DVB Logo
Home
မြန်မာသတင်း
ငပုတောတွင် နေအိမ် ၁၆၀ ကျော် ရေနစ်မြုပ်၊ တံတားတစင်း ကျိုးကျပျက်စီး
DVB
·
August 6, 2019
ငပုတောတွင် နေအိမ် ၁၆၀ ကျော် ရေနစ်မြုပ်၊ တံတားတစင်း ကျိုးကျပျက်စီး
1 / 3
Donate to DVB

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စုနဲ့ ပိုးလောင်းကျေးရွာ အုပ်စုတွေမှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် နေအိမ် ၁၆၀ ကျော် ရေနစ်မြုပ်နေပြီး တံတားတစင်းကျိုးကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တင်းချောင်းကျေးရွာအုပ်စုအတွင်းမှာ သြဂုတ် ၅ ရက်နေ့ ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေကြောင့် နေအိမ်တွေ ရေနစ်မြုပ်ခဲ့ပြီး ပိုးလောင်းကျေးရွာနဲ့ သာယာကုန်းကျေးရွာကို ဆက်သွယ်ထားတဲ့ ရွာချင်းဆက် သစ်သားတံတားလည်း ကျိုးကျပျက်စီးခဲ့တယ်လို့ တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်း ကပြောပါတယ်။

"မနေ့ညနေပိုင်းက စပြီးရေနစ်မြုပ်တာ စုစုပေါင်းဆို အိမ်ခြေ ၁၆၅ လုံးပါ။ မိုးက အဆက်မပြတ်ရွာနေတော့ ပိုဆိုးတယ်၊ တာဝန်ရှိတဲ့သူတွေကို သတင်းပို့ထားပါပြီ။''

ရေနစ်မြုပ်တာကြောင့် လူနဲ့တိရစ္ဆာန် သေဆုံးမှုမရှိပေမယ့် စပါး ၂၁၇ တင်း ရေစိုပျက်စီးခဲ့ပြီး စောင့်ကြေည့်ဖို့အတွက် ရေကင်းများချထားကာ အိမ်ထောင်စုတွေကိုတော့ ကျေးရွာဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေကို ပို့ဆောင်ပြီး ယာယီနေထိုင်နိုင်ရေး စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းနေပြီး မိုးကြီး လေပြင်းတိုက်ခြင်းကြောင့် ရေကြီး မြေပြိုမှု အန္တရာယ် သတိပြုကြဖို့ မိုးဇလက ဒီနေ့မနက် ထုတ်ပြန်ထားပါတယ်။

ကုန်းမြင့်ဒေသအနီးနဲ့ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြို၊ ရေကြီး၊ ရေလျှံတာတွေ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြဖို့ တိုက်တွန်းထားပါထယ်။

သတင်း - မြမင်းဦး(ပုသိမ်)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငပုေတာတြင္ ေနအိမ္ ၁၆၀ ေက်ာ္ ေရနစ္ျမဳပ္၊ တံတားတစင္း က်ိဳးက်ပ်က္စီး

DVB

ဧရာဝတီတိုင္း၊ ငပုေတာၿမိဳ႕နယ္၊ တင္းေခ်ာင္းေက်း႐ြာအုပ္စုနဲ႔ ပိုးေလာင္းေက်း႐ြာ အုပ္စုေတြမွာ မိုးသည္းထန္စြာ ႐ြာသြန္းတာေၾကာင့္ ေနအိမ္ ၁၆၀ ေက်ာ္ ေရနစ္ျမဳပ္ေနၿပီး တံတားတစင္းက်ိဳးက်ပ်က္စီးခဲ့တယ္လို႔ သိရပါတယ္။

တင္းေခ်ာင္းေက်း႐ြာအုပ္စုအတြင္းမွာ ၾသဂုတ္ ၅ ရက္ေန႔ ညေနပိုင္းက မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေတာင္က်ေရေၾကာင့္ ေနအိမ္ေတြ ေရနစ္ျမဳပ္ခဲ့ၿပီး ပိုးေလာင္းေက်း႐ြာနဲ႔ သာယာကုန္းေက်း႐ြာကို ဆက္သြယ္ထားတဲ့ ႐ြာခ်င္းဆက္ သစ္သားတံတားလည္း က်ိဳးက်ပ်က္စီးခဲ့တယ္လို႔ တင္းေခ်ာင္းေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ျမင့္ထြန္း ကေျပာပါတယ္။

"မေန႔ညေနပိုင္းက စၿပီးေရနစ္ျမဳပ္တာ စုစုေပါင္းဆို အိမ္ေျခ ၁၆၅ လုံးပါ။ မိုးက အဆက္မျပတ္႐ြာေနေတာ့ ပိုဆိုးတယ္၊ တာဝန္ရွိတဲ့သူေတြကို သတင္းပို႔ထားပါၿပီ။''

ေရနစ္ျမဳပ္တာေၾကာင့္ လူနဲ႔တိရစာၦန္ ေသဆုံးမႈမရွိေပမယ့္ စပါး ၂၁၇ တင္း ေရစိုပ်က္စီးခဲ့ၿပီး ေစာင့္ေၾကည့္ဖို႔အတြက္ ေရကင္းမ်ားခ်ထားကာ အိမ္ေထာင္စုေတြကိုေတာ့ ေက်း႐ြာဘုန္းႀကီးေက်ာင္းေတြနဲ႔ စာသင္ေက်ာင္းေတြကို ပို႔ေဆာင္ၿပီး ယာယီေနထိုင္ႏိုင္ေရး စီစဥ္ေပးထားတယ္လို႔ ဆိုပါတယ္။

ဘဂၤလားပင္လယ္ေအာ္ ေျမာက္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္းဟာ ေနာက္ ၄၈ နာရီအတြင္း ပိုမိုအားေကာင္းေနၿပီး မိုးႀကီး ေလျပင္းတိုက္ျခင္းေၾကာင့္ ေရႀကီး ေျမၿပိဳမႈ အႏၲရာယ္ သတိျပဳၾကဖို႔ မိုးဇလက ဒီေန႔မနက္ ထုတ္ျပန္ထားပါတယ္။

ကုန္းျမင့္ေဒသအနီးနဲ႔ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ားအနီး ေနထိုင္ၾကသူေတြအေနနဲ႔ ေျမၿပိဳ၊ ေရႀကီး၊ ေရလွ်ံတာေတြ ျဖစ္ေပၚႏိုင္ေသာေၾကာင့္ ႀကိဳတင္သတိျပဳေနထိုင္ၾကဖို႔ တိုက္တြန္းထားပါထယ္။

သတင္း - ျမမင္းဦး(ပုသိမ္)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013