DVB Logo
Home
မြန်မာသတင်း
သဘာဝဘေးဒဏ်ခံနေရသည့် မြန်မာလူထုအတွက် ဂျပန်က ဆန်တန်ချိန် ၃၀၀ ပေးပို့  
DVB
·
August 12, 2019
သဘာဝဘေးဒဏ်ခံနေရသည့် မြန်မာလူထုအတွက် ဂျပန်က ဆန်တန်ချိန် ၃၀၀ ပေးပို့  
Donate to DVB

သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားနေရတဲ့ မြန်မာပြည်သူတွေကို ကူညီထောက်ပံ့နိုင်ဖို့ ဂျပန်နိုင်ငံက ဆန်တန်ချိန် ၃၀၀  ပေးပို့လှူဒါန်းလိုက်ပါတယ်။

ဂျပန်က လှူဒါန်းတဲ့ ဆန်တွေ  ဩဂုတ် ၃ ရက်က ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး  ဩဂုတ် ၉ ရက်မှာ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေး ဦးစီးဌာနပိုင် ဆန်သိုလှောင်ရုံသို့ ရောက်ရှိလာတယ်လို့ အစိုးရက ပြန်ကြားရေးက သတင်းအရသိရပါတယ်။ 

မြန်မာနိုင်ငံဟာ အာဆီယံ ၁၀ နိုင်ငံနဲ့  ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံတွေနဲ့ ဖွဲ့စည်းထားတဲ့  အာဆီယံ+၃ အရေးပေါ် အရန် ဆန်ရိက္ခာအဖွဲ့ဝင်နိုင်ငံ ဖြစ်တာနဲ့အညီ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ပါက ထိခိုက်နစ်နာတဲ့ ပြည်သူတွေကို  ထောက်ပံ့နိုင်ဖို့ ဆက်သွယ်လျှောက်ထားခဲ့ရာ အခုနှစ် ဂျပန်နိုင်ငံက ဆန်တန်ချိန် ၃၀၀ နဲ့ ကိုရီးယားသမ္မတနိုင်ငံမှ ဆန်တန်ချိန် ၅၀၀ တို့ကို အရန်ဆန်အဖြစ် ရရှိခဲ့တာလို့ ဆိုပါတယ်။

ကိုရီးယားက ရရှိတဲ့ ဆန်တန်ချိန် ၅၀၀ ကိုတော့ ရန်ကုန် တောင်ပိုင်းခရိုင် သန်လျင်မြို့ရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် ဂိုဒေါင်မှာ သိုလှောင်ထားတယ်လို့သိရပါတယ်။ 

လတ်တလော မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အပါအ၀င် မြန်မာနိုင်ငံတဝန်း ရေဘေးကြောင့် လူပေါင်း ၅၀၀၀၀ ကျော် သဘာဝဘေးနဲ့ရင်ဆိုင်ကြုံတွေ့နေရပါတယ်။  

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgy_version

သဘာဝေဘးဒဏ္ခံေနရသည့္ ျမန္မာလူထုအတြက္ ဂ်ပန္က ဆန္တန္ခ်ိန္ ၃၀၀ ေပးပို႔  

သဘာဝေဘးအႏၲရာယ္ ထိခိုက္ခံစားေနရတဲ့ ျမန္မာျပည္သူေတြကို ကူညီေထာက္ပံ့ႏိုင္ဖို႔ ဂ်ပန္ႏိုင္ငံက ဆန္တန္ခ်ိန္ ၃၀၀  ေပးပို႔လႉဒါန္းလိုက္ပါတယ္။

ဂ်ပန္က လႉဒါန္းတဲ့ ဆန္ေတြ  ဩဂုတ္ ၃ ရက္က ရန္ကုန္ဆိပ္ကမ္းသို႔ ေရာက္ရွိခဲ့ၿပီး  ဩဂုတ္ ၉ ရက္မွာ ေနျပည္ေတာ္ ေဇယ်ာသီရိၿမိဳ႕နယ္ရွိ စိုက္ပ်ိဳးေရး ဦးစီးဌာနပိုင္ ဆန္သိုေလွာင္႐ုံသို႔ ေရာက္ရွိလာတယ္လို႔ အစိုးရက ျပန္ၾကားေရးက သတင္းအရသိရပါတယ္။

ျမန္မာႏိုင္ငံဟာ အာဆီယံ ၁၀ ႏိုင္ငံနဲ႔  ဂ်ပန္၊ ကိုရီးယား၊ တ႐ုတ္ႏိုင္ငံေတြနဲ႔ ဖြဲ႕စည္းထားတဲ့  အာဆီယံ+၃ အေရးေပၚ အရန္ ဆန္ရိကၡာအဖြဲ႕ဝင္ႏိုင္ငံ ျဖစ္တာနဲ႔အညီ သဘာဝေဘးအႏၲရာယ္ ျဖစ္ေပၚပါက ထိခိုက္နစ္နာတဲ့ ျပည္သူေတြကို  ေထာက္ပံ့ႏိုင္ဖို႔ ဆက္သြယ္ေလွ်ာက္ထားခဲ့ရာ အခုႏွစ္ ဂ်ပန္ႏိုင္ငံက ဆန္တန္ခ်ိန္ ၃၀၀ နဲ႔ ကိုရီးယားသမၼတႏိုင္ငံမွ ဆန္တန္ခ်ိန္ ၅၀၀ တို႔ကို အရန္ဆန္အျဖစ္ ရရွိခဲ့တာလို႔ ဆိုပါတယ္။

ကိုရီးယားက ရရွိတဲ့ ဆန္တန္ခ်ိန္ ၅၀၀ ကိုေတာ့ ရန္ကုန္ ေတာင္ပိုင္းခ႐ိုင္ သန္လ်င္ၿမိဳ႕ရွိ စိုက္ပ်ိဳးေရးဦးစီးဌာနပိုင္ ဂိုေဒါင္မွာ သိုေလွာင္ထားတယ္လို႔သိရပါတယ္။

လတ္တေလာ မြန္ျပည္နယ္နဲ႔ ကရင္ျပည္နယ္အပါအ၀င္ ျမန္မာႏိုင္ငံတဝန္း ေရေဘးေၾကာင့္ လူေပါင္း ၅၀၀၀၀ ေက်ာ္ သဘာဝေဘးနဲ႔ရင္ဆိုင္ႀကဳံေတြ႕ေနရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013