DVB Logo
Home
မြန်မာသတင်း
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား ကျင်းပ
DVB
·
August 10, 2019
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား ကျင်းပ
Donate to DVB

အပြည်ပြည်ဆိုင်ရာလူ ငယ်များနေ့အခမ်းအနားကို ရန်ကုန်တိုင်းလူငယ်ရေးရာ ကော်မတီကနေ ဦးဆောင်ပြီး သြဂုတ် ၁၀ ရက်က ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာခန်းမမှာ ကျင်းပခဲပါတယ်။

လူငယ်အတွက် သတ်မှတ်ပေးထားတဲ့ လူငယ်များနေ့အခမ်းအနား ကိုလူငယ်တွေကြားမှ ာကျယ်ကျယ်ပြန့်ပြန့် သိရှိလာဖို့နဲ့ ရန်ကုန်တိုင်းက လူငယ်တွေ လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုတွေကို သိရှိစေဖို့အတွက် လူငယ်များနေ့အခမ်းအနားကို ကျင်းပတာဖြစ်ပါတယ်။

ဒီနှစ်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက်ကိုတော့ လူငယ်ထုကြီးပါဝင်ကာ ပညာရေးစနစ်ပြောင်းလဲပါဆိုတဲ့ ဆောင်ပုဒ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားကို သြဂုတ်လ ၁၀ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ပွဲကျင်းပစဉ်ကာလအတွင်း လူငယ်ရေးရာမူဝါဒတွေကို ရှင်းလင်းတာတွေ၊ လူငယ်တွေအတွက် အသိပညာရရှိစေမယ့် စကားဝိုင်းဆွေးနွေးပွဲတွေနဲ့  ပျော်ပွဲရွှင်ပွဲတွေကိုပ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းမှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားကိုတော့ ရန်ကုန်တိုင်းလူငယ်ရေးရာကော်မတီနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့က ပူးပေါင်းပြီး ပထမဆုံးအကြိမ် ကျ င်းပတာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားကို ရန်ကုန်တိုင်းအစိုးရအဖွဲ့လူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေ၊ ရန်ကုန်တိုင်းလူငယ်ရေးရာကော်မတီက တာဝန်ရှိသူတွေနဲ့ လူငယ်တွေ တက်ရောက်ခဲ့ပါတယ်။

သတင်း၊ဓာတ်ပုံ-ဆုဆုသွယ်




Zawgyi Version

အျပည္ျပည္ဆိုင္ရာလူငယ္မ်ားေန႔အခမ္းအနား က်င္းပ

ဆုဆုသြယ္

အျပည္ျပည္ဆိုင္ရာလူ ငယ္မ်ားေန႔အခမ္းအနားကို ရန္ကုန္တိုင္းလူငယ္ေရးရာ ေကာ္မတီကေန ဦးေဆာင္ၿပီး ၾသဂုတ္ ၁၀ ရက္က ရန္ကုန္တကၠသိုလ္ဝိဇၨာခန္းမမွာ က်င္းပခဲပါတယ္။

လူငယ္အတြက္ သတ္မွတ္ေပးထားတဲ့ လူငယ္မ်ားေန႔အခမ္းအနား ကိုလူငယ္ေတြၾကားမွ ာက်ယ္က်ယ္ျပန႔္ျပန႔္ သိရွိလာဖို႔နဲ႔ ရန္ကုန္တိုင္းက လူငယ္ေတြ လုပ္ေဆာင္ေနတဲ့ လႈပ္ရွားမႈေတြကို သိရွိေစဖို႔အတြက္ လူငယ္မ်ားေန႔အခမ္းအနားကို က်င္းပတာျဖစ္ပါတယ္။

ဒီႏွစ္မွာ က်ေရာက္တဲ့ အျပည္ျပည္ဆိုင္ရာလူငယ္မ်ားေန႔အတြက္ကိုေတာ့ လူငယ္ထုႀကီးပါဝင္ကာ ပညာေရးစနစ္ေျပာင္းလဲပါဆိုတဲ့ ေဆာင္ပုဒ္ သတ္မွတ္ထားတာ ျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕မွာ အျပည္ျပည္ဆိုင္ရာလူငယ္မ်ားေန႔အခမ္းအနားကို ၾသဂုတ္လ ၁၀ ရက္ေန႔ကေန ၁၁ ရက္ေန႔အထိ က်င္းပသြားမွာျဖစ္ၿပီး ပြဲက်င္းပစဥ္ကာလအတြင္း လူငယ္ေရးရာမူဝါဒေတြကို ရွင္းလင္းတာေတြ၊ လူငယ္ေတြအတြက္ အသိပညာရရွိေစမယ့္ စကားဝိုင္းေဆြးေႏြးပြဲေတြနဲ႔  ေပ်ာ္ပြဲ႐ႊင္ပြဲေတြကိုပ ျပဳလုပ္ေပးသြားမွာျဖစ္ပါတယ္။

ရန္ကုန္တိုင္းမွာက်င္းပတဲ့ အျပည္ျပည္ဆိုင္ရာလူငယ္မ်ားေန႔အခမ္းအနားကိုေတာ့ ရန္ကုန္တိုင္းလူငယ္ေရးရာေကာ္မတီနဲ႔ ရန္ကုန္တိုင္းအစိုးရအဖြဲ႕တို႔က ပူးေပါင္းၿပီး ပထမဆုံးအႀကိမ္ က် င္းပတာျဖစ္ပါတယ္။

အျပည္ျပည္ဆိုင္ရာလူငယ္မ်ားေန႔အခမ္းအနားကို ရန္ကုန္တိုင္းအစိုးရအဖြဲ႕လူမႈေရးဝန္ႀကီး၊ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ ရန္ကုန္တိုင္းလူငယ္ေရးရာေကာ္မတီက တာဝန္ရွိသူေတြနဲ႔ လူငယ္ေတြ တက္ေရာက္ခဲ့ပါတယ္။

သတင္း၊ဓာတ္ပုံ-ဆုဆုသြယ္

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013