DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့နယ် တောင်ပြိုကျမှု သေဆုံးသူ ၁၈ ဦးရှိပြီ၊ ၄၁ ဦး ဒဏ်ရာရ
DVB
·
August 10, 2019
ပေါင်မြို့နယ် တောင်ပြိုကျမှု သေဆုံးသူ ၁၈ ဦးရှိပြီ၊ ၄၁ ဦး ဒဏ်ရာရ
1 / 6
Donate to DVB

မွန်ပြည်နယ် ပေါင်မြို့နယ်မှာ မိုသည်းထန်စွာရွာသွန်းပြီး တောင်ပြိုကျတာကြောင့် သေဆုံးသူ မနေ့ညနေပိုင်းအထိ စုစုပေါင်း ၁၈ (ကျား ၁၀၊ မ ၈) ဦး ရှိပြီးဖြစ်ပြီး  ဒဏ်ရာရသူ ၄၁ ဦး ရှိတယ်လို့ မွန်ပြည်နယ်အစိုးရက ထုတ်ပြန်ပါတယ်။

ပေါင်မြို့နယ်၊ သဲဖြုကုန်းကျေးရွာအုပ်စု၊ မရမ်းစပ်ပိုင်းမှာ သြဂုတ် ၉ ရက်နေ့၊ မနက်ပိုင်းက မိုးသည်ထန်စွာ ရွာသွန်းပြီး လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်း ၁ ကျောင်းပေါ် မလတ်တောင် မြေသားပြိုကျခဲ့တာကြောင့် သေဆုံးဒဏ်ရာရခဲ့ကြတာပါ။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနဲ့ တာဝန်ရှိသူတွေလည်း‌  တောင်ပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ လူနာတွေကို မနေ့ညနေပိုင်းက သွားရောက် အားပေးစကားပြောကြားခဲ့သလို တောင်မြေတွေကို မြေတူးစက်(Backhoe/ Dozer) တွေနဲ့ ဖယ်ရှားရှင်းလင်းနေမှုအခြေအနေကို  သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။

ကုန်တင်မော်တော်ယာဉ်ကြီတွေမှအပ သာမန်မော်တော်ယာဉ်တွေကတော့ ခရိုင်ချင်းဆက်လမ်း (တောင်ရှေ့လမ်း) မှ ပုံမှန်သွားလာနေသလို မုတ္တမဘက်ခြမ်းက ရပ်နားထားတဲ့ မော်တော်ယာဉ်ကြီးတွေကို ဖြတ်သန်းသွားလာခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

မွန်ပြည်နယ်အတွင်း မိုးသန်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံ ဖြစ်နေလို့ လူဦးရေ ထောင်ချီ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတယ်လို့သိရပါတယ်။




Zawgyi Version

ေပါင္ၿမိဳ႕နယ္ ေတာင္ၿပိဳက်မႈ ေသဆုံးသူ ၁၈ ဦးရွိၿပီ၊ ၄၁ ဦး ဒဏ္ရာရ
DVB
မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္မွာ မိုသည္းထန္စြာ႐ြာသြန္းၿပီး ေတာင္ၿပိဳက်တာေၾကာင့္ ေသဆုံးသူ မေန႔ညေနပိုင္းအထိ စုစုေပါင္း ၁၈ (က်ား ၁၀၊ မ ၈) ဦး ရွိၿပီးျဖစ္ၿပီး ဒဏ္ရာရသူ ၄၁ ဦး ရွိတယ္လို႔ မြန္ျပည္နယ္အစိုးရက ထုတ္ျပန္ပါတယ္။
ေပါင္ၿမိဳ႕နယ္၊ သဲျဖဳကုန္းေက်း႐ြာအုပ္စု၊ မရမ္းစပ္ပိုင္းမွာ ၾသဂုတ္ ၉ ရက္ေန႔၊ မနက္ပိုင္းက မိုးသည္ထန္စြာ ႐ြာသြန္းၿပီး လူေနအိမ္ေတြနဲ႔ ဘုန္းႀကီးေက်ာင္း ၁ ေက်ာင္းေပၚ မလတ္ေတာင္ ေျမသားၿပိဳက်ခဲ့တာေၾကာင့္ ေသဆုံးဒဏ္ရာရခဲ့ၾကတာပါ။
မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံနဲ႔ တာဝန္ရွိသူေတြလည္း‌ ေတာင္ၿပိဳက်မႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့ လူနာေတြကို မေန႔ညေနပိုင္းက သြားေရာက္ အားေပးစကားေျပာၾကားခဲ့သလို ေတာင္ေျမေတြကို ေျမတူးစက္(Backhoe/ Dozer) ေတြနဲ႔ ဖယ္ရွားရွင္းလင္းေနမႈအေျခအေနကို သြားေရာက္ၾကည့္ရႈခဲ့တယ္လို႔ ဆိုပါတယ္။
ကုန္တင္ေမာ္ေတာ္ယာဥ္ႀကီေတြမွအပ သာမန္ေမာ္ေတာ္ယာဥ္ေတြကေတာ့ ခ႐ိုင္ခ်င္းဆက္လမ္း (ေတာင္ေရွ႕လမ္း) မွ ပုံမွန္သြားလာေနသလို မုတၱမဘက္ျခမ္းက ရပ္နားထားတဲ့ ေမာ္ေတာ္ယာဥ္ႀကီးေတြကို ျဖတ္သန္းသြားလာခြင့္ျပဳလိုက္ၿပီလို႔ သိရပါတယ္။
မြန္ျပည္နယ္အတြင္း မိုးသန္းထန္စြာ ႐ြာသြန္းၿပီး ေရႀကီးေရလွ်ံ ျဖစ္ေနလို႔ လူဦးေရ ေထာင္ခ်ီ ကယ္ဆယ္ေရးစခန္းေတြမွာ ခိုလႈံေနၾကတယ္လို႔သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013