DVB Logo
Home
နိုင်ငံတကာ
ကားအစီး ၅၃၀ နှင့် ဆိုင်ကယ်အစီး ၂၀၀ စုဆောင်းထားသည့် ပြင်သစ်နိုင်ငံသား
DVB
·
April 28, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ပြင်သစ်နိုင်ငံက အသက် ၅၈ နှစ်အရွယ် စတီဖန် ဆာကေးရားဟာ ကားအစီးရေ ၅၃၀ နဲ့ ဆိုင်ကယ်အစီး ၂၀၀ ပါဝင်တဲ့ အံ့မခန်း စုဆောင်းမှုကြီးကို ပိုင်ဆိုင်ထားပါတယ်။

သူ့အသက် ၁၆ နှစ်အရွယ်မှာ သူငယ်ချင်းဖြစ်သူက ပထမဆုံးကားအဖြစ် Peugeot 203 ကို လက်ဆောင်ပေးခဲ့တာပါ။

လိုင်ယွန်မြို့အနီးက ဂရစ်ဂနီဆာရုန်းမြို့မှာရှိတဲ့ ဆာကွေရာရဲ့ ကားဂိုဒေါင်မှာ ထူးခြားပြီး သမိုင်းဝင်တဲ့ကားတွေ အများကြီး ရှိနေပါတယ်။

ရှားပါး Ferrari ကားတွေကစလို့ ဆွဲဆောင်မှုရှိတဲ့ Citroen ကားတွေအထိ စုံလင်စွာ တွေ့နိုင်ပါတယ်။

“တရက်ကို ကားတစီး မဝယ်ရရင် ညဘက် မျက်လုံးမှိတ်လို့ မရဘူး”လို့ သူက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

“အိပ်ပျော်သွားရင်တောင် မနေ့ကဝယ်ခဲ့တဲ့ ကားတွေ၊ မနက်ဖြန်ဝယ်မဲ့ ကားတွေ အကြောင်းပဲ တွေးနေမိတယ်” လို့ သူက ဆိုပါတယ်။

ကနေဒီမိသားစု ပိုင်ဆိုင်ခဲ့ဖူးတဲ့ ၁၉၃၈ မော်ဒယ် Cadillac ကားနဲ့ ရုပ်ရှင်ထဲက Ford Mustang ကားတွေဟာ သူ့ရဲ့ အဖိုးတန်ကားတွေပဲ ဖြစ်ပါတယ်။

အသက် ၁၄ နှစ်မှာ ကားဝပ်ရှော့ အလုပ်သင်အဖြစ် စတင်ခဲ့တဲ့ သူဟာ အခုဆိုရင် ရှေးဟောင်းကား ပြင်ဆင်တဲ့ လုပ်ငန်းတွေကို ကိုယ်တိုင် ဖွင့်လှစ်ထားပါတယ်။

“လူတိုင်း လာကြည့်ပြီး ကျနော့်လိုပဲ နေ့တိုင်း အံ့သြမှင်တက်သွားအောင် ဒီမှာ လေယာဉ်တစင်းပါ ထားချင်သေးတယ်” လို့ ဆာကေးရား  ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013