DVB Logo
Home
နိုင်ငံတကာ
အီရန် ဓာတ်အားပေးစက်ရုံနှင့် တံတားများကို တိုက်ခိုက်မည်ဟု ထရမ့်ပ် ခြိမ်းခြောက်
DVB
·
July 15, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဇူလိုင် ၁၄ ရက်က အီရန်ဆိပ်ကမ်းတွေအားလုံးကို ရေတပ်နဲ့ ပြန်လည်ပိတ်ဆို့လိုက်ပြီး တီဟီရန်က ဆွေးနွေးပွဲတွေ ပြန်မစရင် နောက်အပတ်မှာ ဓာတ်အားပေးစက်ရုံတွေနဲ့ တံတားတွေကို တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက် ပြောကြားခဲ့ပါတယ်။

သမ္မတ ထရမ့်ပ်က Fox News ရဲ့ Trey Yingst နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာဖြစ်ပြီး ဒါဟာ အမေရိကန်ဘက်က ပဋိပက္ခကို နောက်ဆုံးအဆင့်အထိ မြှင့်တင်လိုက်တာလည်း ဖြစ်ပါတယ်။

သူက တော်ပြီလို့ မပြောမချင်း ဒီတိုက်ခိုက်မှုတွေ ဆက်ဖြစ်နေမှာဖြစ်ပြီး လက်ရှိမှာ အီရန်ရဲ့ စစ်အင်အားဟာ အတော်လေးကို ကျဆင်းနေပြီလို့ ထရမ့်ပ်က ဆိုပါတယ်။

ဒါပေမဲ့ အီရန်မှာ ပြန်ခုခံချင်တဲ့အင်အား အနည်းငယ် ကျန်သေးတာမို့လို့ ဒီည၊ မနက်ဖြန်ညနဲ့ သန်ဘက်ခါညတွေမှာ သူတို့ကို အပြင်းအထန် ဆက်တိုက်ချသွားမယ်လို့ ပြောပါတယ်။

“စွမ်းအင်ဆိုင်ရာ ပစ်မှတ်တွေကိုတော့ အဆုံးသတ်ကျမှ လုပ်ဖို့ ချန်ထားမှာပါ။ ဒါပေမဲ့ နောက်ဆုံးမှာလည်း စွမ်းအင်ပစ်မှတ်တွေကို တိုက်ခိုက်ရမှာပဲ” လို့ ထရမ့်ပ်က ပြောပါတယ်။

ဒါ့အပြင် အီရန်ကို အပြတ်အသတ် ဆုတ်ခွာသွားအောင် ချေမှုန်းနိုင်ခဲ့ရင် ခါ့ဂ်ကျွန်းကို သိမ်းပိုက်ဖို့အထိပါ လုပ်သွားမယ်လို့ ဆိုပါတယ်။

“သူတို့သာ စားပွဲဝိုင်းမှာထိုင်ပြီး မဆွေးနွေးဘူးဆိုရင် လာမဲ့အပတ်မှာ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ အားလုံးနဲ့ တံတားတွေကို ဖြိုချပစ်မှာမို့လို့ သူတို့အတွက် တကယ့်ကို ဆိုးရွားသွားလိမ့်မယ်” လို့ ထရမ့်ပ်က သတိပေးပါတယ်။

အီရန်အနေနဲ့ သဘောတူညီချက်တခုရဖို့ အလေးအနက်ထားပါ့မလား ဆိုတဲ့ မေးခွန်းအပေါ် ထရမ့်ပ်က “သူတို့မှာ ရွေးချယ်စရာမရှိဘူး” လို့ တုံ့ပြန်ခဲ့ပါတယ်။

၁၉၄၉ ဂျီနီဗာကွန်ဗန်းရှင်း စစ်ပွဲဆိုင်ရာ လူသားချင်းစာနာမှု ကျင့်ဝတ်တွေအရ အရပ်သားတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ နေရာတွေကို တိုက်ခိုက်တာ ပိတ်ပင်ထားတာမို့လို့ အမေရိကန်အနေနဲ့ အရပ်သားပြည်သူတွေကို မထိခိုက်အောင် အတော်လေး သတိထား လုပ်ဆောင်နေတယ်လို့ ထရမ့်ပ်က ဆိုပါတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့ တနာရီလောက်ကတင် အမေရိကန် ညှိနှိုင်းရေးမှူးတွေဟာ အီရန်ဘက်က တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပြီး “သဘောတူညီချက်တခု ရအောင် လုပ်သင့်တယ်” လို့ ပြတ်ပြတ်သားသား သတိပေးထားကြောင်း ထရမ့်ပ်က ထပ်လောင်း ပြောဆိုပါတယ်။ အီရန်ဘက်က သဘောတူညီချက် လုပ်၊ မလုပ် ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013