ပဲခူးတိုင်း ရေဘေးကယ်ဆယ်ရေးစခန်းများတွင် လူဦးရေ ၁၄၀၀၀ ကျော် ခိုလှုံ
DVB
·
August 8, 2019

ပဲခူးတိုင်းဒေသကြီးအတွင်းမှာ သြဂုတ် ၁ ရက်ကစပြီး မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်ရေကြီးမှုကြောင့် မြို့နယ် လေးမြို့နယ်မှာ အိမ်ထောင်စု ၂၄၉၉ အုပ်စု၊ လူဦးရေ ၁၄၀၀၀ ကျော် ရေဘေးဒဏ်ခံစားနေရတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပြောပါတယ်။
သြဂုတ်လ ၈ ရက်နေ့ နောက်ဆုံးစာရင်းတွေအရ ပဲခူးတိုင်းအရှေ့ခြမ်းက ကျောက်ကြီးမြို့နယ်မှာ အိမ်ထောင်စု ၂၃၆ အုပ်စုက လူဦးရေ ၁၀၅၄ ဦး၊ ညောင်လေးပင်မြို့နယ်မှာ အိမ်ထောင်စု ၈၉၂ အုပ်စုက လူဦးရေ ၄၃၀၆ ဦး၊ ရွှေကျင်မြို့နယ်မှာ အိမ်ထောင်စု ၁၇၃၉ အုပ်စုက လူဦးရေ ၈၅၇၁ နဲ့ ပဲခူးတိုင်းအနောက်ခြမ်းက မိုးညိုမြို့နယ်မှာ အိမ်ထောင်စု ၇၇ အုပ်စုက လူဦးရေ ၃၂၇ ဦးတို့ ရေဘေးဒဏ်ခံစားနေရတာ ဖြစ်ပြီး ကယ်ဆယ်ရေးစခန်း ၂၉ ခုမှာ ယာယီခိုလှုံနေကြရတယ်လို့ ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချမ်းငြိမ်းသူက ပြောပါတယ်။
ရွှေကျင်မြို့နယ်မှာ ကယ်ဆယ်ရေးစခန်း ၂၀ ကျော်ဖွင့်လှစ်ထားရှိရပြီး မဒေါက်မြို့မှာ ကယ်ဆယ်ရေးစခန်း ၃ ခု နဲ့ ကျောက်ကြီးမြို့နယ်မှာ ကယ်ဆယ်ရေးစခန်း ၆ ခု ဖွင့်လှစ်ထားကာ မိုးညိုမြို့နယ်မှာတော့ တာဘောင်တွေပေါ်မှာ ယာယီပြောင်းရွှေ့နေထိုင်နေကြတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချမ်းငြိမ်းသူက “ညီမတို့ဌာနအနေနဲ့က ယာယီစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်နေကြတဲ့ ရေဘေးသင့် ပြည်သူတွေကို စာရင်းရှိ လူဦးရေအတိုင်း ဆန်ရိက္ခာ ခုနစ်ရက်အတွက် တဦးလျှင် ၂၁၀၀ ကျပ်နှုန်းနဲ့ သိန်းပေါင်း ၂၉၉၄၁၈၀၀ (နှစ်ရာကိုးဆယ့်ကိုးသိန်းကျော်ဖိုး) ထောက်ပံ့ကူညီနေပါတယ်” လို့ ပြောပါတယ်။
ရေဘေးသင့်ပြည်သူတွေအတွက် သောက်သုံးရေ ရှားပါးမှု အခက်အခဲကြုံတွေ့နေရကာ ကျန်းမာရေစောင့်ရှောက်မှုတွေအတွက် ကျန်းမာရေးဌာနနဲ့ တပ်မတော် ဆေးကုသရေးအဖွဲ့က ကုသမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
သတင်း၊ဓာတ်ပုံ-နေလင်းထိုက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ပဲခူးတိုင္း ေရေဘးကယ္ဆယ္ေရးစခန္းမ်ားတြင္ လူဦးေရ ၁၄၀၀၀ ေက်ာ္ ခိုလႈံ
DVB
ပဲခူးတိုင္းေဒသႀကီးအတြင္းမွာ ၾသဂုတ္ ၁ ရက္ကစၿပီး မိုးအဆက္မျပတ္ ႐ြာသြန္းၿပီး ျမစ္ေရႀကီးမႈေၾကာင့္ ၿမိဳ႕နယ္ ေလးၿမိဳ႕နယ္မွာ အိမ္ေထာင္စု ၂၄၉၉ အုပ္စု၊ လူဦးေရ ၁၄၀၀၀ ေက်ာ္ ေရေဘးဒဏ္ခံစားေနရတယ္လို႔ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာနက ေျပာပါတယ္။
ၾသဂုတ္လ ၈ ရက္ေန႔ ေနာက္ဆုံးစာရင္းေတြအရ ပဲခူးတိုင္းအေရွ႕ျခမ္းက ေက်ာက္ႀကီးၿမိဳ႕နယ္မွာ အိမ္ေထာင္စု ၂၃၆ အုပ္စုက လူဦးေရ ၁၀၅၄ ဦး၊ ေညာင္ေလးပင္ၿမိဳ႕နယ္မွာ အိမ္ေထာင္စု ၈၉၂ အုပ္စုက လူဦးေရ ၄၃၀၆ ဦး၊ ေ႐ႊက်င္ၿမိဳ႕နယ္မွာ အိမ္ေထာင္စု ၁၇၃၉ အုပ္စုက လူဦးေရ ၈၅၇၁ နဲ႔ ပဲခူးတိုင္းအေနာက္ျခမ္းက မိုးညိဳၿမိဳ႕နယ္မွာ အိမ္ေထာင္စု ၇၇ အုပ္စုက လူဦးေရ ၃၂၇ ဦးတို႔ ေရေဘးဒဏ္ခံစားေနရတာ ျဖစ္ၿပီး ကယ္ဆယ္ေရးစခန္း ၂၉ ခုမွာ ယာယီခိုလႈံေနၾကရတယ္လို႔ ပဲခူးတိုင္းေဒသႀကီး ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာန ဦးစီးအရာရွိ ေဒၚခ်မ္းၿငိမ္းသူက ေျပာပါတယ္။
ေ႐ႊက်င္ၿမိဳ႕နယ္မွာ ကယ္ဆယ္ေရးစခန္း ၂၀ ေက်ာ္ဖြင့္လွစ္ထားရွိရၿပီး မေဒါက္ၿမိဳ႕မွာ ကယ္ဆယ္ေရးစခန္း ၃ ခု နဲ႔ ေက်ာက္ႀကီးၿမိဳ႕နယ္မွာ ကယ္ဆယ္ေရးစခန္း ၆ ခု ဖြင့္လွစ္ထားကာ မိုးညိဳၿမိဳ႕နယ္မွာေတာ့ တာေဘာင္ေတြေပၚမွာ ယာယီေျပာင္းေ႐ႊ႕ေနထိုင္ေနၾကတယ္လို႔ ဆိုပါတယ္။
ပဲခူးတိုင္း၊ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာန ဦးစီးအရာရွိ ေဒၚခ်မ္းၿငိမ္းသူက “ညီမတို႔ဌာနအေနနဲ႔က ယာယီစခန္းေတြမွာ ေျပာင္းေ႐ႊ႕ေနထိုင္ေနၾကတဲ့ ေရေဘးသင့္ ျပည္သူေတြကို စာရင္းရွိ လူဦးေရအတိုင္း ဆန္ရိကၡာ ခုနစ္ရက္အတြက္ တဦးလွ်င္ ၂၁၀၀ က်ပ္ႏႈန္းနဲ႔ သိန္းေပါင္း ၂၉၉၄၁၈၀၀ (ႏွစ္ရာကိုးဆယ့္ကိုးသိန္းေက်ာ္ဖိုး) ေထာက္ပံ့ကူညီေနပါတယ္” လို႔ ေျပာပါတယ္။
ေရေဘးသင့္ျပည္သူေတြအတြက္ ေသာက္သုံးေရ ရွားပါးမႈ အခက္အခဲႀကဳံေတြ႕ေနရကာ က်န္းမာေရေစာင့္ေရွာက္မႈေတြအတြက္ က်န္းမာေရးဌာနနဲ႔ တပ္မေတာ္ ေဆးကုသေရးအဖြဲ႕က ကုသမႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။
သတင္း၊ဓာတ္ပုံ-ေနလင္းထိုက္