DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးတွင် သိမ်းဆည်မြေဧက ၉၀၀ ကျော် ပြန်ပေး
DVB
·
August 10, 2019
တိုက်ကြီးတွင် သိမ်းဆည်မြေဧက ၉၀၀ ကျော် ပြန်ပေး
1 / 6
Donate to DVB

ရန်ကုန်တိုင်း၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီးမြို့နယ်တွေအတွင်း တပ်နဲ့ဌာနဆိုင်ရာတွေ သိမ်းဆည်းထားတဲ့ မြေဧက ၉၀၀ ကျော်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က တောင်သူတွေထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

တိုက်ကြီးမြို့ ရွှေဂျိုးဖြူခန်မှာ ဩဂုတ် ၁၀ ရက်နေ့ မနက် ၉ နာရီအချိန်က ရန်ကုန်တိုင်း ဝန်ကြီးချပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် တောင်သူတွေကို ပေးအပ်ခဲ့တာပါ။

တိုက်ကြီး၊ မှော်ဘီနဲ့ လှည်းကူးမြို့နယ်အတွင်းက တောင်သူ ၈၂ နှစ်ဦးအတွက် သိမ်းဆည်းမြေဧက ၉၈၂.၅၂ အတွက် ပုံစံ ၃ တွေ ပြန်လည်ပေးအပ်ခဲ့တာပါ။

တိုင်းဒေသကြီးတွေမှာ သိမ်းဆည်းခံလယ်ယာမြေကိစ္စ ရန်ကုန်တိုင်းက တိုင်ကြားစာ  အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

သိမ်းဆည်းမြေတွေ ပြန်လည်စိစစ်ရာမှာ ယခင်အစိုးရလက်ထက်က  အမှုတွဲပေါင်း ၂၅၀၀ လောက် ရှိခဲ့ပြီး တိုင်ကြားစာ ၂၀၀၀ ကျော်ရှိတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ လက်ရှိမှာတော့ အမှုတွဲ ၅၀၀၀ ကျော်ကို စိစစ်ပြီးခဲ့ပြီး တိုင်း/ခရိုင်အဆင့် တိုင်ကြားစာပေါင်း ၁၁၀၀၀ ကျော် ကျန်သေးတယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံးအတိုင်းအတာ သိမ်းဆည်းခံမြေ ဧက ၂၂ သိန်းကျော်ရှိပြီး ခုချိန်မှာ ၇ သိန်းကျော်ကိုသာ စိစစ်နိုင်သေးတယ်လို့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဒုဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း သိမ်ဆည်းမြေတွေကို ဒုတိယအကြိမ် ပြန်လည်းပေးခဲ့တာဖြစ်ပြီး ပထမအကြိမ် တောင်သူ ၄၄ ဦးကို ဧကပေါင်း ၂၅၀ ပေးခဲ့တယ်လို့ ဆိုပါတယ်။

သတင်း-မေသွယ်




Zawgyi Version

တိုက္ႀကီးတြင္ သိမ္းဆည္ေျမဧက ၉၀၀ ေက်ာ္ ျပန္ေပး
DVB
ရန္ကုန္တိုင္း၊ လွည္းကူး၊ ေမွာ္ဘီ၊ တိုက္ႀကီးၿမိဳ႕နယ္ေတြအတြင္း တပ္နဲ႔ဌာနဆိုင္ရာေတြ သိမ္းဆည္းထားတဲ့ ေျမဧက ၉၀၀ ေက်ာ္ကို ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္က ေတာင္သူေတြထံ ျပန္လည္လႊဲေျပာင္းေပးအပ္ခဲ့ပါတယ္။
တိုက္ႀကီးၿမိဳ႕ ေ႐ႊဂ်ိဳးျဖဴခန္မွာ ဩဂုတ္ ၁၀ ရက္ေန႔ မနက္ ၉ နာရီအခ်ိန္က ရန္ကုန္တိုင္း ဝန္ႀကီးခ်ပ္ ဦးၿဖိဳးမင္းသိန္းကိုယ္တိုင္ ေတာင္သူေတြကို ေပးအပ္ခဲ့တာပါ။
တိုက္ႀကီး၊ ေမွာ္ဘီနဲ႔ လွည္းကူးၿမိဳ႕နယ္အတြင္းက ေတာင္သူ ၈၂ ႏွစ္ဦးအတြက္ သိမ္းဆည္းေျမဧက ၉၈၂.၅၂ အတြက္ ပုံစံ ၃ ေတြ ျပန္လည္ေပးအပ္ခဲ့တာပါ။
တိုင္းေဒသႀကီးေတြမွာ သိမ္းဆည္းခံလယ္ယာေျမကိစၥ ရန္ကုန္တိုင္းက တိုင္ၾကားစာ အမ်ားဆုံးျဖစ္တယ္လို႔ သိရပါတယ္။
သိမ္းဆည္းေျမေတြ ျပန္လည္စိစစ္ရာမွာ ယခင္အစိုးရလက္ထက္က အမႈတြဲေပါင္း ၂၅၀၀ ေလာက္ ရွိခဲ့ၿပီး တိုင္ၾကားစာ ၂၀၀၀ ေက်ာ္ရွိတယ္လို႔ ဦးၿဖိဳးမင္းသိန္းက ေျပာပါတယ္။ လက္ရွိမွာေတာ့ အမႈတြဲ ၅၀၀၀ ေက်ာ္ကို စိစစ္ၿပီးခဲ့ၿပီး တိုင္း/ခ႐ိုင္အဆင့္ တိုင္ၾကားစာေပါင္း ၁၁၀၀၀ ေက်ာ္ က်န္ေသးတယ္လို႔ ဆိုပါတယ္။
တႏိုင္ငံလုံးအတိုင္းအတာ သိမ္းဆည္းခံေျမ ဧက ၂၂ သိန္းေက်ာ္ရွိၿပီး ခုခ်ိန္မွာ ၇ သိန္းေက်ာ္ကိုသာ စိစစ္ႏိုင္ေသးတယ္လို႔ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရးဗဟိုေကာ္မတီ ဒုဥကၠ႒ ဦးဟန္ထြန္းက ေျပာပါတယ္။
ရန္ကုန္တိုင္းအတြင္း သိမ္ဆည္းေျမေတြကို ဒုတိယအႀကိမ္ ျပန္လည္းေပးခဲ့တာျဖစ္ၿပီး ပထမအႀကိမ္ ေတာင္သူ ၄၄ ဦးကို ဧကေပါင္း ၂၅၀ ေပးခဲ့တယ္လို႔ ဆိုပါတယ္။
သတင္း-ေမသြယ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013