DVB Logo
Home
မြန်မာသတင်း
ပခုက္ကူမြို့နယ်တွင် မိုးခေါင်ပြီး ရေရှားနေ၍ ပရဟိတအဖွဲ့များ ရေပေးဝေနေရ
DVB
·
August 9, 2019
ပခုက္ကူမြို့နယ်တွင် မိုးခေါင်ပြီး ရေရှားနေ၍ ပရဟိတအဖွဲ့များ ရေပေးဝေနေရ
Donate to DVB

နိုင်ငံတဝန်း ပြည်နယ်နဲ့ တိုင်းအတော်များများမှာ မိုးရွာသွန်းပြီး ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေပေမယ့် မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ မိုးခေါင်ပြီး ရေရှားပါးတာကြောင့် ပရဟိတ ရေလှူအသင်းတွေ ခုချိန်ထိ ရေပေးဝေနေရပါတယ်။ 

အများပြည်သူ လှူဒါန်းတဲ့ရေကို ရေရှားပါးရာကျေးရွာတွေအထိ ရေလိုက်လံပေးဝေနေတဲ့ ပရဟိတအသင်းတွေအနေနဲ့ နှစ်စဉ် ဇွန်လကုန်မှာ နားရလေ့ရှိပြီး အခုနှစ်မှာတော့ သြဂတ်လ ပထမပတ်ကုန်သွားတဲ့အထိ ရေပေးဝေနေကြရတယ်လို့ ယာဉ်မောင်း၊ Eleven Media group ရေသယ်ယာဉ် ဦးသက်အေးက ပြောပါတယ်။

“ဒီနှစ်ကတော့ မိုးခေါင်တော့ ပိုလာတာပေါ့။ မနှစ်က ၂ လပိုင်းကဆွဲရင် ၆ လပိုင်းဆိုနားရပြီ၊ အဲဒါ ၂၀၁၉ ကတော့ ၂ လပိုင်းက စဆွဲတာ ခု ၇ လပိုင်းကုန်သွားလို့ ၈ လပိုင်း ၈ ရက်ကုန်သွားပြီ ခုမနားရသေးဘူး။”

ပခုက္ကူမှာ မေလကနေ အခု သြဂုတ်လ ပထမပတ်ထိ မိုးနှစ်ကြိမ်သာ ရွာသွန်းပြီး မြေသား ရေကန်တွေမှာ ရေဝင်မှု မရှိသေးတာကြောင့် ခုလိုပေးပို့နေကြရတလို့  မြိုင်မြို့နယ် ကျောက်ဖူးကျေးရွာနေ ဦးလှဝင်းက ပြောပါတယ်။

“သောက်ရေ အခက်အခဲကတော့ ကနေ့ထိအောင် သောက်သုံးရေ လုံးဝမရသေးဘူးခင်ဗျ၊ ကန်ရေကို မှီဝဲရတာပေါ့။ ခုဒီနှစ် မိုးက ကနေ့ထိအောင်ကို မရွာသေးတာခင်ဗျ။”

ပခုက္ကူမှာ ပုညမုဒိတာအသင်းနဲ့ အလဲဗင်း မီဒီယာဂရု ရေသယ်ယာဉ်တွေက ရေလှူဒါန်းဖြန့်ဝေပေးနေပါတယ်။ ဒီအသင်းနှစ်ခုဟာ ပခုက္ကူ၊ ရေစကြို၊ မြိုင် စတဲ့ မြို့နယ်တွေသာမက တောင်သာ၊ ညောင်ဦး စတဲ့ ဒေသတွေထိ ရေပေးပို့လှူဒါန်းပေးရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ပခုကၠဴၿမိဳ႕နယ္တြင္ မိုးေခါင္ၿပီး ေရရွားေန၍ ပရဟိတအဖြဲ႕မ်ား ေရေပးေဝေနရ

ႏိုင္ငံတဝန္း ျပည္နယ္နဲ႔ တိုင္းအေတာ္မ်ားမ်ားမွာ မိုး႐ြာသြန္းၿပီး ေရႀကီးေရလွ်ံတာေတြ ျဖစ္ေပၚေနေပမယ့္ မေကြးတိုင္း ပခုကၠဴၿမိဳ႕နယ္မွာ မိုးေခါင္ၿပီး ေရရွားပါးတာေၾကာင့္ ပရဟိတ ေရလႉအသင္းေတြ ခုခ်ိန္ထိ ေရေပးေဝေနရပါတယ္။

အမ်ားျပည္သူ လႉဒါန္းတဲ့ေရကို ေရရွားပါးရာေက်း႐ြာေတြအထိ ေရလိုက္လံေပးေဝေနတဲ့ ပရဟိတအသင္းေတြအေနနဲ႔ ႏွစ္စဥ္ ဇြန္လကုန္မွာ နားရေလ့ရွိၿပီး အခုႏွစ္မွာေတာ့ ၾသဂတ္လ ပထမပတ္ကုန္သြားတဲ့အထိ ေရေပးေဝေနၾကရတယ္လို႔ ယာဥ္ေမာင္း၊ Eleven Media group ေရသယ္ယာဥ္ ဦးသက္ေအးက ေျပာပါတယ္။

“ဒီႏွစ္ကေတာ့ မိုးေခါင္ေတာ့ ပိုလာတာေပါ့။ မႏွစ္က ၂ လပိုင္းကဆြဲရင္ ၆ လပိုင္းဆိုနားရၿပီ၊ အဲဒါ ၂၀၁၉ ကေတာ့ ၂ လပိုင္းက စဆြဲတာ ခု ၇ လပိုင္းကုန္သြားလို႔ ၈ လပိုင္း ၈ ရက္ကုန္သြားၿပီ ခုမနားရေသးဘူး။”

ပခုကၠဴမွာ ေမလကေန အခု ၾသဂုတ္လ ပထမပတ္ထိ မိုးႏွစ္ႀကိမ္သာ ႐ြာသြန္းၿပီး ေျမသား ေရကန္ေတြမွာ ေရဝင္မႈ မရွိေသးတာေၾကာင့္ ခုလိုေပးပို႔ေနၾကရတလို႔  ၿမိဳင္ၿမိဳ႕နယ္ ေက်ာက္ဖူးေက်း႐ြာေန ဦးလွဝင္းက ေျပာပါတယ္။

“ေသာက္ေရ အခက္အခဲကေတာ့ ကေန႔ထိေအာင္ ေသာက္သုံးေရ လုံးဝမရေသးဘူးခင္ဗ်၊ ကန္ေရကို မွီဝဲရတာေပါ့။ ခုဒီႏွစ္ မိုးက ကေန႔ထိေအာင္ကို မ႐ြာေသးတာခင္ဗ်။”

ပခုကၠဴမွာ ပုညမုဒိတာအသင္းနဲ႔ အလဲဗင္း မီဒီယာဂ႐ု ေရသယ္ယာဥ္ေတြက ေရလႉဒါန္းျဖန႔္ေဝေပးေနပါတယ္။ ဒီအသင္းႏွစ္ခုဟာ ပခုကၠဴ၊ ေရစႀကိဳ၊ ၿမိဳင္ စတဲ့ ၿမိဳ႕နယ္ေတြသာမက ေတာင္သာ၊ ေညာင္ဦး စတဲ့ ေဒသေတြထိ ေရေပးပို႔လႉဒါန္းေပးရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013