DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားများ စီးလာသည့်ကား သစ်ပင်တိုက်မိ၊ ၂ ဦး သေဆုံး ၈ ဦး ဒဏ်ရာရ
DVB
·
August 6, 2019
မြန်မာအလုပ်သမားများ စီးလာသည့်ကား သစ်ပင်တိုက်မိ၊ ၂ ဦး သေဆုံး ၈ ဦး ဒဏ်ရာရ
Donate to DVB

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ လမ်းပန်းခရိုင် ကော်ခါးမြို့နယ်ထဲမှာ ဒီနေ့မနက်စောစောက မြန်မာအလုပ်သမားတွေ စီးနင်းလိုက်ပါလာတဲ့ မှန်လုံကားတစီး သစ်ပင်နဲ့တိုက်မိပြီး ၂ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ springnews ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ကော်ခါးမြို့နယ် ဝမ်းဖရော့တ်အုပ်စု အမြန်လမ်းမကြီးပေါ်မှာ သြဂုတ် ၆ ရက် မနက် ၃ နာရီ ၄၀ မိနစ်လောက်မှာ ကားက သစ်ပင်ကို ဝင်တိုက်မိပြီး ဒဏ်ရာရသူတွေရှိကြောင်း သတင်းပေးပို့ချက် ရရှိတဲ့အတွက် လူနာတင်ယာဉ်နဲ့အတူ အခင်းဖြစ်တဲ့နေရာကို အမြန်သွားခဲ့တယ်လို့ ကော်ခါးမြို့နယ်ရဲစခန်း တာဝန်ကျ ရဲဝန်ထမ်းတဦးက ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ နှစ်ဖက်သွားလမ်းအလယ်ကြောရှိ သစ်ပင်တပင်ကို အဖြူရောင် မှန်လုံကားတစီးက အရှိန်ပြင်းစွာ ဝင်တိုက်ထားပြီး ကားရဲ့ ဘယ်ဘက်ခြမ်းတခုလုံး ပျက်စီးသွားကြောင်း၊ ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် ကနဦးမှာ အမျိုးသား ၂ ဦး သေဆုံးပြီး ဒရိုင်ဘာအပါအဝင် ခရီးသည် စုစုပေါင်း ၈ ဦး ဒဏ်ရာရလို့ ကော်ခါးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ ရဲဝန်ထမ်းက ပြောပါတယ်။

စစ်ဆေးမေးမြန်းချက်အရ သေဆုံးသူနဲ့ ဒဏ်ရာရသူ ၇ ဦးတို့ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး မဲဆောက်မြို့နယ်ဘက်ကနေ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ တဖက်ကမ်း တာချီလိတ်မြို့ကို သွားဖို့ ဖြစ်ကြောင်း၊ ယာဉ်မောင်းသူဟာ ဒဏ်ရာရနေလို့ စစ်ဆေးမေးမြန်းမှု မလုပ်နိုင်ပေမယ့် ကားမောင်းရင်း အိပ်ငိုက်တာက တကြောင်း၊ မိုးရွာပြီး လမ်းတွေလည်း ချော်နေတာကြောင့် လမ်းဘေးက သစ်ပင်ကို အရှိန်နဲ့ဝင်တိုက်တာ ဖြစ်နိုင်တယ်လို့ ကော်ခါးရဲစခန်းက ပြောပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ျမန္မာအလုပ္သမားမ်ား စီးလာသည့္ကား သစ္ပင္တိုက္မိ၊ ၂ ဦးေသဆုံး ၈ ဦး ဒဏ္ရာရ

ဒီဗြီဘီ

ထိုင္းႏိုင္ငံ ေျမာက္ပိုင္း၊ လမ္းပန္းခ႐ိုင္ ေကာ္ခါးၿမိဳ႕နယ္ထဲမွာ ဒီေန႔မနက္ေစာေစာက ျမန္မာအလုပ္သမားေတြ စီးနင္းလိုက္ပါလာတဲ့ မွန္လုံကားတစီး သစ္ပင္နဲ႔တိုက္မိၿပီး ၂ ဦး ေသဆုံးကာ ၈ ဦး ဒဏ္ရာရခဲ့တယ္လို႔ springnews ထိုင္းသတင္းမွာ ေဖာ္ျပပါတယ္။

ေကာ္ခါးၿမိဳ႕နယ္ ဝမ္းဖေရာ့တ္အုပ္စု အျမန္လမ္းမႀကီးေပၚမွာ ၾသဂုတ္ ၆ ရက္ မနက္ ၃ နာရီ ၄၀ မိနစ္ေလာက္မွာ ကားက သစ္ပင္ကိုဝင္တိုက္မိၿပီး ဒဏ္ရာရသူေတြရွိေၾကာင္း သတင္းေပးပို႔ခ်က္ ရရွိတဲ့အတြက္ လူနာတင္ယာဥ္နဲ႔အတူ အခင္းျဖစ္တဲ့ေနရာကို အျမန္သြားခဲ့တယ္လို႔ ေကာ္ခါးၿမိဳ႕နယ္ရဲစခန္း တာဝန္က် ရဲဝန္ထမ္းတဦးက ေျပာပါတယ္။

အခင္းျဖစ္တဲ့ေနရာမွာ ႏွစ္ဖက္သြားလမ္းအလယ္ေၾကာရွိ သစ္ပင္တပင္ကို အျဖဴေရာင္ မွန္လုံကားတစီးက အရွိန္ျပင္းစြာ ဝင္တိုက္ထားၿပီး ကားရဲ႕ ဘယ္ဘက္ျခမ္းတခုလုံး ပ်က္စီးသြားေၾကာင္း၊ ယာဥ္မေတာ္တဆ ထိခိုက္မႈေၾကာင့္ ကနဦးမွာ အမ်ိဳးသား ၂ ဦး ေသဆုံးၿပီး ဒ႐ိုင္ဘာအပါအဝင္ ခရီးသည္ စုစုေပါင္း ၈ ဦး ဒဏ္ရာရလို႔ ေကာ္ခါးျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ေပးထားတယ္လို႔ ရဲဝန္ထမ္းက ေျပာပါတယ္။

စစ္ေဆးေမးျမန္းခ်က္အရ ေသဆုံးသူနဲ႔ ဒဏ္ရာရသူ ၇ ဦးတို႔ဟာ ျမန္မာႏိုင္ငံသားေတြ ျဖစ္ၿပီး မဲေဆာက္ၿမိဳ႕နယ္ဘက္ကေန ခ်င္း႐ိုင္းခ႐ိုင္ မယ္ဆိုင္ၿမိဳ႕ တဖက္ကမ္း တာခ်ီလိတ္ၿမိဳ႕ကို သြားဖို႔ ျဖစ္ေၾကာင္း၊ ယာဥ္ေမာင္းသူဟာ ဒဏ္ရာရေနလို႔ စစ္ေဆးေမးျမန္းမႈ မလုပ္ႏိုင္ေပမယ့္ ကားေမာင္းရင္း အိပ္ငိုက္တာက တေၾကာင္း၊ မိုး႐ြာၿပီး လမ္းေတြလည္း ေခ်ာ္ေနတာေၾကာင့္ လမ္းေဘးက သစ္ပင္ကို အရွိန္နဲ႔ဝင္တိုက္တာ ျဖစ္ႏိုင္တယ္လို႔ ေကာ္ခါးရဲစခန္းက ေျပာပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013