DVB Logo
Home
မြန်မာသတင်း
နိုင်ငံအတွင်းသုံးနေသည့် တယ်လီဖုန်း ဆင်းကတ်အားလုံး Biometic စနစ်ဖြင့် ပြန်မှတ်ပုံတင်ရမည်
DVB
·
August 6, 2019
နိုင်ငံအတွင်းသုံးနေသည့် တယ်လီဖုန်း ဆင်းကတ်အားလုံး Biometic စနစ်ဖြင့် ပြန်မှတ်ပုံတင်ရမည်
Donate to DVB

နိုင်ငံတော်လုံခြုံရေးအတွက် နိုင်ငံအတွင်း အသုံးပြုနေတဲ့ တယ်လီဖုန်းဆင်းကတ်အားလုံး Biometic စနစ်နဲ့ ပြန်လည် မှတ်ပုံတင်ရမယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ပြောဆိုလိုက်ပါတယ်။

သြဂုတ် ၆ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကျောက်တန်း မဲဆန္ဒနယ်ကိုယ်စားလှယ် မေးမြန်းတဲ့ ဆင်းကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ မေးခွန်းအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားစဉ်မှာ ပြောဆိုလိုက်တာဖြစ်ပြီး နိုင်ငံတော်၏ လုံခြုံရေးအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

“command data base စနစ်နဲ့ ဆင်းကတ်အသစ် ဝယ်ယူသူများကို မှတ်ပုံတင်ခြင်း စတင်ဆောင်ရွက်သွားမှာ ဖြစ်သလို အခုလက်ရှိ သုံးစွဲနေတဲ့ မှတ်ပုံတင်ထားပြီးဆိုတဲ့ ဆင်းကတ်တွေကိုလည်း အချိန်ကာလတခု သတ်မှတ်ပြီးတော့ Biometic စနစ်နဲ့ ပြန်လည်မှတ်ပုံတင်ခြင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဒုဝန်ကြီးက ပြောပါတယ်။

မှတ်ပုံတင်မိတ္တူတွေနဲ့ ဆင်းကတ်တွေကို မှတ်ပုံတင်နေတာ၊ မှတ်ပုံတင်နံပါတ် ရှေ့နောက်ပြောင်းလဲပြီး ဆင်းကတ်တွေ မှတ်ပုံတင်နေတာ၊ ဆင်းကတ်တွေကို အခမယ့် ပေးဝေနေတာတွေနဲ့ ဈေးနှုန်းအဆမတန်လျှော့ပြီး ရောင်းချနေတာတွေ ရှိနေတဲ့အတွက် တည်ဆဲဥပဒေများကို ချိုးဖောက်နေတဲ့အပြင် မှတ်ပုံတင်ထားခြင်း မရှိတဲ့ ဆင်းကတ်တွေကို အသုံးပြုပြီး ခြိမ်းခြောက်မှုတွေ၊ လိမ်လည်မှုတွေနဲ့ လူမှုရေးပြဿနာတွေ ဖြစ်ပေါ်နေတယ်လို့ မေးခွန်းရှင်က ပြောဆိုခဲ့ပြီး ဒီအတွက် စနစ်ကျတဲ့ မှတ်ပုံတင်မှု ပြုလုပ်ဖို့ ဆောင်ရွက်ထားမှု အခြေအနေကို သိရှိလိုတဲ့ မေးခွန်း မေးမြန်းရတာလို့ ဆိုပါတယ်။

“မှတ်ပုံမတင်ဘဲနဲ့ လက်ကိုင်ဖုန်းတွေကို အလွယ်တကူ ဝယ်ယူအသုံးပြုခွင့် ရခဲ့ပါတယ်။ ဆင်းကတ်တွေ လွယ်လွယ်ကူကူ ပေါပေါများများ အသုံးပြုလို့ ရလာတဲ့အခါ၊ အင်တာနက်တွေကို လွယ်လွယ်ကူကူ အသုံးပြုခွင့်ရလာတဲ့အခါမှာ ကျမတို့ဟာ စီးပွားရေး၊ လူမှုရေး၊ ပညာရေးမှာ ကောင်းစွာ အကျိုးဖြစ်ထွန်းခဲ့ပါတယ်။ ဒါပမယ့်လည်း ဘေးထွက်ဆိုးကျိုးအနေနဲ့ ပုဂ္ဂိုလ်ရေး အနှောင့်အယှက်ဖြစ်ခြင်းမှစပြီးတော့ ကြီးမားတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နိုင်ဖို့အတွက် အလွယ်တကူ ဖြစ်လာတဲ့အခါမှာ ဒီဆင်းကတ်တွေကို မှတ်ပုံတင်ထားမှုမရှိရင် ထိန်းချုပ်ဖို့ ခက်ခဲမှာဖြစ်ပါတယ်” လို့ မေးခွန်းရှင် ဒေါ်အေးမြမြမျိုးက ဆိုပါတယ်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုဝန်ကြီးကတော့ မိုးဘိုင်းအော်ပရေတာအားလုံးရဲ့ သုံးစွဲသူများနဲ့ သက်ဆိုင်တဲ့ အချက်အလက်များကို တစုတစည်းတည်း သိမ်းဆည်းထားနိုင်တဲ့ command data base တခုတည်ဆောက်ရမှာ ဖြစ်ပြီး စနစ်အကောင်အထည်ဖော်နိုင်ဖို့အတွက် လာမယ့် ၂၀၂၀ ခုနှစ်အတွင်း အပြီးဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ မှတ်ပုံတင်ခြင်းမရှိတဲ့ ဆင်းကတ်ပေါင်း ၆ သန်းကျော်ကို အပြီးပိတ်ထားတယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။

လက်ရှိ ဈေးကွက်အတွင်းမှာတော့ အသုံးပြုနေတဲ့ ဖုန်းဆင်းကတ်ပေါင်း သန်း ၆၀ လောက် ရှိတယ်လို့ သိရပါတယ်။




Zawgyi Version

ႏိုင္ငံအတြင္းသုံးေနသည့္ တယ္လီဖုန္း ဆင္းကတ္အားလုံး Biometic စနစ္ျဖင့္ ျပန္မွတ္ပုံတင္ရမည္
ေအာင္ဆန္းဦး

ႏိုင္ငံေတာ္လုံၿခဳံေရးအတြက္ ႏိုင္ငံအတြင္း အသုံးျပဳေနတဲ့ တယ္လီဖုန္းဆင္းကတ္အားလုံး Biometic စနစ္နဲ႔ ျပန္လည္ မွတ္ပုံတင္ရမယ္လို႔ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးသာဦးက ေျပာဆိုလိုက္ပါတယ္။

ၾသဂုတ္ ၆ ရက္ေန႔က က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးမွာ ေက်ာက္တန္း မဲဆႏၵနယ္ကိုယ္စားလွယ္ ေမးျမန္းတဲ့ ဆင္းကတ္မွတ္ပုံတင္ျခင္းဆိုင္ရာ ေမးခြန္းအေပၚ ျပန္လည္ရွင္းလင္း ေျဖၾကားစဥ္မွာ ေျပာဆိုလိုက္တာျဖစ္ၿပီး ႏိုင္ငံေတာ္၏ လုံၿခဳံေရးအတြက္ ျဖစ္တယ္လို႔ ဆိုပါတယ္။

“command data base စနစ္နဲ႔ ဆင္းကတ္အသစ္ ဝယ္ယူသူမ်ားကို မွတ္ပုံတင္ျခင္း စတင္ေဆာင္ရြက္သြားမွာ ျဖစ္သလို အခုလက္ရွိ သုံးစြဲေနတဲ့ မွတ္ပုံတင္ထားၿပီးဆိုတဲ့ ဆင္းကတ္ေတြကိုလည္း အခ်ိန္ကာလတခု သတ္မွတ္ၿပီးေတာ့ Biometic စနစ္နဲ႔ ျပန္လည္မွတ္ပုံတင္ျခင္း ဆက္လက္ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္” လို႔ ဒုဝန္ႀကီးက ေျပာပါတယ္။

မွတ္ပုံတင္မိတၱဴေတြနဲ႔ ဆင္းကတ္ေတြကို မွတ္ပုံတင္ေနတာ၊ မွတ္ပုံတင္နံပါတ္ ေရွ႕ေနာက္ေျပာင္းလဲၿပီး ဆင္းကတ္ေတြ မွတ္ပုံတင္ေနတာ၊ ဆင္းကတ္ေတြကို အခမယ့္ ေပးေဝေနတာေတြနဲ႔ ေဈးႏႈန္းအဆမတန္ေလွ်ာ့ၿပီး ေရာင္းခ်ေနတာေတြ ရွိေနတဲ့အတြက္ တည္ဆဲဥပေဒမ်ားကို ခ်ိဳးေဖာက္ေနတဲ့အျပင္ မွတ္ပုံတင္ထားျခင္း မရွိတဲ့ ဆင္းကတ္ေတြကို အသုံးျပဳၿပီး ၿခိမ္းေျခာက္မႈေတြ၊ လိမ္လည္မႈေတြနဲ႔ လူမႈေရးျပႆနာေတြ ျဖစ္ေပၚေနတယ္လို႔ ေမးခြန္းရွင္က ေျပာဆိုခဲ့ၿပီး ဒီအတြက္ စနစ္က်တဲ့ မွတ္ပုံတင္မႈ ျပဳလုပ္ဖို႔ ေဆာင္ရြက္ထားမႈ အေျခအေနကို သိရွိလိုတဲ့ ေမးခြန္း ေမးျမန္းရတာလို႔ ဆိုပါတယ္။

“မွတ္ပုံမတင္ဘဲနဲ႔ လက္ကိုင္ဖုန္းေတြကို အလြယ္တကူ ဝယ္ယူအသုံးျပဳခြင့္ ရခဲ့ပါတယ္။ ဆင္းကတ္ေတြ လြယ္လြယ္ကူကူ ေပါေပါမ်ားမ်ား အသုံးျပဳလို႔ ရလာတဲ့အခါ၊ အင္တာနက္ေတြကို လြယ္လြယ္ကူကူ အသုံးျပဳခြင့္ရလာတဲ့အခါမွာ က်မတို႔ဟာ စီးပြားေရး၊ လူမႈေရး၊ ပညာေရးမွာ ေကာင္းစြာ အက်ိဳးျဖစ္ထြန္းခဲ့ပါတယ္။ ဒါပမယ့္လည္း ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ ပုဂၢိဳလ္ေရး အေႏွာင့္အယွက္ျဖစ္ျခင္းမွစၿပီးေတာ့ ႀကီးမားတဲ့ ရာဇဝတ္မႈေတြ က်ဴးလြန္ႏိုင္ဖို႔အတြက္ အလြယ္တကူ ျဖစ္လာတဲ့အခါမွာ ဒီဆင္းကတ္ေတြကို မွတ္ပုံတင္ထားမႈမရွိရင္ ထိန္းခ်ဳပ္ဖို႔ ခက္ခဲမွာျဖစ္ပါတယ္” လို႔ ေမးခြန္းရွင္ ေဒၚေအးျမျမမ်ိဳးက ဆိုပါတယ္။

ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဒုဝန္ႀကီးကေတာ့ မိုးဘိုင္းေအာ္ပေရတာအားလုံးရဲ႕ သုံးစြဲသူမ်ားနဲ႔ သက္ဆိုင္တဲ့ အခ်က္အလက္မ်ားကို တစုတစည္းတည္း သိမ္းဆည္းထားႏိုင္တဲ့ command data base တခုတည္ေဆာက္ရမွာ ျဖစ္ၿပီး စနစ္အေကာင္အထည္ေဖာ္ႏိုင္ဖို႔အတြက္ လာမယ့္ ၂၀၂၀ ခုႏွစ္အတြင္း အၿပီးေဆာင္႐ြက္သြားမယ္လို႔ ဆိုပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ မွတ္ပုံတင္ျခင္းမရွိတဲ့ ဆင္းကတ္ေပါင္း ၆ သန္းေက်ာ္ကို အၿပီးပိတ္ထားတယ္လို႔ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနရဲ႕ စာရင္းမ်ားအရ သိရပါတယ္။

လက္ရွိ ေဈးကြက္အတြင္းမွာေတာ့ အသုံးျပဳေနတဲ့ ဖုန္းဆင္းကတ္ေပါင္း သန္း ၆၀ ေလာက္ ရွိတယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013