DVB Logo
Home
မြန်မာသတင်း
ဆက်သွယ်ရေးခက်ခဲသည့် ဒေသများ လေကြောင်း အကြိမ် ၄၀၀ ကျော် တိုက်ခိုက်ခံရ 
DVB
·
April 20, 2026
ဆက်သွယ်ရေးခက်ခဲသည့် ဒေသများ လေကြောင်း အကြိမ် ၄၀၀ ကျော် တိုက်ခိုက်ခံရ 
Donate to DVB

ပြီးခဲ့တဲ့ ၃ လအတွင်း စစ်တပ်ဟာ လေကြောင်းကနေ အကြိမ် ၄၀၀ ကျော် တိုက်ခိုက်ခဲ့တဲ့နေရာ အားလုံးနီးပါးဟာ အင်တာနက်နဲ့ ဖုန်းလိုင်း ဖြတ်တောက်ခံထားရတာကြောင့် ဆက်သွယ်ရေး ခက်ခဲတဲ့ဒေသတွေမှာ နေထိုင်သူတွေဟာ အသက်ရှင်ရပ်တည်ရေးအတွက် အကာအကွယ် ပိုပြီးမဲ့နေတယ်လို့ မြန်မာအင်တာနက်ပရောဂျက် (MIP) က ဧပြီ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေကို နေ့တိုင်း စုစည်းလေ့လာပြီး အင်တာနက်ပြတ်တောက်တာနဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပဋိပက္ခဒေသတွေမှာ နေထိုင်ကြသူတွေအပေါ် သက်ရောက်မှုကို ဆန်းစစ်ထားတာပါ။

မှတ်တမ်းတွေအရ ၂၀၂၆၊ ဇန်နဝါရီကနေ မတ်လအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၄၂၃ ကြိမ်လုပ်ခဲ့ပြီး ၄၀၆ ကြိမ်ကတော့ အင်တာနက်ပြတ်တောက်နေတဲ့ ဒေသတွေမှာ လုပ်ခဲ့တာကို တွေ့ရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၇၂၈ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ဒီထဲက ၉၄ ရာခိုင်နှုန်းလောက်ဟာ အင်တာနက်ပြတ်တောက်နေတဲ့ဒေသတွေက ဖြစ်လို့ ဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတွေမှာ နေထိုင်သူတွေဟာ အသက်ရှင်ရပ်တည်ရေးအတွက် အကာအကွယ် ပိုပြီး မဲ့နေတာဟာ ထင်ရှားတယ်လို့ သုံးသပ်ထားပါတယ်။

ကျန်တဲ့ သေဆုံးသူတွေဟာလည်း အတည်မပြုနိုင်တဲ့ ဒေသအတွင်းသေဆုံးခဲ့တာလို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ၃ လအတွင်း ရန်ကုန်နဲ့ ဧရာဝတီတိုင်းကလွဲလို့ ကျန် ပြည်နယ်နဲ့ တိုင်း ၁၂ ခုမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး စစ်ကိုင်းတိုင်းက မြို့နယ် ၂၇ ခုမှာ ၁၉၆ ကြိမ်၊ မကွေးတိုင်းက မြို့နယ် ၁၂ ခုမှာ ၅၈ ကြိမ်၊ ရခိုင်ပြည်နယ်က မြို့နယ် ၁၁ ခုမှာ ၄၄ ကြိမ်၊ တနင်္သာရီတိုင်းက မြို့နယ် ၆ ခုမှာ ၂၇ ကြိမ်၊ ချင်းပြည်နယ်က မြို့နယ် ၈ ခုမှာ ၂၅ ကြိမ်၊ ကချင်ပြည်နယ်က မြို့နယ် ၈ ခုမှာ ၁၉ ကြိမ်၊ မန္တလေးတိုင်းက မြို့နယ် ၉ ခုမှာ ၁၈ ကြိမ်နဲ့ အများဆုံးတိုက်ခိုက်ခဲ့တာပါ။

လေကြောင်းတိုက်ခိုက်တာတွေကြောင့် ဘာသာရေးအဆောက်အအုံ ၂၂ ခု၊ ဆေးရုံဆေးခန်း ၁၃ ခု၊ စာသင်ကျောင်း ၁၇ ခုအပါအဝင် အများနဲ့ဆိုင်တဲ့နေရာတွေ၊ နေအိမ်တွေ အမြောက်အမြား ပျက်စီးခဲ့ရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013