ နှမ်းညိုက ၄၅ ပိဿာဝင် တအိတ်ကို ၁၅၄၁၂၅ ကျပ် ပေါက်ဈေးရှိပြီး ၁၁၂၅ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၅၆၀၀၀ ပေါက်ဈေးရှိပြီး မနေ့က ဈေးအတိုင်း ပြောင်းလဲမှု မရှိပါဘူး။ မြင်းခြံနဲ့ ပခုက္ကူ ကုန်စည်ဒိုင် တအိတ်ကို ၁၈၇၅ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စားအုန်းဆီ
မြင်းခြံ ကုန်စည်ဒိုင်မှာတေ့ စားအုန်းဆီက တပိဿာကို ၁၆၈၀ကနေ ၁၆၉၀ ဈေးပေါက်ပြီး ၁၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ စားအုန်းဆီက တပိဿာကို ၁၆၄၀ ကနေ ၁၆၆၀ ပေါက်ဈေးရှိပြီး ၁၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံ နဲ့ မုံရွာ  ကုန်စည်ဒိုင် တပိဿာကို ၃၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။   

သတင်း – AMIA

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version


မတ်ပဲ

ပဲစင်းငုံနီ

ပဲဇီးကွက်

ထောပတ်ပဲ

နှမ်းညို

စားအုန်းဆီ


သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013