DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့နယ်တွင် တောင်ပြိုကျမှုကြောင့် ၁၀ ဦးသေဆုံး၊ ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေ
DVB
·
August 9, 2019
ပေါင်မြို့နယ်တွင် တောင်ပြိုကျမှုကြောင့် ၁၀ ဦးသေဆုံး၊ ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေ
1 / 9
Donate to DVB

မွန်ပြည်နယ် ပေါင်မြို့နယ်မှာ ဒီနေ့မနက်က မိုသည်းထန်စွာရွာသွန်းပြီး မြေပြိကျတာကြောင့်   ၁၀ ဦး သေဆုံး၊ ၂၇ ဦး ထိခိုက်ဒဏ်ရာရပြီး ပျောက်ဆုံးသူတွေကို ဆက်လက်ရွာဖွေနေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ပေါင်မြို့နယ်၊ သဲဖြုကုန်းကျေးရွာအုပ်စု၊ မရမ်းစပ်ပိုင်းမှာ သြဂုတ် ၉ ရက်နေ့၊ မနက်ပိုင်းက မိုးသည်ထန်စွာ ရွာသွန်းပြီး တောင်မြေသားပြိုကျခဲ့တာကြောင့် လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်း ၁ ကျောင်းပြိုကျခဲ့ပြီး သေဆုံးဒဏ်ရာရခဲ့ကြတာပါ။

ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က "လတ်တလောစာရင်းအရ သေဆုံးသူ ၁၀ ဦးပါ။ ကျား ၅ ဦးနဲ့ မ ဦးပါ။ ဒဏ်ရာရတာကော့ ၂၇ ဦးရှိပါပြီ။ တချို့ပျောက်နေတဲ့သူတွေကိုတော့ ရှင်းလင်းရှာဖွေရေးတွေ လုပ်ဆောင်နေပါတယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။

Highway King စားသောက်ဆိုင်ဝန်ထမ်း အာလီ(ခ)စိုးမြင့်က “မနက် ၇ နာရီလောက်က တောင်ပြိုကျလာတဲ့ အသံကြားတော့ ကျနော့်အိမ်ကိုပြေးပြီး မိသားစုကိုပြောခဲ့ပါတယ်။ အိမ်ထဲရောက်တဲ့အချိန် ဘယ်လိုမှပြန်ထွက်လို့မမီတော့ဘူး။ စဖြစ်တဲ့အချိန် အိမ်ထဲမှာ ကျနော်အပါအဝင် မိသားစုအားလုံး ၈ ယောက်ရှိပါတယ်။ အခုဆေးရုံကို ၆ ယောက်ရောက်လာပြီး ၂ ယောက်က ပျောက်နေသေးတယ်။ ၅ တန်းတယောက်နဲ့ ၃ တန်းအရွယ်တယောက်ပါ။ ကျနော်က မျက်နှာနဲ့ရင်ဘတ်ကိုထိထားပါတယ်” လို့ ပြောပါတယ်။

ပေါင်မြို့နယ်၊ ရဲပြားကုန်းကျေးရွာ Highway King စားသောက်ဆိုင်နံဘေးရှိ နေအိမ် ၁၁ လုံးအပေါ် တောင်မြေသားပြိုကျခဲ့တာဖြစ်ပြီး နေအိမ်အတွေအတွင်း လူတွေပိတ်မိနေတာကြောင့် ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကူညီကယ်ဆယ်ကာ နီးစပ်ရာဆေးရုံတွေကို ပို့ဆောင်ပေးနေကြပါတယ်။

ပေါင်မြို့နယ်ပြည်သူ့ဆေးရုံမှ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာခင်မောင်ကြည်က “လောလောဆယ် ဆေးရုံကို လူနာ ၁၁ ယောက်ရောက်လာတယ်။ အဲ့ဒီထဲကတယောက်ကတော့ နည်းနည်း စိုးရိမ်ရတယ်။ ကျန်တဲ့ လူနာတွေကတော့ ကျိုးပဲ့ဒဏ်ရာတွေနဲ့ ပွန်းပဲ့တာလောက်ပဲရှိပါတယ်။ စိုးရိမ်လူနာကိုတော့ မော်လမြိုင်လည်း သွားလို့မရဘူး၊ သထုံဘက်ကိုလည်းသွားလို့မရတော့ ဒီမှာပဲ တက်နိုင်သမျှကြိုးစားပြီးကုသရမှာပါ။ သေဆုံးသူက ၂ ယောက်ထပ်ရောက်လာပါတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

တောင်ပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေမှာ အသက်အငယ်ဆုံး၉နှစ်ကနေ အကြီးဆုံး ၆၀ နှစ်ထိရှိပြီး မိသားစုဝင်တွေမပါရှိတာကြောင့် ဆေးရုံရှိ ဆေးဝါး၊ အဝတ်အစားနဲ့ အစားအသောက်ပိုင်းတွေကိုပါ လတ်တလော ကူညီစောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။

သတင်း-ယူမင်းစိုး




Zawgyi Version

ေပါင္ၿမိဳ႕နယ္တြင္ ေတာင္ၿပိဳက်မႈေၾကာင့္ ၁၀ ဦးေသဆုံး၊ ေပ်ာက္ဆုံးသူမ်ားကို ဆက္လက္ရွာေဖြ

DVB

မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္မွာ ဒီေန႔မနက္က မိုသည္းထန္စြာ႐ြာသြန္းၿပီး ေျမၿပိက်တာေၾကာင့္   ၁၀ ဦး ေသဆုံး၊ ၂၇ ဦး ထိခိုက္ဒဏ္ရာရၿပီး ေပ်ာက္ဆုံးသူေတြကို ဆက္လက္႐ြာေဖြေနတယ္လို႔ ၿမိဳ႕နည္အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

ေပါင္ၿမိဳ႕နယ္၊ သဲျဖဳကုန္းေက်း႐ြာအုပ္စု၊ မရမ္းစပ္ပိုင္းမွာ ၾသဂုတ္ ၉ ရက္ေန႔၊ မနက္ပိုင္းက မိုးသည္ထန္စြာ ႐ြာသြန္းၿပီး ေတာင္ေျမသားၿပိဳက်ခဲ့တာေၾကာင့္ လူေနအိမ္ေတြနဲ႔ ဘုန္းႀကီးေက်ာင္း ၁ ေက်ာင္းၿပိဳက်ခဲ့ၿပီး ေသဆုံးဒဏ္ရာရခဲ့ၾကတာပါ။

ေပါင္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေဇာ္မိုးေအာင္က "လတ္တေလာစာရင္းအရ ေသဆုံးသူ ၁၀ ဦးပါ။ က်ား ၅ ဦးနဲ႔ မ ဦးပါ။ ဒဏ္ရာရတာေကာ့ ၂၇ ဦးရွိပါၿပီ။ တခ်ိဳ႕ေပ်ာက္ေနတဲ့သူေတြကိုေတာ့ ရွင္းလင္းရွာေဖြေရးေတြ လုပ္ေဆာင္ေနပါတယ္" လို႔ ဒီဗြီဘီကိုေျပာပါတယ္။

Highway King စားေသာက္ဆိုင္ဝန္ထမ္း အာလီ(ခ)စိုးျမင့္က “မနက္ ၇ နာရီေလာက္က ေတာင္ၿပိဳက်လာတဲ့ အသံၾကားေတာ့ က်ေနာ့္အိမ္ကိုေျပးၿပီး မိသားစုကိုေျပာခဲ့ပါတယ္။ အိမ္ထဲေရာက္တဲ့အခ်ိန္ ဘယ္လိုမွျပန္ထြက္လို႔မမီေတာ့ဘူး။ စျဖစ္တဲ့အခ်ိန္ အိမ္ထဲမွာ က်ေနာ္အပါအဝင္ မိသားစုအားလုံး ၈ ေယာက္ရွိပါတယ္။ အခုေဆး႐ုံကို ၆ ေယာက္ေရာက္လာၿပီး ၂ ေယာက္က ေပ်ာက္ေနေသးတယ္။ ၅ တန္းတေယာက္နဲ႔ ၃ တန္းအ႐ြယ္တေယာက္ပါ။ က်ေနာ္က မ်က္ႏွာနဲ႔ရင္ဘတ္ကိုထိထားပါတယ္” လို႔ ေျပာပါတယ္။

ေပါင္ၿမိဳ႕နယ္၊ ရဲျပားကုန္းေက်း႐ြာ Highway King စားေသာက္ဆိုင္နံေဘးရွိ ေနအိမ္ ၁၁ လုံးအေပၚ ေတာင္ေျမသားၿပိဳက်ခဲ့တာျဖစ္ၿပီး ေနအိမ္အေတြအတြင္း လူေတြပိတ္မိေနတာေၾကာင့္ ေဒသခံေတြနဲ႔ ကူညီကယ္ဆယ္ေရးအဖြဲ႕ေတြက ကူညီကယ္ဆယ္ကာ နီးစပ္ရာေဆး႐ုံေတြကို ပို႔ေဆာင္ေပးေနၾကပါတယ္။

ေပါင္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံမွ ၿမိဳ႕နယ္ကုသေရးဦးစီးဌာနမႉး ေဒါက္တာခင္ေမာင္ၾကည္က “ေလာေလာဆယ္ ေဆး႐ုံကို လူနာ ၁၁ ေယာက္ေရာက္လာတယ္။ အဲ့ဒီထဲကတေယာက္ကေတာ့ နည္းနည္း စိုးရိမ္ရတယ္။ က်န္တဲ့ လူနာေတြကေတာ့ က်ိဳးပဲ့ဒဏ္ရာေတြနဲ႔ ပြန္းပဲ့တာေလာက္ပဲရွိပါတယ္။ စိုးရိမ္လူနာကိုေတာ့ ေမာ္လၿမိဳင္လည္း သြားလို႔မရဘူး၊ သထုံဘက္ကိုလည္းသြားလို႔မရေတာ့ ဒီမွာပဲ တက္ႏိုင္သမွ်ႀကိဳးစားၿပီးကုသရမွာပါ။ ေသဆုံးသူက ၂ ေယာက္ထပ္ေရာက္လာပါတယ္” လို႔ ဒီဗြီဘီကိုေျပာပါတယ္။

ေတာင္ၿပိဳက်မႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူေတြမွာ အသက္အငယ္ဆုံး၉ႏွစ္ကေန အႀကီးဆုံး ၆၀ ႏွစ္ထိရွိၿပီး မိသားစုဝင္ေတြမပါရွိတာေၾကာင့္ ေဆး႐ုံရွိ ေဆးဝါး၊ အဝတ္အစားနဲ႔ အစားအေသာက္ပိုင္းေတြကိုပါ လတ္တေလာ ကူညီေစာင့္ေရွာက္ေပးထားတယ္လို႔ သိရပါတယ္။

ဒီကေန႔မနက္ပိုင္း ၆ နာရီခြဲအခ်ိန္ကစၿပီး သံလြင္တံတား (ေမာ္လၿမိဳင္) ျဖတ္သန္းမႈကို ယာယီပိတ္ထားတယ္လို႔ သိရပါတယ္။

သတင္း-ယူမင္းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013