DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့နယ် မြေပြိုမှု သေဆုံးသူ ၃၃ ဦး ရှာတွေ့ထား
DVB
·
August 10, 2019
ပေါင်မြို့နယ် မြေပြိုမှု သေဆုံးသူ ၃၃ ဦး ရှာတွေ့ထား
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းရွာမြေပြိုတာမှာ သေဆုံးသူ ၃၃ ယောက်ရဲ့အလောင်းတွေ တွေ့ပြီလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီနေ့လယ် ၁၂ နာရီကနေ ၁ နာရီ ၃၅ မိနစ်အချိန်အထိ သေဆုံးသူ ၄ ယောက်ရဲ့ ရုပ်အလောင်းတွေထပ်တွေ့တာကြောင့် စုစုပေါင်း ၃၃ ယောက်တွေ့ထားတာပါ။ မနေ့ည အထိကတော့ အသက်ရှင်သူ ၂၉ ယောက်တွေ့ထားခဲ့ပါတယ်။

မိုးသည်းသည်းထန်ထန်ရွာပြီး လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတကျောင်းပေါ်မြေပြိုခဲ့ပြီး အဲဒီနေရာမှာ မီးသတ်ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၄၅ ယောက်နဲ့ ရှာဖွေနေပါတယ်။




Zawgyi Version

ေပါင္ၿမိဳ႕နယ္ ေျမၿပိဳမႈ ေသဆုံးသူ ၃၃ ေယာက္ရွာေတြ႕ထား

DVB

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ သဲျဖဴကုန္း႐ြာေျမၿပိဳတာမွာ ေသဆုံးသူ ၃၃ ေယာက္ရဲ႕အေလာင္းေတြ ေတြ႕ၿပီလို႔ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕က ထုတ္ျပန္ပါတယ္။

ဒီေန႔လယ္ ၁၂ နာရီကေန ၁ နာရီ ၃၅ မိနစ္အခ်ိန္အထိ ေသဆုံးသူ ၄ ေယာက္ရဲ႕ ႐ုပ္အေလာင္းေတြထပ္ေတြ႕တာေၾကာင့္ စုစုေပါင္း ၃၃ ေယာက္ေတြ႕ထားတာပါ။ မေန႔ည အထိကေတာ့ အသက္ရွင္သူ ၂၉ ေယာက္ေတြ႕ထားခဲ့ပါတယ္။

မိုးသည္းသည္းထန္ထန္႐ြာၿပီး လူေနအိမ္ေတြနဲ႔ ဘုန္းႀကီးေက်ာင္းတေက်ာင္းေပၚေျမၿပိဳခဲ့ၿပီး အဲဒီေနရာမွာ မီးသတ္ရွာေဖြကယ္ဆယ္ေရးတပ္ဖြဲ႕ဝင္ ၁၄၅ ေယာက္နဲ႔ ရွာေဖြေနပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013